Sunday, August 3, 2014

တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

Photo: တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်
သမ္မတဦးသိန်းစိန် တိုက်တွန်း
Sunday, August 3, 2014

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့တွင် အ ခက်အခဲ စိန်ခေါ်မှုများကြားက တိုင်း ပြည် ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ် ငြိမ်းချမ်းစွာ ဆွေး နွေးညှိနှိုင်းဆောင် ရွက်ကြရန် ရေဒီယို အသံလွှင့်ဌာနမှ တစ်ဆင့် တိုက်တွန်းပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တွင် ရေးသားဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် ရေ ဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံရေး အယူအဆအမြင်များ ကွဲလွဲကြသော် လည်း နိုင်ငံရေးပါတီအချင်းချင်း အပြန် အလှန် လေးစားမှုရှိလျှင် ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်လာစေရန် တိုး တက်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု အ ဖြစ် ဆက်လက် လျှောက်လှမ်းနိုင်ရေး အထောက်အကူ ဖြစ်စေမည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် မိမိ တို့အစိုးရအနေဖြင့် လွန်ခဲ့သောသုံးနှစ် တာကာလအတွင်း အခက်အခဲ စိန်ခေါ် မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဝေဖန်မှုများဖြင့် လည်း ကြုံတွေ့ခဲ့ရကာ စနစ်ဟောင်းတစ် ခုမှ စနစ်သစ်သို့ ပြောင်းလဲသော ကာလ တွင် ယင်းမှာ ထူးဆန်းသောအရာမဟုတ် ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

သမ္မတဦးသိန်းစိန်သည် ရေဒီ ယိုမိန့်ခွန်း ပြောကြားရာ၌ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ပြုမူ ဆောင်ရွက်မှုများအတွက် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု သတိ ပေးပြောကြားခဲ့ကြောင်း သိရသည်။ 

သမ္မတဦးသိန်းစိန်သည် ရခိုင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု တည် ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မျိုးဆက်သစ် များ၏ အနာဂတ်ပိုမိုကောင်းမွန်လာစေ ရေးကြိုးပမ်းဆောင်ရွက်ကြရန်လည်း နှိုးဆော်တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့တွင် အခက်အခဲ စိန်ခေါ်မှုများကြားက တိုင်း ပြည် ပြုပြင်ပြော င်း လဲရေးဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ် ငြိမ်းချမ်းစွာ ဆွေး နွေးညှိနှိုင်းဆောင် ရွက်ကြရန် ရေဒီယိုအသံလွှင့်ဌာနမှတစ်ဆင့် တိုက် တွန်းပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တွင် ရေးသားဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်သည် ရေ ဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံရေး အယူအဆအမြင်များ ကွဲလွဲကြသော် လည်း နိုင်ငံရေးပါတီအချင်းချင်း အပြန် အလှန် လေးစားမှုရှိလျှင် ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်လာစေရန် တိုး တက်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု အ ဖြစ် ဆက်လက် လျှောက်လှမ်းနိုင်ရေး အထောက်အကူ ဖြစ်စေမည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် မိမိ တို့အစိုးရအနေဖြင့် လွန်ခဲ့သောသုံးနှစ် တာကာလအတွင်း အခက်အခဲ စိန်ခေါ် မှုများနှင့် ရင်ဆိုင်ခဲ့ ရပြီး ဝေဖန် မှုများဖြင့် လည်း ကြုံတွေ့ခဲ့ရကာ စနစ်ဟောင်းတစ် ခုမှ စနစ်သစ်သို့ ပြောင်းလဲသော ကာလ တွင် ယင်းမှာ ထူးဆန်းသော အရာမဟုတ် ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ရေဒီ ယိုမိန့်ခွန်း ပြောကြားရာ၌ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ပြုမူ ဆောင်ရွက်မှုများအတွက် ထိရောက် စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု သတိ ပေးပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ရခိုင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု တည် ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မျိုးဆက် သစ် များ၏ အနာဂတ်ပိုမိုကောင်းမွန်လာစေ ရေးကြိုးပမ်းဆောင်ရွက်ကြရန်လည်း နှိုးဆော်တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group

1 comment:

  1. ဒီပုပ်ထဲက ဒီပဲဘဲဥစ္စာ။ စစ်တပ်က အသွင်ကူးပြောင်းချင်ရင်လည်း လိုလိုမလုပ်နဲ့။ မလေးရှားဖြင့် မလေးရှား။ အင်ဒိုဆိုလည်း အင်ဒို။ သဲသဲကွဲကွဲ လုပ်ပေါ့။ ဘာ မြန်မာ့နည်းမြန်မာ့ဟန်လည်း၊ စောက်ဖြစ်လည်းရှိတာ မဟုတ်ဘူး။ အာဏာမလွှတ်ချင်ဘူးဆိုလည်း အပြတ်ပြော။ အခုမျိုးဆက်နဲ့ မရရင် နောက်မျိုးဆက်နဲ့ မင်းတို့ကို အပြုတ်တိုက်မယ်။

    ReplyDelete