Friday, August 29, 2014

‘၀’တိုင်းရင်းသားကိုယ်တိုင်က မြန်မာပြည်သားပဲ။ တိုင်းပြည်ကခွဲထွက်ဖို့ ဆန္ဒကိုမရှိတာ ဦးအောင်မြင့်နှင့် တွေ့ဆုံခြင်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သတစ်ခုဖြစ်သည့် ‘၀’ အထူးဒေ သ(၂)၊ ‘၀’ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်သည် သြဂုတ်လ ကုန်ပိုင်းက နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယကတို့ နှင့် လာရောက်တွေ့ဆုံခဲ့သည်။ ယခုနှစ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပြီး တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးရေးအတွက် မျှော်လင့် ချက်များ ရှိလာချိန်၊ အစိုးရက ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း သဘောတူလိုက်ပြီး ရက်ပိုင်းအ တွင်း ‘၀’ အပါအ၀င် မိုင်းလားအ ထူးဒေသ (၄) နှင့် SSPP/SSA အဖွဲ့တို့က လာရောက်တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များကြောင့် နာမည်ကျော်ခဲ့သည့် အပြင် အင်အားကြီးသည့် ကိုယ် ပိုင်တပ်မတော် တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံနှင့် နီးစပ်မှုရှိနေသော ‘၀’ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က ၎င်းတို့ ခရီးစဉ်အပြီး ရန်ကုန်မြို့ တွင် ပြုလုပ်သည့် သတင်း ထောက်အချို့နှင့် တွေ့ဆုံမေး မြန်းမှုတွင် 7Day သတင်းစာ၊ ကုမုဒြာနှင့် VOA သတင်းဌာနတို့ ၏ မေးမြန်းမှုများကို ကောက် နုတ်ဖော်ပြအပ်ပါသည်။
7Day - လက်ရှိ ရုရှားနဲ့ ယူက ရိန်း နှစ်နိုင်ငံဟာ ယူကရိန်း အောက်က ခရိုင်းမီးယားဒေသ ခွဲထွက်ရေးနဲ့ပတ်သက်ပြီး စစ်ရေး တင်းမာမှုတွေ ဖြစ်နေပါပြီ။ မြန် မာပြည်တွင်းက ‘၀’ ဒေသ ဟာ တရုတ်နိုင်ငံနဲ့ အင်မတန်နီးစပ် နေပြီး ‘၀’ ကိုယ်ပိုင်တပ်မတော် ဟာလည်း အင်အားကြီးတဲ့အ တွက် တစ်ချိန်မှာ တရုတ်နဲ့ မြန်မာနိုင်ငံကြားမှာ ခရိုင်းမီးယားလို ခွဲထွက်ရေးပြဿနာ ဖြစ်လာ နိုင်တယ်လို့ ဝေဖန်မှုများ ရှိကြပါ တယ်။ ဒါကို အန်ကယ်ကပေါ်လစ် ဗျူရိုအဖွဲ့ဝင် အနေနဲ့ ဘယ်လို အာမခံချက်မျိုး ပေးနိုင်ပါသလဲ။

ဒီကိစ္စဟာ ‘၀’ ရဲ့အခြေအ နေကို မသိနားမလည်တာ။ နက် နက်ရှိုင်းရှိုင်း မလေ့လာတာဖြစ် တဲ့အတွက် ဒီလိုအမြင်မျိုး ပေါ် လာတာဖြစ်တယ်။ ယူကရိန်းကိစ္စ မှာ ရုရှားနဲ့ ပြဿနာဖြစ်လို့ ခရိုင်း မီးယားဆိုတာ ဖြစ်လာတာ။ ဒီနေ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရ ပြဿနာတက်ရင် ‘၀’ ပြဿနာ ထွက်လာမယ်ဆိုတာ ဒါ နှိုင်းယှဉ် ပြီးပြောတာ။ ဒါက ဘာတေးလ် လင့်တနာပြောတာ။ အဲဒီပုဂ္ဂိုလ် ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က တည်းက တွေ့ဖူးတယ်။ ကျွန် တော်တို့ ပန်ဆိုင်းကိုလာတယ်။ မြန်မာပြည်က တိုင်းရင်းသားအ ဖွဲ့အစည်းကြားထဲမှာ လှည့်နိုင် တာ သူတစ်ယောက်တည်းရှိ တော့ နိုင်ငံခြားကလည်း သူ့ကို မြန်မာပညာရှင်ဆိုပြီး ဘွဲ့ပေး ထားတယ်။ သူ့အမြင်က နိုင်ငံခြား သားအမြင်ပဲ။ ‘၀’ မှာ တစ်လ လောက်နေဖူးတာပါ။ ဒါမျိုးနိုင်ငံ ရေးသုံးသပ်တာကတော့ သူ့မှာ သုံးသပ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အမှားအမှန်ကိုတော့ သူ့စကားသူ တာဝန်ယူမှာပေါ့။ သူပြောတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ။ ‘၀’ က အင်အားကြီးပြီး မြန်မာကို ခြိမ်း ခြောက်ရအောင် ‘၀’ လူမျိုးကမှ ခြောက်သိန်းလောက်ရှိတာ။ လက် နက်တစ်ယောက်တစ်လက်ပေး ဦး ဘယ်လိုလုပ် ခြိမ်းခြောက်နိုင် မှာလဲ။ ‘၀’ တိုင်းရင်းသားကိုယ် တိုင်က မြန်မာပြည်သားပဲ။ တိုင်း ပြည်က ခွဲထွက်ဖို့၊ ခရိုင်းမီးယား လိုဖြစ်ဖို့ ဆန္ဒကိုမရှိတာ။

