Friday, July 4, 2014

မူလတန်းကျောင်းသားကို အရွယ်နှင့် မလိုက်အောင် အပြစ်ပေးခဲ့သည့် ရန်ကင်း TTC မှ ဆရာမဖြစ်စဉ် အမှန်ရေးတင်ရန် ဦးစီးဌာန ညွှန်ကြား

Photo: မူလတန်းကျောင်းသားကို အရွယ်နှင့် မလိုက်အောင် အပြစ်ပေးခဲ့သည့် ရန်ကင်း TTC မှ ဆရာမဖြစ်စဉ် အမှန်ရေးတင်ရန် ဦးစီးဌာန ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၃

ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း TTC) တွင် ပညာသင်ကြားနေသော အသက်ငါးနှစ်အရွယ် မူလတန်း ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင်ဆရာမကို ဖြစ်စဉ်အမှန်ရေးကာ တင်ပြရန် ညွှန်ကြားထားကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ဖြစ်စဉ်အမှန် ဖြစ်ဖို့  စုံစမ်းမေးမြန်းမယ်။ ဘယ်လိုအပြစ်ပေးမလဲ ဆိုတာကတော့ ဆရာမ လုပ်ဆောင်ခဲ့တဲ့အပေါ် မူတည်တယ်” ဟု ၎င်းကဆိုသည်။

ရန်ကင်း TTC တွင် ပညာသင်ကြားနေသည့် မူလတန်းကျောင်းသား၏ အတန်းပိုင်ဆရာမကို ဒဏ်ပေးခံရသော ကျောင်းသား၏ မိသားစုဝင်များက ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးထံ တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“သမားရိုးကျ စေတနာနဲ့ ပြောဆို ဆုံးမမိတာ။ နာကျင်အောင် လုပ်တာ မဟုတ်ပါဘူး။ ကလေး ၆၀ က တစ်ယောက် တစ်မျိုးဆိုတော့ ဆရာမတိုင်းလိုလို ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက်ရတဲ့ သဘောပါ။ ဆရာမနဲ့ မိဘတွေလည်း နားလည်မှု ရသွားပါပြီ။ မိဘတွေလည်း ဆရာမ ဆုံးမတာကို သဘောပေါက်သွားပါတယ်။ မိဘတွေကလည်း ဆရာမ နစ်နာမှာကိုတောင် စိုးရိမ်နေကြတယ်။ ဆရာမကို ထိခိုက်မှာ မလိုချင်ကြဘူးလို့လည်း ပြောပါတယ်။ ကလေးကလည်း ဆရာမကို ချစ်ပါတယ်” ဟု အတန်းပိုင်ဆရာမက ပြောကြားသည်။

ကျောင်းသား၏ မိဘများကို ကျောင်းအုပ်ဆရာမကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံကာ တောင်းပန်ခဲ့ကြောင်း၊ ဒဏ်ပေးခံရသော ကျောင်းသားမှာ အဆိုပါကျောင်း၌ ပညာသင်ကြားနေဆဲ ဖြစ်သောကြောင့် မိဘများက တိုင်ကြားမည် မဟုတ်သော်လည်း ဒဏ်ပေးခံရသော ကလေး၏ မိသားစုဝင် ဆွေမျိုးသားချင်းများက တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“ကျွန်တော်တို့က ဆက်တိုင်မယ် ဆိုတာက ဒီပြဿနာကို စံတစ်ခုထားပြီး မြန်မာနိုင်ငံမှာ ကလေးတွေကို ဒီလိုအပြစ်ပေးရင် နောင်ပြဿနာ ဖြစ်တဲ့အခါ ထိုက်တန်တဲ့ အပြစ်ပေးနိုင်တဲ့ ဥပဒေတစ်ခုပါ ဖြစ်စေချင်တယ်” ဟု ဦးလေးဖြစ်သူက ပြောဆိုသည်။   

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းသား၏ မိဘများအနေနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင် ဆရာမက ငိုကာ တာဝန်ရှိသူများထံ မတိုင်ကြားရန် တောင်းပန်မှုကြောင့် တိုင်ကြားသည့် အဆင့်ထိ လုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းပြဿနာ စဖြစ်စဉ်က နှစ်ဖက်မိဘများနှင့် ဆွေမျိုးများ သိရှိပြီး ဖြစ်သည့်အတွက် နောက်ဆက်တွဲ ဖြစ်လာမည့်  တိုင်တန်းမှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။              
                                 
ဇွန်လ ၂၄ ရက်နေ့တွင် အပြစ်ပေးခံရသော ကျောင်းသားနှင့် အတန်းဖော် ကျောင်းသား ရန်ဖြစ်ရာက ခဲတံဖြင့် ထိုးမိခဲ့သည့်အတွက် အခန်းရှေ့တွင် တစ်နေကုန် ထိုင်ခိုင်းပြီး စာသင်ကြားခွင့် မပေးခဲ့သည့်အပြင် တစ်ကျောင်းတည်း ပညာသင်နေသော အစ်မနှစ်ဦးက လာရောက် ချော့မော့သည်ကို အစ်မများရှေ့တွင် ရိုက်ပြမည်ဟု ဆိုကာ ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းကို မိဘခေါ်လာရန်၊ ရဲစခန်း ပို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

“ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမက လူကိုယ်တိုင် တွေ့ပြီး ပြေလည်အောင် ဖြေရှင်းပေးတယ်။ သားရော သမီးတွေရော ကျောင်းတက်နေတဲ့ အတွက်ရယ် ဆရာမတွေ ငိုနေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ ဆရာမတွေ အပြစ်ပေး မခံစေချင်ဘူး။ ဆရာမ ဆိုတာလဲ မိဘနဲ့ တစ်ဂိုဏ်းတည်းပါပဲ။ ရဲစခန်းပို့မယ် ဆိုတဲ့ စကားကြောင့် စိတ်ထိခိုက်သွားတာ။ ရိုက်တာကိုတော့ နားလည်ပေးလို့ ရတယ်” ဟု ကလေး၏ ဖခင်က ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မိခင်မှာ ကျောင်းလိုက်သွားရာ ယင်းကျောင်းသားကို အတန်းရှေ့၌  လွယ်အိတ်လွယ်ပြီး မတ်တက်ရပ်ကာ အပြစ်ပေးထားပြီး မိခင်က အခန်းသို့ ရောက်ရှိချိန်တွင် ၎င်း၏ မိခင်ရှေ့ ရိုက်ပြမည်ဟု ဆိုကာ အတန်းပိုင် ဆရာမက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်း ပို့မည်ဟု ထပ်မံ ပြောဆိုသဖြင့် မိခင်က မပြောရန် တောင်းပန်ရာ ကျောင်းသားအယောက် ၆၀ ကို အုပ်ထိန်းရသောကြောင့် မထိန်းသိမ်းနိုင်ပါက ကျောင်းဘေးရှိ ရန်ကင်းမြို့မ ရဲစခန်း ပို့မည်ဟု ပြောဆိုခဲ့ခြင်းတို့ကြောင့် မိသားစုဝင်များက မကျေနပ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“လိမ္မာစေချင်ရင် ဆုံးမလို့ ရတယ်။ ဒါပေမဲ့ တစ်ရက်ထဲ မဟုတ်ဘဲ ရက်ဆက် အပြစ်ပေးတာကတော့ တမင်ညှဉ်းပန်းတာပဲ။ ဒါမဖြစ်သင့်ဘူး” ဟု ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ရန်ကင်းပညာရေးကောလိပ် လေ့ကျင့်ရေး အလယ် တန်းကျောင်း (ရန်ကင်း TTC) တွင် ပညာ သင်ကြားနေသော အသက်ငါးနှစ်အရွယ် မူလတန်း ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင်ဆရာမကို ဖြစ်စဉ်အမှန်ရေးကာ တင်ပြရန် ညွှန်ကြားထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ဖြစ်စဉ်အမှန် ဖြစ်ဖို့ စုံစမ်းမေးမြန်းမယ်။ ဘယ်လိုအပြစ်ပေးမလဲ ဆိုတာကတော့ ဆရာမ လုပ်ဆောင်ခဲ့တဲ့အပေါ် မူတည်တယ်” ဟု ၎င်းကဆိုသည်။

ရန်ကင်း TTC တွင် ပညာသင်ကြားနေသည့် မူလတန်းကျောင်းသား၏ အတန်းပိုင်ဆရာမကို ဒဏ်ပေးခံရသော ကျောင်းသား၏ မိသားစုဝင်များက ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးထံ တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“သမားရိုးကျ စေတနာနဲ့ ပြောဆို ဆုံးမမိတာ။ နာကျင်အောင် လုပ်တာ မဟုတ်ပါဘူး။ ကလေး ၆၀ က တစ်ယောက် တစ်မျိုးဆိုတော့ ဆရာမတိုင်းလိုလို ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက်ရတဲ့ သဘောပါ။ ဆရာမနဲ့ မိဘတွေလည်း နားလည်မှု ရသွားပါပြီ။ မိဘတွေလည်း ဆရာမ ဆုံးမတာကို သဘောပေါက်သွားပါတယ်။ မိဘတွေကလည်း ဆရာမ နစ်နာမှာကိုတောင် စိုးရိမ်နေကြတယ်။ ဆရာမကို ထိခိုက်မှာ မလိုချင်ကြဘူးလို့လည်း ပြောပါတယ်။ ကလေးကလည်း ဆရာမကို ချစ်ပါတယ်” ဟု အတန်းပိုင်ဆရာမက ပြောကြားသည်။

