Tuesday, August 12, 2014

အီရတ်သမ္မတ အနေဖြင့် အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ကြီးချုပ် စွပ်စွဲ

Photo: အီရတ်သမ္မတ အနေဖြင့် အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဝန်ကြီးချုပ် စွပ်စွဲ
Tuesday, August 12, 2014

နိုင်ငံသမ္မတ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် နျူရီအယ်လ် မာလီကီက အရေးဆိုလိုက်ပြီး တစ်ချိန်တည်းလိုလိုတွင် ဘဂ္ဂဒက်မြို့တော် အနီးတစ်ဝိုက်၌ ၎င်းကို သစ္စာခံသည့် တပ်ဖွဲ့များ ဖြန့်ကျက်ထားလိုက်ကြောင်း သတင်းရရှိသည်။

မာလီကီသည် တတိယမြောက် ဝန်ကြီးချုပ်သက်တမ်း ရွေးကောက်ခံရန် စီစဉ်နေသော်လည်း မြောက်ပိုင်းဒေသတွင် ISIS စစ်သွေးကြွများ သောင်းကျန်းနေမှုနှင့် ပတ်သက်၍ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ကြုံနေရသူ ဖြစ်သည်။ ISIS တို့သည် အီရတ်မြောက်ပိုင်း မြို့များကို သိမ်းပိုက်ထားပြီး မာလီကီအနေဖြင့် နိုင်ငံရေး ဖိအားများအောက် ကျရောက်လျက် ရှိသည်။

အမေရိကန်သည် ISIS တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ထိုအတောအတွင်း အီရတ်အစိုးရအဖွဲ့ကိုလည်း ပြောင်းလဲဖွဲ့စည်းရန် တိုက်တွန်းထားသည်။ ထို့အပြင် အမေရိကန်သည် အီရတ်သမ္မတ ဖူရတ်ဒ် မာဆွမ်ကို ထောက်ခံသော ကြေညာချက် တစ်ရပ်လည်း ထုတ်ပြန်ထားသည်။

ဩဂုတ်(၁၁)ရက်တွင် မာလီကီက “ဒီနေ့ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုတရားရုံးမှာ သမ္မတနဲ့ ပတ်သက်ပြီး ကနဦးအဆင့် အရေးဆိုတိုင်ကြားမှု တစ်ရပ်ကို တင်သွင်းပါမယ်”ဟု မာလီကီက ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ ၎င်းက အီရတ်တွင် မကြာသေးမီက သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသည့် ကားဒစ်ရှ် စစ်မှုထမ်းဟောင်း မာဆွမ်သည် မိမိကို ဝန်ကြီးချုပ်ရာထူးတွင် ခန့်အပ်ရန် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို နှစ်ကြိမ်မျှ ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။

မာလီကီ၏ ညွန့်ပေါင်းအစိုးရသည် ဧပြီလ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း လွှတ်တော်က မာလီကီကို ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်း တာဝန်ယူရေးအတွက် ခွင့်ပြုရန် ငြင်းဆိုထားသည်။ ယင်းအခြေအနေတွင် သမ္မတ မာဆွမ်က ကြားဝင်ဖြေရှင်းရန် လက်ရှောင်နေခဲ့သည်။ မာဆွမ်နှင့် မာလစ်ခ်တို့သည် ဝန်ကြီးချုပ်နေရာ အမည်တင်သွင်းရေးအတွက် ဆွေးနွေးနေမှုသည် သတ်မှတ်ရက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

မာလီကီ၏ ရုပ်မြင်သံကြား ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ၎င်းကို သစ္စာခံသည့် ရှီးယား လက်နက်ကိုင် တပ်ဖွဲ့များသည် ဘဂ္ဂဒက်ရှိ အချက်အခြာကျသော နေရာများတွင် ဖြန့်ကျက် နေရာယူထားလိုက်သည်။ သို့သော်လည်း ဘဂ္ဂဒက်တွင် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေ တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

_Ref:BBC နိုင်ငံသမ္မတ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် နျူရီအယ်လ် မာလီကီက အရေးဆိုလိုက်ပြီး တစ်ချိန်တည်းလိုလိုတွင် ဘဂ္ဂဒက်မြို့တော် အနီးတစ်ဝိုက်၌ ၎င်းကို သစ္စာခံသည့် တပ်ဖွဲ့များ ဖြန့်ကျက်ထားလိုက်ကြောင်း သတင်းရရှိသည်။ မာလီကီသည် တတိယမြောက် ဝန်ကြီးချုပ်သက်တမ်း ရွေးကောက်ခံရန် စီစဉ်နေသော်လည်း မြောက်ပိုင်းဒေသတွင် ISIS စစ်သွေးကြွများ သောင်းကျန်းနေမှုနှင့် ပတ်သက်၍ ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ကြုံနေရသူ ဖြစ်သည်။ ISIS တို့သည် အီရတ်မြောက်ပိုင်း မြို့များကို သိမ်းပိုက်ထားပြီး မာလီကီအနေဖြင့် နိုင်ငံရေး ဖိအားများအောက် ကျရောက်လျက် ရှိသည်။
အမေရိကန်သည် ISIS တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး ထိုအတောအတွင်း အီရတ်အစိုးရအဖွဲ့ကိုလည်း ပြောင်းလဲဖွဲ့စည်းရန် တိုက်တွန်းထားသည်။ ထို့အပြင် အမေရိကန်သည် အီရတ်သမ္မတ ဖူရတ်ဒ် မာဆွမ်ကို ထောက်ခံသော ကြေညာချက် တစ်ရပ်လည်း ထုတ်ပြန်ထားသည်။
ဩဂုတ်(၁၁)ရက်တွင် မာလီကီက “ဒီနေ့ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုတရားရုံးမှာ သမ္မတနဲ့ ပတ်သက်ပြီး ကနဦးအဆင့် အရေးဆိုတိုင်ကြားမှု တစ်ရပ်ကို တင်သွင်းပါမယ်”ဟု မာလီကီက ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည်။ ၎င်းက အီရတ်တွင် မကြာသေးမီက သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသည့် ကားဒစ်ရှ် စစ်မှုထမ်းဟောင်း မာဆွမ်သည် မိမိကို ဝန်ကြီးချုပ်ရာထူးတွင် ခန့်အပ်ရန် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို နှစ်ကြိမ်မျှ ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။
မာလီကီ၏ ညွန့်ပေါင်းအစိုးရသည် ဧပြီလ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး ရရှိခဲ့သော်လည်း လွှတ်တော်က မာလီကီကို ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်း တာဝန်ယူရေးအတွက် ခွင့်ပြုရန် ငြင်းဆိုထားသည်။ ယင်းအခြေအနေတွင် သမ္မတ မာဆွမ်က ကြားဝင်ဖြေရှင်းရန် လက်ရှောင်နေခဲ့သည်။ မာဆွမ်နှင့် မာလစ်ခ်တို့သည် ဝန်ကြီးချုပ်နေရာ အမည်တင်သွင်းရေးအတွက် ဆွေးနွေးနေမှုသည် သတ်မှတ်ရက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
မာလီကီ၏ ရုပ်မြင်သံကြား ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ၎င်းကို သစ္စာခံသည့် ရှီးယား လက်နက်ကိုင် တပ်ဖွဲ့များသည် ဘဂ္ဂဒက်ရှိ အချက်အခြာကျသော နေရာများတွင် ဖြန့်ကျက် နေရာယူထားလိုက်သည်။ သို့သော်လည်း ဘဂ္ဂဒက်တွင် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေ တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

_Ref:BBC

No comments:

Post a Comment