7Day - ‘၀’ တပ်မတော်ဟာ စစ် တပ်၊ အစိုးရနဲ့ အရမ်းရင်းနှီး ပြီး ပြည်သူတွေနဲ့ကျတော့ အချိတ် အဆက်နည်းပါးလွန်းတော့ ပြည် သူတွေဘက်က သတင်းတွေပေါ် အခြေခံပြီး သုံးသပ်ရတာများပါ တယ်။ ပြည်သူအချင်းချင်းကြား ရော ဘယ်လိုရင်းနှီးမှုမျိုး ဖွင့်ပေးဖို့ ရှိလဲ။ တစ်နည်းအား ဖြင့် ‘၀’ ဒေသ ကို ပြည်သူတွေ ယုံကြည်ဖို့အ တွက် ဘယ်လိုခိုင်မာတဲ့ အာမခံ ချက်မျိုး ပေးနိုင်မလဲ။

သတင်းမီဒီယာတွေက လည်း ပြောပါတယ်။ ‘၀’ ဒေသ ကိုလာချင်တယ်။ အရင်က ပြည် မက လူတွေ မရောက်ဖူးတာ သ မိုင်းကြောင်းအရပါ။ လမ်းပန်း ဆက်သွယ်မှု ညံ့တယ်။ ဆက် သွယ်ရေးအားနည်းတယ်။ မီဒီ ယာလွတ်လပ်ခွင့်လည်း မရှိဘူး။ ဒါကတစ်ပိုင်း။ အခုကျတော့ မီဒီ ယာက သွားလာလို့ရတယ်။ ဖြစ် ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှု ပြု ပြင်ပြောင်းလဲမှုတွေကို ဆွေးနွေး ပွဲတွေမှာလည်း တွေ့ရတယ်။ အ ခုတိုင်းပြည်က ဒီမိုကရေစီလမ်း ကြောင်း လျှောက်လှမ်းနေတာ ဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲ တွေဖြစ်ဖို့၊ ဒေသကို ပြည်သူတွေ နားလည်ဖို့ မီဒီယာတွေကို ကျွန် တော်တို့က ဖိတ်ခေါ်မှာပါ။ မ ကြာခင် ဖြစ်လာပါလိမ့်မယ်။

ကုမုဒြာ - UWSA က တစ်နိုင်ငံ လုံး အပစ်ရပ်လက်မှတ်ရေးထိုး မယ်လို့ ပြောထားတော့ အစိုးရနဲ့ NCCT တို့ရဲ့ သဘောတူညီချက် တွေကို အန်ကယ်တို့က လက်ခံ လိုက်တဲ့ သဘောလား။ လက်ခံ တယ်ဆိုရင် ဘယ်လိုဆက်ပြီး ဆွေးနွေးညှိနှိုင်းမှာပါလဲ။