ကျောင်းသား၏ မိဘများကို ကျောင်းအုပ်ဆရာမကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံကာ တောင်းပန်ခဲ့ကြောင်း၊ ဒဏ်ပေးခံရသော ကျောင်းသားမှာ အဆိုပါကျောင်း၌ ပညာသင်ကြားနေဆဲ ဖြစ်သောကြောင့် မိဘများက တိုင်ကြားမည် မဟုတ်သော်လည်း ဒဏ်ပေးခံရသော ကလေး၏ မိသားစုဝင် ဆွေမျိုးသားချင်းများက တိုင်ကြားမည် ဖြစ်ကြောင်း ယင်းမိသားစုဝင်များထံမှ သိရှိရသည်။

“ကျွန်တော်တို့က ဆက်တိုင်မယ် ဆိုတာက ဒီပြဿနာကို စံတစ်ခုထားပြီး မြန်မာနိုင်ငံမှာ ကလေးတွေကို ဒီလိုအပြစ်ပေးရင် နောင်ပြဿနာ ဖြစ်တဲ့အခါ ထိုက်တန်တဲ့ အပြစ်ပေးနိုင်တဲ့ ဥပဒေတစ်ခုပါ ဖြစ်စေချင်တယ်” ဟု ဦးလေးဖြစ်သူက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းသား၏ မိဘများအနေနှင့် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကို အပြစ်ပေးခဲ့သည့် အတန်းပိုင် ဆရာမက ငိုကာ တာဝန်ရှိသူများထံ မတိုင်ကြားရန် တောင်းပန်မှုကြောင့် တိုင်ကြားသည့် အဆင့်ထိ လုပ်ဆောင်မည် မဟုတ်သော်လည်း ယင်းပြဿနာ စဖြစ်စဉ်က နှစ်ဖက်မိဘများနှင့် ဆွေမျိုးများ သိရှိပြီး ဖြစ်သည့်အတွက် နောက်ဆက်တွဲ ဖြစ်လာမည့် တိုင်တန်းမှုများ ရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

ဇွန်လ ၂၄ ရက်နေ့တွင် အပြစ်ပေးခံရသော ကျောင်းသားနှင့် အတန်းဖော် ကျောင်းသား ရန်ဖြစ်ရာက ခဲတံဖြင့် ထိုးမိခဲ့သည့်အတွက် အခန်းရှေ့တွင် တစ်နေကုန် ထိုင်ခိုင်းပြီး စာသင်ကြားခွင့် မပေးခဲ့သည့်အပြင် တစ်ကျောင်းတည်း ပညာသင်နေသော အစ်မနှစ်ဦးက လာရောက် ချော့မော့သည်ကို အစ်မများရှေ့တွင် ရိုက်ပြမည်ဟု ဆိုကာ ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းကို မိဘခေါ်လာရန်၊ ရဲစခန်း ပို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

“ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ အတန်းပိုင်ဆရာမက လူကိုယ်တိုင် တွေ့ပြီး ပြေလည်အောင် ဖြေရှင်းပေးတယ်။ သားရော သမီးတွေရော ကျောင်းတက်နေတဲ့ အတွက်ရယ် ဆရာမတွေ ငိုနေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ ဆရာမတွေ အပြစ်ပေး မခံစေချင်ဘူး။ ဆရာမ ဆိုတာလဲ မိဘနဲ့ တစ်ဂိုဏ်းတည်းပါပဲ။ ရဲစခန်းပို့မယ် ဆိုတဲ့ စကားကြောင့် စိတ်ထိခိုက်သွားတာ။ ရိုက်တာကိုတော့ နားလည်ပေးလို့ ရတယ်” ဟု ကလေး၏ ဖခင်က ပြောကြားသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မိခင်မှာ ကျောင်းလိုက်သွားရာ ယင်းကျောင်းသားကို အတန်းရှေ့၌ လွယ်အိတ်လွယ်ပြီး မတ်တက်ရပ်ကာ အပြစ်ပေးထားပြီး မိခင်က အခန်းသို့ ရောက်ရှိချိန်တွင် ၎င်း၏ မိခင်ရှေ့ ရိုက်ပြမည်ဟု ဆိုကာ အတန်းပိုင် ဆရာမက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်း ပို့မည်ဟု ထပ်မံ ပြောဆိုသဖြင့် မိခင်က မပြောရန် တောင်းပန်ရာ ကျောင်းသားအယောက် ၆၀ ကို အုပ်ထိန်းရသောကြောင့် မထိန်းသိမ်းနိုင်ပါက ကျောင်းဘေးရှိ ရန်ကင်းမြို့မ ရဲစခန်း ပို့မည်ဟု ပြောဆိုခဲ့ခြင်းတို့ကြောင့် မိသားစုဝင်များက မကျေနပ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“လိမ္မာစေချင်ရင် ဆုံးမလို့ ရတယ်။ ဒါပေမဲ့ တစ်ရက်ထဲ မဟုတ်ဘဲ ရက်ဆက် အပြစ်ပေးတာကတော့ တမင်ညှဉ်းပန်းတာပဲ။ ဒါမဖြစ်သင့်ဘူး” ဟု ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment