Friday, August 29, 2014

ရှာရာပိုဗာနှင့်ဝေါ်ရင်ကာ ယူအက်စ်အိုးပင်း တတိယအဆင့်သို့ တက်ရောက်

နယူးယောက်-ယခုနှစ် ပြင်သစ် အိုးပင်းချန်ပီယံ ရှာရာပိုဗာနှင့် ဩစတေးလျအိုးပင်းချန်ပီယံ စတန်ဝေါ်ရင်ကာတို့သည် ယူ အက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် အခက်အခဲ အနည်းငယ်တွေ့ခဲ့သော်လည်း အောင်မြင်စွာ ဖြတ်ကျော်ကာ တ တိယအဆင့်သို့ တက်ရောက်သွား နိုင်ခဲ့သည်။ရှာရာပိုဗာမှာ ပြိုင်ဘက် ဒူလ် ဂီရူအား ပထမပွဲငယ်တွင် ရှုံးခဲ့ သော်လည်း နောက်ပိုင်းတွင် နှစ် ပွဲဆက်နိုင်ကာ တတိယအဆင့် သို့ ၄-၆ ၊ ၆-၃ ၊ ၆-၂ ဖြင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ဆီဒင်အဆင့် ၅ ရသည့် ရှာရာပိုဗာမှာ ပွဲတွင် လေတိုက် နှုန်းပြင်းနေ၍ အခက်အခဲ အနည်း ငယ်ကြုံခဲ့ရပြီးနောက် နှစ်နာရီ ၂၆ မိနစ်ကစားကာ အနိုင်ရခဲ့ သည် ။
ဆွစ်ဇာလန်တင်းနစ်သမား ဝေါ်ရင်ကာမှာ ပြိုင်ပွဲတွင် ဆီ ဒင်အဆင့် ၃ ရထားခဲ့ပြီး ဘရာဇီး မှ တောမတ်စ် ဘယ်လူချီနှင့် ကစားခဲ့ရကာ ၆-၃ ၊ ၆-၄၊ ၃-၆ ၊ ၇-၆ ( ၇/၁) ဖြင့် အနိုင်ရ ခဲ့ကာ အမျိုးသားတင်းနစ် ပွဲစဉ် များတွင် တတိယအဆင့်သို့ ပထ မဆုံးတက်ရောက်နိုင်ခဲ့သည်။
ဗုဒ္ဓဟူးနေ့ အမျိုးသားပွဲစဉ် များတွင် ဂျွန်ဆင်နှင့်ရိုင်ယန်ဟာ ရစ်ဆင်တို့ ထွက်ခဲ့ရသဖြင့် ဒုတိ ယအဆင့်သို့ ရောက်နိုင်သည့် အ မေရိကန်ကစားသမားမှာ သုံးဦး သာ ရှိတော့သည်။
အမေရိကန်တင်းနစ်မယ် များတွင် နံပါတ် ၁ ဖြစ်သည့် ဆ ရီနာဝီလျံမှာ ဆက်လက်အောင် ပွဲခံနိုင်ဆဲဖြစ်ပြီး ဒုတိယအဆင့်သို့ တက်ရောက်ခဲ့သည်။
ဒုတိယအဆင့်ပွဲများတွင် ပို လန်တင်းနစ်မယ် ရာဒဝမ်စကာ မှာ တရုတ်မှပန်ရွှေးကို ၆-၃ ၊ ၆-၄ ဖြင့် ရှုံးခဲ့ပြီး ထွက်ခွာခဲ့ရ သဖြင့် ပြိုင်ပွဲ၏အံ့အားသင့်ဖွယ် ဆုံးရှုံးနိမ့်မှုဖြစ်ခဲ့သည်။
ကျန်ပွဲများတွင် ကမ္ဘာ့နံပါတ် ၂ ဆီမိုနာ ဟဲလပ်မှာ ပြိုင်ဘက် ဆ လို ဗက်ကီးယားမှ ဂျန်နာစီပီလို ဗာကို တစ်နာရီခန့် ကစားခဲ့ပြီး နောက် ၆-၂ ၊ ၆-၁ ဖြင့်အနိုင်ရ ကာ တတိယအဆင့် တက်ရောက် ခဲ့သည်။
AFP

No comments:

Post a Comment