NCCT (တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့) နဲ့ UPWC (ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) တို့ ဆွေးနွေး ချက်မူကို ကျွန်တော်တို့တောင်း တယ်။ လေးလပိုင်းတုန်းကလည်း ရန်ကုန်မှာ ကျွန်တော်တို့ လာခဲ့ တာရှိတယ်။ ဆွေးနွေးမှုမှာတော့ ပါဝင်မှုမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဆန္ဒသဘောထား၊ ရပ်တည်ချက်၊ မူနဲ့ နိုင်ငံရေးအမြင်ကို အဲဒီက တည်းက ဆွေးနွေးပြီးသားပါ။ ဒါ ပေမဲ့ စားပွဲမှာ ဆွေးနွေးတဲ့အခါ မှာတော့ မပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က NCCT အဖွဲ့ဝင်လည်း မဟုတ်ဘူး။ UNFC မှာလည်း မပါဘူး။ ကျွန်တော် တို့က သူတို့ဆွေးနွေးတာကို ဂရု စိုက်တယ်။ အလေးထားတယ်။ လိုင်ဇာမူဆို ၁၀ မူရှိတယ်။ သူတို့ မူက တစ်ခုနဲ့တစ်ခု မတူဘူးဖြစ် နေတယ်။ တချို့မူတွေက တိုင်း ရင်းသားအားလုံးအတွက် တောင်း ဆိုတာဖြစ်တဲ့အတွက် လက်ခံ တယ်။ သဘောတူတယ်။ ဒါပေမဲ့ တချို့အချက်တွေကျတော့ နိုင်ငံ ရေးအခြေခံနဲ့ မတူတာတွေရှိ တယ်။ ဒီတော့ တချို့ဟာက နိုင်ငံ ရေးစကားအရ ပြောရင်လွယ် တယ်။ ဖြေရှင်းရခက်တယ်။ တ ချို့ဟာတွေတော့ လက်မခံဘူး။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာကို သွားပြီး မူအရ ဆုပ်ကိုင်ရပ်တည် ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အ ချိန်ကြာသွားနိုင်တယ်။

VOA- ဆရာတို့ လက်မခံတဲ့အ ချက်တွေကို ဥပမာပေးလို့ ရမ လား။

ပြည်ထောင်စုတပ်မတော် ကိစ္စပါ။ ညှိနှိုင်းဖို့လိုတယ်။ ဥပ မာ-သူတို့ဆွေးနွေးချိန်မှာ စာ တမ်းတွေမှာပါလာတဲ့ ပြည် ထောင်စုတပ်မတော်ဖွဲ့ရမယ်။ ပြည်ထောင်စုတပ်မတော်ဖွဲ့ရင် စစ်သေနာပတိချုပ်ကို အလှည့် ကျတိုင်းရင်းသားတွေ လုပ်ရမယ် ဆိုတော့ ဟာ...ဒါဖြစ်နိုင်သလား။ တိုင်းရင်းသားတွေလုပ်မယ်ဆို တော့ အရည်အချင်းမရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါတစ်ခု လုံးရဲ့ အရာတွေကို စွမ်းဆောင် နိုင်လား။ ဒီလိုမူကျတော့ တင်း တင်းမာမာနဲ့ ဆွေးနွေးတာတော့ ကျွန်တော်တို့ မကြိုက်ဘူး။ ပြေ လည်အောင် ဘယ်လိုညှိကြမလဲ ဆိုတာ ကိုယ့်မူနဲ့ကိုယ် ဖြည်းဖြည်း ချင်းညှိယူရမယ့် အပိုင်းရှိတယ်။ ဒီကိစ္စအတွက် ‘၀’ ဘက်က ဘာ လုပ်ချင်တယ်၊ ဖြစ်ချင်တယ်မရှိ ဘူး။ ကိုယ့်ဒေသလုံခြုံရေး တည် ငြိမ်ရေးကို အဓိက ဦးစားပေး တယ်။ တစ်နိုင်ငံလုံးမှာ ‘၀’ လာ လုပ်ပါဆိုရင်လည်း ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ဒါကြောင့် ဒီကိစ္စ အတွက် တချို့တင်ပြတင်းခံ တောင်းဆိုနေတာတွေ လက်တွေ့ မကျဘူး။ သူတို့နဲ့တော့ အမြင်မ တူဘူး။

7 Day - နောက်ဆုံးစားပွဲဝိုင်းပေါ် က နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက် ဒရယ်ကိစ္စလို ‘ဝ’ဘက်က တင်ပြ တောင်းဆိုမှုတွေညှိနှိုင်းတာ အ ဆင်မပြေခဲ့ဘူးဆိုရင် အန်ကယ် တို့က လက်မှတ်ဝင်ထိုးဖို့ မဖြစ်နိုင် တော့ဘူးလို့ ပြောချင်တာလား။

