Sunday, August 3, 2014

ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

Photo: ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
Sunday, August 3, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်ပေါင်း ၃၂ ခုမှ အခြေခံပညာ ၆၉ ကျောင်း ရှိ စားသောက်ကုန် ၅၄၃ မျိုးကျော်ကို နမူနာကောက်ယူပြီး ၁၇၇ မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ယင်းသို့ စားသုံးရန် မသင့်သော အစား အသောက် နှစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စားသောက်ကုန်များကို တစ်နိုင်ငံလုံးရှိ ကျောင်းများသို့ ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မုန့်တွေရှိတဲ့ ကျောင်းကို ကွင်းဆင်းမယ်၊ ပညာပေးမယ်၊ ပစ္စည်းသိမ်းမယ်။ တစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ဒီလိုမုန့်တွေ ရှိနိုင်တဲ့အတွက် အများပြည်သူသိအောင် သတင်းစာက ကြေညာချက်ထုတ်မယ်” ဟု ဒေါက်တာထွန်းဇော်က ဆိုသည်။

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသော စားသောက် ကုန်များ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းပါသော အစားအသောက်များ ရောင်းချခြင်း မပြုရန်နှင့် မြန်မာမုန့်များ အစားထိုး ရောင်းချကြရန် အခြေခံပညာ ဦးစီးဌာနများက စာသင်ကျောင်းများထံ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစပိုင်းကတည်းက ညွှန်ကြားထားသည်။

ယင်းအပြင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့က လိုက်လံစစ်ဆေးမှုများ ရှိကြောင်း ရန်ကုန်မြို့နေ မူလတန်းပြ ဆရာမတစ်ဦးထံမှ သိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ FDA နည်းတူ စားသုံးသူ ကာကွယ်ရေးအသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့ကလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပါဝင်ပစ္စည်း အမျိုးအမည် မသိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် မုန့်များကို ကျောင်းမုန့်ဈေးတန်းများတွင် မရောင်းချရန် ပညာပေး အစီအစဉ်များ လိုက်လံပြုလုပ်ခဲ့သည်။

The Voice Weekly
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က The Voice သို့ ပြောကြားသည်။
ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်ပေါင်း ၃၂ ခုမှ အခြေခံပညာ ၆၉ ကျောင်း ရှိ စားသောက်ကုန် ၅၄၃ မျိုးကျော်ကို နမူနာကောက်ယူပြီး ၁၇၇ မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ယင်းသို့ စားသုံးရန် မသင့်သော အစား အသောက် နှစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စားသောက် ကုန် များကို တစ်နိုင်ငံလုံးရှိ ကျောင်းများသို့ ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မုန့်တွေရှိတဲ့ ကျောင်းကို ကွင်းဆင်းမယ်၊ ပညာပေးမယ်၊ ပစ္စည်းသိမ်းမယ်။ တစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ဒီလိုမုန့်တွေ ရှိနိုင်တဲ့အတွက် အများပြည်သူသိအောင် သတင်းစာက ကြေညာချက်ထုတ်မယ်” ဟု ဒေါက်တာထွန်းဇော်က ဆိုသည်။

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသော စားသောက် ကုန်များ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းပါသော အစားအသောက် များ ရောင်းချခြင်း မပြုရန်နှင့် မြန်မာမုန့်များ အစားထိုး ရောင်းချကြရန် အခြေခံပညာ ဦးစီးဌာနများက စာသင်ကျောင်းများထံ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ် အစပိုင်းကတည်းက ညွှန်ကြားထားသည်။

ယင်းအပြင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းကျန်းမာရေး အဖွဲ့က လိုက်လံစစ်ဆေးမှုများ ရှိကြောင်း ရန်ကုန်မြို့နေ မူလတန်းပြ ဆရာမတစ်ဦးထံမှ သိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ FDA နည်းတူ စားသုံးသူ ကာကွယ်ရေးအသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့ကလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပါဝင်ပစ္စည်း အမျိုးအမည် မသိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် မုန့်များကို ကျောင်းမုန့်ဈေးတန်းများတွင် မရောင်းချရန် ပညာပေး အစီ အစဉ်များ လိုက်လံပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment