Tuesday, August 12, 2014

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများ အလုပ်လုပ်နေသည့် အဆောက်အအုံတစ်လုံး ပြိုကျ

ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ ပါဝင်တည် ဆောက်နေသည့် ဆောက်လုပ်ဆဲခြောက်ထပ်တိုက် အဆောက်အ အုံတစ်ခုပြိုကျခဲ့ပြီး ၀န်ထမ်း အပါအ၀င် အလုပ်သမား ၅၀ ခန့် ပိတ်မိနေကာ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ထိုင်းနိုင်ငံ ပထုံနာနီခရိုင်၊ ခလောင်လွမ်မြို့တွင် သြဂုတ် ၁၁ ရက် ညနေက ပြိုကျခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားများက လူ ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ ပို့ဆောင် ထားသည်ဟု သိရကြောင်း အခင်းဖြစ်ရာနေရာအနီးရှိ မြန်မာအလုပ်သမား ကိုဘုန်းဝေကပြောသည်။
ထိုင်းသတင်းစာများတွင် လည်း တိုက်ပြိုမှုကြောင့် သေဆုံး သူ ရုပ်အလောင်းကိုးလောင်းတွေ့ ရှိထားပြီး ဆက်လက်ရှာဖွေနေကြောင်း ရေးသား ထားသည်။ အဆိုပါအဆောက်အအုံတွင် အလုပ်သမား ၅၀ ခန့်ရှိပြီး မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးခန့်ရှိနေကြောင်း ရေးသားထားသည်။ထိုအဆောက်အအုံထဲမှ မြန်မာအလုပ်သမား တစ်ဦးထွက် ပြေးလွတ်မြောက်ခဲ့ပြီး ထိုင်းနိုင်ငံ ထုတ် သတင်းစာတစ်စောင်က အဆိုပါမြန်မာအမျိုးသားအား မေးမြန်း၍ သတင်းရေးသားထား သည်။
7Day Daily

No comments:

Post a Comment