အခုပြောနေတဲ့ ဖက်ဒရယ် ဆိုတာ အစိုးရဘက်က လိုက် လျောတယ်။ ဒါပေမဲ့ ဒီကိစ္စက နိုင်ငံရေးဆွေးနွေးတဲ့အခါမှ ဆွေး နွေးမယ်လို့ အတိအလင်းပြောပြီး သား။ ဖက်ဒရယ်ကပြောရလွယ် တယ်လေ။ လက်တွေ့ဘယ်လို လုပ်ရမှာလဲ။ အမေရိကန်ဖက် ဒရယ်လား၊ ရုရှားဖက်ဒရယ်လား။ ဆွေးနွေးတဲ့အခါမှာ အကျပ် အတည်းက အဲဒါပဲ။ တိုင်းရင်း သားဘက်က ဘာကိုရွေးမလဲ။ အစိုးရဘက်က ဘာကိုလက်ခံ မလဲ။ ဒါက အဓိကပြဿနာပဲ။ တခြားစောင့်ကြည့်ရေးကိစ္စတို့၊ ဘာတို့က သေးသေးမွှားမွှားလေး ပဲ။ ဒီဖက်ဒရယ်က ဘာဆိုတာ ဆုံးဖြတ်ပြီးမှ ပြည်ထောင်စုတပ် မတော်ဆိုတာ ဆက်လုပ်ရမှာ။ နိုင်ငံရေးအကျပ်အတည်းက ဒီ ဖက်ဒရယ်ပဲ။ ဒါကျွန်တော်တို့ အမြင်ပဲ။ ပွဲတက်တော့မှ လာ လက်မှတ်ထိုးဆိုရင် ကျွန်တော်တို့ ဘယ်လက်မှတ်ထိုးနိုင်မလဲ။ အစည်းအဝေးတက်ရင်တက် မယ်။ ဒါပေမဲ့ လက်မှတ်ထိုးဖို့၊ မထိုးဖို့မသေချာဘူး။ ဒီသဘော ပြောတာ။

7Day - ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်လို အချက်တွေကို အဓိကဆွေးနွေး ခဲ့တာပါလဲ။

ကာချုပ်ကြီးဆီကိုလည်း အပြင်မှာပြောတဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် မူခြောက် ချက်ကို ကျွန်တော်တို့မေးမြန်းပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကာ ချုပ်ကြီးကလည်း ပျော့ပျောင်းစွာ နဲ့ ပြန်ဆွေးနွေးပါတယ်။ ရှင်းရှင်း ပြောရရင် ဥပဒေဘောင်ထဲဝင်ရ မယ်ဆိုတာပါတယ်။ ကျွန်တော် တို့က ဥပဒေဘောင်ထဲမှာပဲလေ။ ဥပဒေဘောင်ထဲရောက်လို့ အထူး ဒေသ (၂) တောင်ဖြစ်နေပြီ။ ကျွန် တော်တို့က တိုင်းမရချင်ဘူး။ ပြည်နယ်ရချင်တယ်လို့လည်း တင်ပြထားတယ်။ ၂၀၀၈ ဖွဲ့စည်း ပုံက ဒါနဲ့ပတ်သက်လို့ သိပ်ထဲထဲ ဝင်ဝင်မရှိဘူး။ ပြင်ဖို့လိုတယ်။ မပြင်ရင် ကျွန်တော်တို့ပြောတာ တွေအလကားပဲ။ အခြေခံဥပဒေ ပြင်ဖို့လိုတယ်ဆိုတာ လေးလပိုင်း ကတည်းက ဆွေးနွေးပွဲမှာ ကတည်းက ပြောထားပြီးသားပါ။ ဒါပေမဲ့ တစ်ခုလုံးကြီးဖျက်ပစ်ပြီး အသစ်ရေးတာကိုတော့ လက်မခံ ပါဘူး။ ကျွန်တော်တို့ကလည်း ပူးပေါင်းဆောင်ရွက်မှာပါ။ အစိုး ရနဲ့ ငြိမ်းချမ်းရေးရယူလာတာ ၂၅ နှစ်ကျော်ပြီ။ မူလမူအတိုင်းပဲ နိုင်ငံတော်ငြိမ်းချမ်းရေးကို ဦးစား ပေးသွားမယ်။ ကြားကပြဿနာ ပဋိပက္ခတွေကိုလည်း ငြိမ်းချမ်း စွာဖြေရှင်းသွားမယ်လို့လည်း သဘောတူခဲ့ပါတယ်။

