Thursday, August 7, 2014

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် တစ်နိုင်ငံလုံးရှိနိုင်ငံရေးအကျဉ်းသားများ ဆွေးနွေးမည်


နိုင်ငံရေးအကျဉ်းသားဆို သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ် သက်၍ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ဦးရဲအောင် က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိကာ နိုင်ငံရေးအကျဉ်းသားဆိုသည့် တိကျ ခိုင်မာသော အထောက်အထားမရှိ ကြောင်း ယင်းကပြောသည်။''ကျွန်တော်တို့နိုင်ငံရေးအကျဉ်း သားဆိုတဲ့ တိကျခိုင်မာတဲ့အထောက် အထားမရှိပါဘူး။ နိုင်ငံရေးအကျဉ်း သားဆိုတာ နိုင်ငံရေးလုပ်ပြီး တည်ဆဲ ဥပဒေအရ ထောင်ကျတယ်ဆိုတာပဲ သိကြပါတယ်'' ဟု ၄င်းကထပ်ပြော သည်။မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုလုပ်၍ ထောင်ကျသူများစွာရှိကာ နိုင်ငံရေးအကျဉ်းသားဟုဆိုသည့် အတု အယောင်များလည်းရှိနေကြောင်း သိရသည်။''နိုင်ငံရေးအကျဉ်းသား အတု အယောင်တွေလဲရှိပါတယ်။ လူသတ်၊ ပိုက်ဆံခိုးပြီးထောင်ကျတယ်။ ထောင် ကထွက်လာပြီး သူ့ကိုယ်သူ နိုင်ငံရေး အကျဉ်းသားဆိုပြီးလုပ်နေတဲ့သူတွေ အများကြီးရှိပါတယ်'' ဟု ကိုရဲအောင် က ပြောသည်။နိုင်ငံရေးအကျဉ်းသားဆိုသည် မှာ မိမိကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံနှင့် လူမျိုးအပေါ်၌ အကျိုးပြုစေမည့် မိမိ ယုံကြည်ချက်နှင့် ပြုလုပ်သူအားဆို သည်ဖြစ်ကြောင်း သိရသည်။


ယင်းနိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကာ ယင်း မှထွက်လာသည့်အဖြေအား နိုင်ငံတော်အစိုးရအထိ အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံရေးအကျဉ်းသားနှင့်ပတ် သက်၍ ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူးဦးစိုင်းညွန့် လွင်ကလည်း ''တရားစွဲခံရ ထောင် ကျခံရတယ်။ ထောင်ထဲကထွက်လာ ပြီး နိုင်ငံရေးလုပ်တာနဲ့ နိုင်/ကျဉ်း မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတာ နိုင်ငံကောင်းစားဖို့၊ လူမျိုး ကောင်းစားဖို့ကို မိမိအကျိုးမကြည့်ဘဲ အေးချမ်းစွာပြုလုပ်ပြီး အခန့်မသင့် လို့ ထောင်ကျတယ်။ ထောင်ထဲက ထွက်တော့လဲ ကိုယ့်အကျိုးကိုမကြည့် ဘဲ အရင်အတိုင်းဆက်လုပ်တဲ့သူကို ဆိုလိုတာပါ''ဟု ပြောသည်။
ယင်းဆွေးနွေးပွဲအား သြဂုတ် ၁၇ရက်နှင့် ၁၈ရက်တွင်ပြုလုပ်မည် ဖြစ်ပြီး ပြုလုပ်မည့်နေရာအား အတည် မပြုရသေးကာ ဆွေးနွေးပွဲ၌ မြန်မာ တစ်နိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသား များပါဝင်မည်ဖြစ်ကြောင်းလည်း သိရ သည်။
Yangon Media Group

No comments:

Post a Comment