Saturday, August 16, 2014

အီဘိုလာရောဂါထိန်းချုပ်နိုင်ရန် ၆ လ ကြာမြင့်မည်

Photo: အီဘိုလာရောဂါထိန်းချုပ်နိုင်ရန် ၆ လ ကြာမြင့်မည်
Saturday, August 16, 2014 

အီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်အတွင်းကာလလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ၆ ခြောက်လလောက် ကြာမြင့်အုံးမယ်လို့ နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူ က သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိက နိုင်ငံတွေကို ၁၀ ရက်ကြာသွားရောက်လေ့လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျွမ်လီယူ က “ကျမ အဲ့ဒီဒေသတွေကို ရောက်သွားတဲ့အချိန်မှာ စစ်အတွင်းကာလလို့ပဲ ခံစားရတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် စိုးရိမ်ကြောက်ရွံ့နေရပြီး အခုဘာဖြစ်နေတယ်။ နောက်ဘာတွေ ဆက်ဖြစ်အုံးမယ်။ ဘယ်သူမှ အသေအချာမသိကြပါဘူး”လို့ ပြောဆိုပါတယ်။

ဒေသတခုလုံးကို ထိန်းနိုင်ဖို့ လိုင်ဘေးရီးယားနိုင်ငံက အခြေအနေကို အရင်ဆုံး ထိန်းနိုင်ဖို့ အရေးကြီးနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်နေတယ်လို့လည်း နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူက ပြောဆိုပါတယ်။

“လိုင်ဘေးရီးယားနိုင်ငံရဲ့လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေကို မထိန်းနိုင်ရင် ဒေသတခုလုံးကို လုံးဝထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် WHO အဖွဲ့ကြီးက ဦးဆောင်ပြီး လက်တွေ့ကျကျအလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

အီဘိုလာရောဂါကြောင့် ဒီနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးသူ ၁၀၆၉ ဦးရှိသွားပြီလို့ WHO အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

 ဒီဗွီဘီ 

ဓာတ်ပုံ - ရိုက်တာ
အီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်အတွင်းကာလလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ၆ ခြောက်လလောက် ကြာမြင့်အုံးမယ်လို့ နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူ က သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားပါတယ်။
ရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိက နိုင်ငံတွေကို ၁၀ ရက်ကြာသွားရောက်လေ့လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းေ ထာက်တွေ နဲ့ တွေ့ဆုံပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျွမ်လီယူ က “ကျမ အဲ့ဒီဒေသတွေကို ရောက်သွားတဲ့အချိန်မှာ စစ်အတွင်းကာလလို့ပဲ ခံစားရ တယ်။ ဘယ်နေရာပဲဖြစ်ဖြစ် စိုးရိမ်ကြောက်ရွံ့နေရပြီး အခုဘာဖြစ်နေတယ်။ နောက်ဘာတွေ ဆက်ဖြစ်အုံးမယ်။ ဘယ်သူမှ အသေအချာ မသိကြပါဘူး”လို့ ပြောဆိုပါတယ်။

ဒေသတခုလုံးကို ထိန်းနိုင်ဖို့ လိုင်ဘေးရီးယားနိုင်ငံက အခြေအနေကို အရင်ဆုံး ထိန်းနိုင်ဖို့ အရေးကြီးနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်နေတယ်လို့လည်း နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူက ပြောဆိုပါတယ်။

“လိုင်ဘေးရီးယားနိုင်ငံရဲ့လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေကို မထိန်းနိုင်ရင် ဒေသတခုလုံးကို လုံးဝထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် WHO အဖွဲ့ကြီးက ဦးဆောင်ပြီး လက်တွေ့ကျကျအလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

အီဘိုလာရောဂါကြောင့် ဒီနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးသူ ၁၀၆၉ ဦးရှိသွားပြီလို့ WHO အဖွဲ့ကြီးက ထုတ်ပြန်ထားပါ တယ်။

 ဒီဗွီဘီ

ဓာတ်ပုံ - ရိုက်တာ

No comments:

Post a Comment