7Day - ‘၀’ အထူးဒေသရဲ့ ခေါင်းဆောင်ရှစ်ဦးကို အမေရိ ကန်အစိုးရက မူးယစ်ရာဇာစာ ရင်းထဲထည့်သွင်းပြီး ဝရမ်းထုတ် ထားတာ ရှစ်နှစ်လောက် ကြာပါ ပြီ။ အခုထိလည်း အဲဒီစာရင်းက အတည်ဖြစ်ဆဲပါပဲ။ ဒီကိစ္စ အ တွက် ‘ဝ’ ဒေသဘက်က ဘာများ ဖြေရှင်းလိုပါသလဲ။

မူးယစ်ကိစ္စက ကျွန်တော် တို့ကို ဖန်တီးပြီး ဦးထုပ်လာစွပ် ပေးတဲ့သဘောပဲ။ ကျွန်တော်တို့ က မူးယစ်ဆေးဝါးကင်းစင်နယ် မြေအဖြစ် ကြေညာဖို့ နှစ်လအလို မှာ သူတို့ကကပ်ပြီး ဒီစာရင်းကို ထုတ်တယ်။ ဒါ သူတို့နိုင်ငံရေး အရ သက်သက်လုပ်တာ။ မူးယစ် ကင်းစင်ရေးကိုကြေညာဖို့ ကျွန် တော်တို့က အစိုးရကို အကြောင်း ကြားတယ်။ ရန်ကုန်က သံရုံးတွေ ကို ဖိတ်တယ်။ သံရုံးဖိတ်လို့ တောင် အဲဒီတုန်းက အစိုးရက ဒီလိုမလုပ်ရဘူး ဘာညာပြော သေးတယ်။ သူတို့က သက်သက် အကွက်ချလုပ်တာ။ ကြေညာပါ တော့မယ်ဆိုလုပ်တာပဲ။ အမေရိ ကန်မှာ တရားစွဲဖမ်းဆီးမိန့်ထုတ် တာကို တကယ်တမ်းလုပ်နိုင်တာ မှမဟုတ်ဘဲ။ UNODC (ကုလ မူးယစ်ဆေးဝါးနှင့် မှုခင်းရုံး)မှာ လည်း အမေရိကန်တွေပါတာပဲ။ သူတို့ အခုဘာမှထပ်မပြောဘူး။ ကျွန်တော်တို့ကလည်း လုံးဝ မဖြေဘူး။ မရှင်းဘူး။ ခင်ဗျားတို့ ကြိုက်သလိုသာပြော။

7Day - ဟုတ်ကဲ့။ ဒီရှစ်ယောက်က တကယ်ပဲ မူးယစ်ရာဇာဟုတ်ပါ သလား၊ မဟုတ်ပါဘူးလား။

သူတို့ဘာသာကြေညာတာ ပဲ။ သူတို့ကြေညာတာ။

7Day - ‘ဝ’ ပြည်ဘက်မှာ မူးယစ်လုံးဝ ကင်းစင်ပြီး အစားထိုးသီးနှံ ရော်ဘာဧက သုံးသိန်းတောင် စိုက်ပျိုးထားပြီးပြီလို့ အန်ကယ့် အပြောအရ သိရပါတယ်။ အခု မြန်မာနိုင်ငံရဲ့ တခြားဘိန်းစိုက် ဧရိယာတွေမှာ အစားထိုးသီးနှံ စိုက်ပျိုးရေးနဲ့ ဘိန်းစိုက်တောင် သူတွေ ဘဝမြှင့်တင်ဖို့အတွက် အစိုးရက နိုင်ငံတကာ အကူအ ညီယူပြီး လုပ်နေတာတောင် ဘိန်းအထွက်က နှစ်တိုင်းပိုတိုး လာနေပါတယ်။ ဒါကြောင့် ‘ဝ’ ဒေသရဲ့ အစားထိုးသီးနှံအောင် မြင်မှုနဲ့ လုပ်နည်းလုပ်ဟန်ကို တ ခြားဒေသတွေကိုရော မျှဝေဖို့ ရှိပါသလား။

