Friday, August 29, 2014

စာမေးပွဲအောင်မြင်ပြီး အလုပ်မ၀င်ခဲ့သော နေ့စားလပေးလစ်လပ် နေရာများတွင် မအောင်မြင်ခဲ့သူများနှင့် အစားထိုးမည်

ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်ရန် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမ ၁၆၀၀ ကျော်ကို သြဂုတ် ၆ရက်က ခန့်အပ် ထားခဲ့သော် လည်း လာရောက် တာဝန်ထမ်းဆောင်သည့် အရေအတွက် မပြည်မီခဲ့ခြင်းကြောင့် စာမေးပွဲဖြေဆိုပြီး မအောင်မြင်ခဲ့သူများအား ပြန်လည် စိစစ်အလုပ်ခန့်အပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်ပညာရေးမှူး ဦးကျင့်ခန်းပေါင်က ပြောသည်။
‘‘စာမေးပွဲအောင်ပြီး လာ ရောက်တာဝန်မထမ်းဆောင်နိုင် တဲ့သူတွေနေရာမှာ စာမေးပွဲဖြေ ပြီး မအောင်တဲ့သူတွေရဲ့အမှတ် စာရင်းတွေ ပြန်လည်စိစစ်ပြီး အ လုပ်ခန့်သွားဖို့ရှိတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာန ကို စာတင်ထားပါတယ်။ လာမယ့် နှစ်ပတ်အတွင်း အစည်း အဝေး တွေထိုင်ပြီးရင်တော့ အဖြေသိရ ပါလိမ့်မယ်’’ဟု ဦးကျင့်ခန်းပေါင် ကပြောသည်။
ချင်းပြည်နယ်တွင် နေ့စား လပေးဆရာ၊ဆရာမအဖြစ်ယခင် နှစ်က တစ်ထောင်ကျော် ခန့် အပ် ခဲ့ရာ အလုပ်ဝင်သူဦးရေ ၈၉၀သာ ရှိခဲ့သည်။ ယခုနှစ်တွင်နေ့စားလ ပေးဆရာ၊ ဆရာမဦးရေ ၁၆၄၀ ကျော်ခန့်အပ်ခဲ့ရာ သြဂုတ် ၂၈ ရက်အထိ အလုပ်ဝင်သည့်ဦးရေ သည် ၁၆၀၀ထိရှိခဲ့သည်။

ချင်းပြည်နယ်ကျေးလက်ဒေ သများတွင် ကျောင်းဆရာ၊ဆရာ မများ မလုံလောက်သောကြောင့် ဘွဲ့ရသူများကို တစ်နှစ်လျှင်စပါး တင်း ၇၀မှ တင်း၁၀၀ အထိပေး ၍ ငှားရမ်းသင်ကြားနေရသော် လည်း စပါးမစိုက်ပျိုးနိုင်သည့် ကျေးရွာ များတွင် အစိုးရခန့်အပ် ထားသောဆရာများဖြင့်သာသင် ကြားနေရသည်။

7Day DAILY

No comments:

Post a Comment