Saturday, August 16, 2014

သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ

Photo: သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ
Saturday, August 16, 2014

ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

လေယာဉ်များတွင် ပါရှိသည့် Black Boxများသည် လေယာဉ်မှူး အခန်းထဲတွင် ပြောဆိုနေသည့် စကားများနှင့် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ ဘရာဇီး သမ္မတလောင်း အီဒွာဒို ကမ်ပို့စ်သည် စင်းလုံးငှားလေယာဉ် ပျက်ကျမှုတွင် အခြားလူ(၆)ဦးနှင့်အတူ သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်ပျက်၏ Black Boxများကို စစ်ဆေးကြည့်သည့်အခါ ပျံသန်းမှု ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်တမ်း တင်မထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘရာဇီး လေတပ်က Black Box အတွင်းရှိ လေယာဉ်မှူး ပြောစကားများကို စိစစ်ကြည့်သည့်အခါ အဆိုပါ လေယာဉ်ခရီးစဉ်နှင့် လုံးဝ မပတ်သက်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ပေါ်လိုရှိ ဆန်းတို့စ် မြို့အနီးတွင် ရာသီဥတု ဆိုးရွားနေစဉ် အတောအတွင်း လေယာဉ်ပျက်ကျပြီး ကမ်းပို့စ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြို့တော် ဘရာစီလီယာရှိ လေကြောင်း မတော်တဆမှုများ စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးရေး ဌာနမှ ကျွမ်းကျင်သူများသည် Black Boxအတွင်းရှိ အသံဖိုင်များကို ပြန်လည်စုစည်း တည်ဆောက်ပြီး စစ်ဆေးခဲ့ရာ အံ့ဩဖွယ်ရာ အခြေအနေအဖြစ် ယခုခရီးစဉ်နှင့် လုံးဝ ဆက်စပ်မှု ရှိမနေသည်ကို တွေ့ရှိခဲ့ရသည်။

“စုစုပေါင်း (၂)နာရီစာ အသံတွေကို ပြန်ပြီး စစ်ဆေး နားထောင်ကြည့်တဲ့အခါ ဩဂုတ်(၁၃)ရက်က ပျက်ကျတဲ့ လေယာဉ် ခရီးစဉ်နဲ့ မသက်ဆိုင်တာကို တွေ့ရှိခဲ့ရပါတယ်”ဟု လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပက်ဒရိုလူးဝစ် ဖာဆစ်က ပြောကြားခဲ့သည်။ “Black Box လေယာဉ်မှူး ပြောဆိုထားတဲ့ စကားတွေဟာ ဘယ်နေ့တုန်းကလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ တပ်ဆင်ထားတဲ့ ကိရိယာက အသံဖိုင်တွေရဲ့ နေ့ရက်ကို ဖော်ထုတ်ပြနိုင်ခြင်း မရှိလို့ပါ”ဟုလည်း ဖာဆစ်က ဆိုသည်။

ကမ်းပို့စ်သည် ဘရာဇီး ဆိုရှယ်လစ် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူဖြစ်ပြီး တတိယ ရေပန်းအစားဆုံး သမ္မတလောင်းအဖြစ် ရပ်တည်နေသည်။ ၎င်းသေဆုံးသည့်နောက် မည်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘရာဇီး၏ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလောင်း မတော်တဆ ကွယ်လွန်ပါက သက်ဆိုင်ရာ ပါတီသည် (၁၀)ရက်အတွင်း လူသစ် အစားထိုး ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတင်းရရှိသည်။

BBC
ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။
လေယာဉ်များတွင် ပါရှိသည့် Black Boxများသည် လေယာဉ်မှူး အခန်းထဲတွင် ပြောဆိုနေသည့် စကားများနှင့် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ ဘရာဇီး သမ္မတလောင်း အီဒွာဒို ကမ်ပို့စ်သည် စင်းလုံး ငှားလေယာဉ် ပျက်ကျမှုတွင် အခြားလူ(၆)ဦးနှင့်အတူ သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်ပျက်၏ Black Boxများကို စစ်ဆေးကြည့်သည့်အခါ ပျံသန်းမှု ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်တမ်း တင်မထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘရာဇီး လေတပ်က Black Box အတွင်းရှိ လေယာဉ်မှူး ပြောစကားများကို စိစစ်ကြည့်သည့်အခါ အဆိုပါ လေယာဉ်ခရီးစဉ်နှင့် လုံးဝ မပတ်သက်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ပေါ်လိုရှိ ဆန်းတို့စ် မြို့အနီးတွင် ရာသီဥတု ဆိုးရွားနေစဉ် အတောအတွင်း လေယာဉ်ပျက်ကျပြီး ကမ်းပို့စ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြို့တော် ဘရာစီလီယာရှိ လေကြောင်း မတော်တဆမှုများ စုံစမ်းဖော် ထုတ်ရေးနှင့် တားဆီးရေး ဌာနမှ ကျွမ်းကျင်သူများသည် Black Boxအတွင်းရှိ အသံဖိုင်များကို ပြန်လည်စုစည်း တည်ဆောက်ပြီး စစ်ဆေးခဲ့ရာ အံ့ဩဖွယ်ရာ အခြေအနေအဖြစ် ယခုခရီးစဉ်နှင့် လုံးဝ ဆက်စပ်မှု ရှိမနေသည်ကို တွေ့ရှိခဲ့ရသည်။

“စုစုပေါင်း (၂)နာရီစာ အသံတွေကို ပြန်ပြီး စစ်ဆေး နားထောင်ကြည့်တဲ့အခါ ဩဂုတ်(၁၃)ရက်က ပျက်ကျတဲ့ လေယာဉ် ခရီးစဉ်နဲ့ မသက်ဆိုင် တာကို တွေ့ရှိခဲ့ရပါတယ်”ဟု လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပက်ဒရိုလူးဝစ် ဖာဆစ်က ပြောကြားခဲ့သည်။ “Black Box လေယာဉ် မှူး ပြောဆိုထားတဲ့ စကားတွေဟာ ဘယ်နေ့တုန်းကလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ တပ်ဆင်ထားတဲ့ ကိရိယာက အသံဖိုင်တွေရဲ့ နေ့ရက် ကို ဖော်ထုတ်ပြနိုင်ခြင်း မရှိလို့ပါ”ဟုလည်း ဖာဆစ်က ဆိုသည်။

ကမ်းပို့စ်သည် ဘရာဇီး ဆိုရှယ်လစ် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူဖြစ်ပြီး တတိယ ရေပန်းအစားဆုံး သမ္မတလောင်း အဖြစ် ရပ်တည်နေသည်။ ၎င်းသေဆုံးသည့်နောက် မည်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘရာဇီး၏ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလောင်း မတော်တဆ ကွယ်လွန်ပါက သက်ဆိုင်ရာ ပါတီသည် (၁၀)ရက်အတွင်း လူသစ် အစားထိုး ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတင်းရရှိသည်။

BBC

No comments:

Post a Comment