ကျွန်တော်တို့စလုပ်တုန်းက ရွာတွေမှာ ဘိန်းမရှူတဲ့အိမ်ကို မရှိဘူး။ အကြောင်းပြချက်က လည်း ကျန်းမာရေးကြောင့်ပါ။ ဘိန်းက ဆေးတစ်လက်ဆိုတာ လည်း ငြင်းလို့မရဘူး။ ဒါပေမဲ့ လူငယ်တွေစွဲသွားရင်တော့ ဒါ ပြဿနာပဲ။ ‘ဝ’ဒေသကို ကျွန် တော်တို့က စာမျက်နှာသစ်လှန် နိုင်ခဲ့တယ်။ ကျန်ဒေသတွေကို ဘယ်လိုကူညီမလဲဆိုတော့ ကျွန် တော်တို့ဒေသတောင်ပိုင်းမှာ ရှမ်း တပ်ဖွဲ့ RCSS နဲ့ အစကနယ်စပ် မှာ ပြဿနာတွေတက်ဖူးတယ်။ နောက်ပိုင်း ဒီကိစ္စနှစ်ကြိမ်၊ သုံး ကြိမ်ဆွေးနွေးဖြစ်တယ်။ ဘိန်း စိုက်တဲ့နေရာကို ကျွန်တော်တို့ကို ပြပါ။ အစားထိုးသီးနှံလည်း ကျွန် တော်တို့ထည့်ပေးမယ်။ ပညာရှင် လည်း ကူညီပေးမယ်။ ဒါတွေ လုပ်နေတဲ့ ၂ နှစ်အတွင်းမှာ ကုန် ကျစရိတ်နဲ့ စားသောက်ဖို့ရိက္ခာကို ကျွန်တော်တို့ထောက်ပံ့ပေးမယ် ပြောဖူးတယ်။ တောင်ပိုင်းမှာနီး ကပ်နေတော့ သူတို့မပြေလည် ဘူးဆိုရင် ကျွန်တော်တို့ဘက် လည်း ဂယက်ရိုက်တာပဲလေ။ နောက်ဆုံးတော့ မဖြစ်ခဲ့ဘူး။

7Day - ဒေါ်အောင်ဆန်းစုကြည် က လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ခွင့် တောင်းထားတဲ့အပေါ်မှာ ‘ဝ’ အထူးဒေသတပ်ဖွဲ့က ဘယ်လို မြင်ပါသလဲ။ ပြီးတော့ အစိုးရနဲ့ ဆွေးနွေးစဉ်မှာ ဒါကိုပြောကြားခဲ့ တာရှိပါသလား။

ဒီကိစ္စကိုတော့ ကျွန်တော် တို့ မပြောပါဘူး။ ဒီကိစ္စက သူ တောင်းဆိုတာက တောင်းဆိုတာ တစ်ပိုင်း။ ဆွေးနွေးတာ၊ မဆွေး နွေးတာက တစ်ဖက်ကတစ်ပိုင်း ပေါ့။ ကျွန်တော်တို့က ဒီကိစ္စ တော့ သွားမဆွေးနွေးဘူး။

7Day - ဒါဆို အထူးဒေသ (၂ )နဲ့ (၄) က ပြည်မနိုင်ငံရေးနဲ့ ကင်းကွာ နေတယ်လို့ ပြောလို့ရမလား။

ကင်းကွာနေတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က လည်း ဂရုစိုက်ပါတယ်။ ကျွန် တော်တို့ ဆွေးနွေးတာလည်းရှိပါ တယ်။ ပြည်တွင်းနိုင်ငံရေးကို အမြဲစောင့်ကြည့်တယ်၊ လေ့လာ တယ်။ ပူးပေါင်းဆောင်ရွက်မှုပိုင်း ကတော့ နည်းနည်းအားနည်းတာ အမှန်ပါပဲ။

7Day - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါသလား။

ဒီလိုအဖွဲ့အစည်းနဲ့တော့ တွေ့ဖို့ဆုံးဖြတ်ထားတာမရှိပါ ဘူး။ ကျွန်တော်တို့က တိုင်းရင်း သားအဖွဲ့တွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ ပြောဆိုတာ တွေ၊ ထုတ်ပြန်ချက်တွေကို အား လုံးအလေးထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်အဖွဲ့၊ ဘယ်ခေါင်းဆောင်၊ ဘယ်ပါတီ တွေ့ချင်ပါတယ် ဆိုတာတော့ မရှိပါဘူး။

