Friday, August 29, 2014

မိကျောင်းကန်ပြဿ နာကို တိုင်းဒေသကြီးအစိုးရမှ ပြေလည်အောင် ဖြေရှင်းပေးသော်လည်းပြေလည်မှုမရသဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြေရှင်းရန် နည်းလမ်းတောင်းခံ

မိကျောင်းကန် မြေယာပြဿ နာကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှပြေလည် အောင်ဖြေ ရှင်းပေးနေသော်လည်း ပြေလည်မှု မရသည့် အနေအထား မျိုးဖြစ်နေသဖြင့် ဖြေရှင်းရန်နည်း လမ်းပေးရန် တိုင်းလွှတ်တော်ကိုယ် စားလှယ်များထံသို့ ရန်ကုန်တိုင်းဒေ သကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နည်းလမ်း တောင်းခံခဲ့ကြောင်း သိရသည်။သြဂုတ် ၂၇ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် တာမွေ မြို့နယ်တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်၏ လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကြောင့် ပြည်သူများနစ်နာမှုမရှိစေ ရေးအတွက် စုံစမ်းရေးကော်မရှင်အ စီရင်ခံစာပါ ရန်ကုန်တိုင်းဒေသကြီး အတွင်းလယ်ယာမြေနှင့်အခြားမြေ များသိမ်းဆည်းမှုများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီး ပြတ်အောင် ဆောင်ရွက်ပေးရန်တိုက် တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးတင်ဝင်းကလွှတ်တော်အတွင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးတင်ဝင်းက'ပြီးခဲ့တဲ့ နှစ်တွေကလွန်ခဲ့တဲ့၁ဝနှစ်၁၅နှစ်က ဖြစ်ခဲ့တဲ့ ပြဿ နာဆိုပေမယ့် ကျွန် တော်တို့ အစိုးရကကောင်းအောင် ဖြေရှင်းပေးသော်လဲပဲ ပြေလည်မှု မရ တဲ့ အနေအထား ဖြစ်ပါတယ်။ လွှတ် တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ လဲ ဒီအပေါ်မှာ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းများရှိရင်လည်းပဲ ကျွန် တော်တို့ကို နည်းလမ်းပေးပါ။ ကျွန် တော်တို့ ပြေလည်အောင် ဖြေရှင်းပေး ပါမယ်''ဟု ပြောသည်။
မိကျောင်းကန်မြေယာသည် မီးရထားပိုင် မြေယာဖြစ်ပြီး မီးရထား မှ အိုးအိမ်ဌာနသို့လွှဲပြောင်းခဲ့ပြီးအိုးအိမ်ဌာနမှတစ်ဆင့်တပ်မတော်ကိုလွှဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး ကြီးတင်ဝင်းကပြောသည်။
ယင်းက''ဒီထဲမှာမြေတရားဝင်ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့လူ သုံးလေးဦး ကိုလဲ သက်ဆိုင်ရာက လျော်ကြေးပေးပြီး သားဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေ က ကျူးကျော်နေထိုင်သူတွေပဲဖြစ်ပါ တယ်''ဟု လွှတ်တော်အတွင်း ပြော ကြားခဲ့သည်။

လက်ရှိအငြင်းပွားရာမိကျောင်း ကန်မြေနေရာတွင် မိမိတို့ပိုင်ဆိုင်သည် ဆိုပါက ပိုင်ဆိုင်မှုအထောက်အထား ကို ပြသပါက မိမိတို့အနေဖြင့် သက် ဆိုင်ရာကို တင်ပြဆောင်ရွက်ပေးမည် ဟု ဆိုထားသော်လည်း ပိုင်ဆိုင်မှုမပြ နိုင်သောကြောင့် လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
မိကျောင်းကန်မြေယာ သိမ်း ဆည်းခံထားရမှုအား ဖြေရှင်းပေးရန် မိကျောင်းကန်မြေယာတွင် နေထိုင်ခဲ့ သူများက မဟာဗန္ဓုလပန်းခြံနှင့်ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့ တွင် ယခုနှစ် မတ်၂၄ရက်မှ ယနေ့ အချိန်ထိ သပိတ်စခန်းဖွင့်လှစ်ကာ တောင်းဆိုနေပြီး မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင်း ဦးစိန်သန်းမှာ လည်းကျောက်တံတားမြို့နယ်၊ ပန်းပဲ တန်းမြို့နယ်၊ လသာမြို့နယ်များမှ ပုဒ်မ-၁၈ဖြင့် တရားစွဲဆိုပြစ်ဒဏ်များ ချမှတ်ခြင်းခံထားရသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment