Sunday, August 17, 2014

ကျပ်သန်း ၁ဝဝဝ ကွာဟနေမှုကို ပြည်နယ်လွှတ်တော် အစည်းအဝေး၌ တရားဝင်ဖြေရှင်းပေးစေလို

ပြည်ထောင်စု ဘတ်ဂျက်ဥပဒေအရ မွန်ပြည်နယ်အစိုးရ အဖွဲ့သို့ ထောက်ပံ့ငွေပမာဏနှင့် မွန်ပြည် နယ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေအကြား ကျပ်သန်း ၁ဝဝဝ ကွာဟနေမှုကို မွန်ပြည် နယ်အစိုးရမှ ပြန်လည်ရှင်းလင်းခဲ့သော်လည်း လွှတ်တော်နှင့် အစိုးရအကြား လူထု၏ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲနေသည့် အုပ်ချုပ်ရေးအဖွဲ့ ၏တာဝန်ခံမှုကို ပိုမိုပီပြင်ရန် လာမည့်ပြည် နယ်လွှတ်တော် အစည်းအဝေးသို့ တရား ဝင် စာပို့စေလိုသည်ဟု မွန်ပြည်နယ်လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးက ဆိုသည်။
''ကျွန်တော်တို့ကော်မတီက တ ရားဝင် စာပို့ထားတဲ့အတွက် ဝန်ကြီးတို့က လာမယ့်လွှတ်တော်အစည်အဝေးမှာ ဒီလို ဖြစ်တာကို တင်ပြမယ်ဆိုတဲ့တရားဝင်ပြန် စာ(Offcially Reply)ကို ပို့ပေးစေချင်တယ်။ ဒါမှသာလျှင် လွှတ်တော်နဲ့ အစိုးရအကြား လူထုရဲ့ ဘဏ္ဍာရန်ပုံငွေကိုသုံးစွဲနေတဲ့ အုပ် ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံမှုကို ပိုပြီးပီပြင် တယ်လို့ အကြံပြုထားတယ်။ အစိုးရအဖွဲ့ ကလဲ တရားဝင်စာပို့ပေးပါမယ်လို့ ကတိပေး ထားတယ်''ဟု ဦးအောင်နိုင်ဦးကပြောသည်။

ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ ဆိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ပြည်ထောင်စုမှ ထောက်ပံ့ငွေ ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်ကို ကျပ်သန်းပေါင်း ၃၅၅ဝ၃ ဒသမ ၁၈၄ ထောက်ပံ့ခဲ့သော်လည်း မွန်ပြည် နယ် ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေ၌ ကျပ် သန်းပေါင်း ၃၄၅ဝ၃ ဒသမ ၁၈၄ဟု ဖော်ပြ ထားခြင်းကြောင့် ကျပ်သန်း ၁ဝဝဝကွာဟ နေခြင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ် သြဂုတ် ၆ ရက်တွင် ပထမဆုံးအကြိမ်အနေဖြင့် ရသုံးမှန်းခြေ ငွေစာရင်းညွှန်မှူး၊ စာရင်းစစ်များဖြင့် ကွာ ဟငွေအား ညှိနှိုင်းဆွေးနွေးခြင်း၊ ၇ ရက်တွင် စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ဒုတိယအကြိမ် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ၁၁ ရက်တွင် လွှတ်တော်ရေးရာကော်မတီ ပူးပေါင်း ပုံမှန် အစည်းအဝေးတွင် ကွာဟငွေအား အစိုးရ အဖွဲ့အနေဖြင့် ရှင်းပြရန်၊ လိုအပ်ပါက ဘဏ္ဍာ ရေးကော်မရှင်ထံတင်ပြပြီး အကြံပြုဆွေးနွေး သင့်ကြောင်း ကော်မတီအစည်းအဝေးတွင် ဘဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
''ပြည်နယ်အစိုးရအဖွဲ့ သာမန် ရငွေဇယား(၁)မှာ သန်း ၂ဝဝဝ ရကြောင်း ကို ဖော်ပြထားရာမှာ ထိုငွေသန်း ၂ဝဝဝ ထဲ က ကွာဟငွေသန်း ၁ဝဝဝ ကို ထည့်သွင်းထား တဲ့အတွက် ငွေစာရင်းကွာဟမှု မရှိပါ''ဟု မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က အစိုးရအဖွဲ့ကိုယ်စား ၁၂ ရက်တွင် မွန်ပြည်နယ်လွှတ်တော်၌ ဖြေဆို ခဲ့သည်။
ပြည်ထောင်စုထောက်ပံ့ငွေ၌ ကျပ် သန်းပေါင်း ၃၄၅ဝ၃ ဒသမ ၁၈၄ ကို မွန် ပြည်နယ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေ၌ လည်းကောင်း၊ ကျန် ကျပ်သန်း ၁ဝဝဝ ကို ပြည်နယ်အစိုးရအဖွဲ့ ဇယား(၁)၏ အခြား သာမန်ရငွေစာရင်းအောက်တွင် လည်းကောင်း သီးခြား ခွဲခြားဖော်ပြထားကြောင်း ပြည်နယ် အစိုးရအဖွဲ့က ရှင်းလင်းခဲ့သည်။
''၃၅၅ဝ၃ ဒသမ ၁၈၄ သန်းမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အသုံး ပြုရန် ငွေသန်း ၁ဝဝဝ တစ်ပေါင်းတည်းပါဝင် နေလို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ခွဲခြား ပြီးဖော်ပြရန် အထက်ကညွှန်ကြားချက်ပေး လို့ ခွဲခြားပြီးဖော်ပြထားတယ်လို့သိရှိပါတယ် လို့ ဘဏ္ဍာရေးဝန်ကြီးဒေါက်တာခင်မောင် သွင်က ရှင်းသွားတယ်''ဟု မွန်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးကျင်ဖေကပြောသည်။
''ပြည်သူဆီကရတဲ့ငွေ၊ သဘာ ဝ အရင်းအမြစ်ဆီကရတဲ့ ငွေကို ခွဲဝေသုံး စွဲရာမှာ ထင်သာမြင်သာရှိဖို့၊ စနစ်တကျ ရှိဖို့ လူထုတွေ သံသယမဖြစ်ဖို့ အရေးကြီး တယ်''ဟု မွန်ပြည်နယ်လွှတ်တော်၊ အဆို မေးခွန်းဥပဒေများ အကောင်အထည်ဖော် မှု လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

Yangon Media Group

No comments:

Post a Comment