7Day - နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့တဲ့ စစ် အစိုးရနဲ့ အန်ကယ်တို့ဟာ တစ် ချိန်က ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တယ်။ အခု ဒီမို ကရေစီစနစ်ကိုသွားနေတဲ့ အစိုး ရ၊ တပ်မတော်နဲ့လည်း ယခင် ဆက်ဆံရေးကို ဆက်ထိန်းထား တယ်။ ဒါပေမဲ့ အတိုက်အခံနဲ့ နိုင်ငံရေးအင်အားစုတွေနဲ့တော့ ဆက်ဆံမှုမျိုးမရှိဘူး။ ဒီတော့ ‘ဝ’ တပ်မတော်ဟာ ကိုယ်ကျိုးစီးပွား အတွက် ရှေ့တန်းတင်ပြီး အစိုးရ နဲ့ တပ်မတော်ကိုပဲ ချဉ်းကပ်ပူး ပေါင်းတယ်လို့ စွပ်စွဲမှုတွေအပေါ် ဘယ်လိုများတုံ့ပြန်လိုပါသလဲ။

ဒါက ဒီလိုရှိပါတယ်။ သမိုင်း ဖြစ်စဉ်ဆိုတာကို ခင်ဗျား ဒီနေရာ ကနေ ကြားဖြတ်ပြီးတော့ ပြောလို့ မရဘူး။ အရင်စစ်အစိုးရဆိုတာ သူတို့ခေတ်မှပေါ်တာမဟုတ်ဘူး။ ဦးနေဝင်းခေတ်ကတည်းက ပေါ် တာ။ ဘာအကြောင်းနဲ့ စတာ လဲဆိုတာလည်း အားလုံးသိ တယ်။ ဒီတစ်ကွက်တည်း ယူပြော လို့ရတဲ့ကိစ္စမဟုတ်ဘူး။ မှားတာ ရှိရင် ပြင်ရမယ်။ မှန်တာဆက် လုပ်ရမယ်။ ခင်ဗျားပြောတာ တော့ ဟုတ်ပါတယ်။ ပြည်မနဲ့ ဆက်သွယ်မှုနည်းပါတယ်။ အရင် က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးစယူ ရတယ်။ ဒါကို စစ်အစိုးရက မကောင်းဘူးသွားပြောလို့ရ မလား။ ကျွန်တော်တို့ ငြိမ်းချမ်း ရေးဆိုတာ မိုးပေါ်က ကျမလာဘူး လေ။ နှစ်ဖက်ကြည့်ရတာ။ ပြည် သူတွေနဲ့ ဆက်သွယ်မှုအားနည်း နေတာက ဘာသာစကားပေါက် တာ နည်းတာလည်းပါတယ်။ အသွားအလာနည်းတာလည်းပါ တယ်။ ဟိုးအရင်ကဆို လုံးဝမရှိ ဘူး။ ငြိမ်းချမ်းရေးရပြီးတဲ့နောက် ပြည်မနဲ့တော့ ပြန်ဆက်သွယ်လာ ပါပြီ။ အရင်က နိုင်ငံရေးပါတီတွေ မရှိဘူးလေ။ အခုရှိလာပြီ။ တပ် မတော်နဲ့ အထူးရင်းနှီးတယ်ဆို တာတစ်ပိုင်းပါ။ ပါတီတွေ၊ နိုင်ငံ ရေးသမားတွေနဲ့ အဆက်သွယ် နည်းတာမှန်ပါတယ်။ အရှေ့ မြောက်တောင်ကြားဒေသလေး မှာ ကျွန်တော်တို့နေတာပါ။ အရင်က တောင်ပေါ်က ဆင်းလာ ရင် စီးပွားရေးကိစ္စပဲများတယ်။ အ ခုတော့ ပါတီတွေနဲ့လည်း ဖြည်း ဖြည်းချင်းလုပ်သွားမှာပါ။ ဒါပေမဲ့ တစ်ဖက်က မတွေ့ချင်ဘဲ ကျွန် တော်တို့ချည်း ဆန္ဒရှိလို့မရဘူး။ အချိန်ယူပြီးလုပ်ရမှာပါ။ ပြေ လည်မယ်လို့လည်းယုံပါတယ်။

ကျေးဇူးတင်ပါတယ်။

7Day Daily

No comments:

Post a Comment