Sunday, August 17, 2014

မင်္ဂလာတောင်ညွှန့် စီးပွားရေးအဆောက်အအုံတင်ဒါ ဂမုန်းပွင့်ရရှိသွားခြင်းကို စည်ပင်ရှင်း

မင်္ဂလာတောင်ညွန့်မြို့ နယ်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက စီးပွားရေး အဆောက်အအုံများတည်ဆောက်ရန် တင်ဒါခေါ်ယူရာ အားနည်းချက်များရှိနေသော ကြောင့် Sun Mon Star ကုမ္ပဏီ ကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့် ကုမ္ပဏီကိုသာ ရွေးချယ်ရခြင်းဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်နှင့် မြန်မာ့ဂုဏ် ရည်လမ်းထောင့်တွင် မြေ ရှစ်ဧကကျော်ကို စီးပွားရေးအဆောက် အအုံများ တည်ဆောက်ရန် တင် ဒါခေါ်ယူခဲ့ရာ တင်ဒါရွေးချယ် မှုအပိုင်းတွင် မျှတမှုမရှိကြောင်း ရွေးချယ်ခြင်း မခံခဲ့ရသည့် Sun Mon Star ကုမ္ပဏီမှတာ ၀န်ရှိသူများက ပြောဆိုထားခြင်း ကို အထက်ပါအရာရှိက ပြန် လည်ဖြေရှင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
‘‘သူတို့ရဲ့ တင်ပြချက်က ကောင်းပါတယ်။ ဒါပေမဲ့ တင်ဒါမူ   ၀ါဒပိုင်းရဲ့စည်းကမ်းပိုင်းအချို့မှာငြိနေတာတွေရှိတယ်။ လုပ်ကိုင် ခွင့်ရှိမယ့် ကုမ္ပဏီကို ရွေးချယ်ပြီး တဲ့ အချိန်ပြီးမှ သူတို့က ရင်းနှီး မြှုပ်နှံမယ့် ငွေပမာဏကို တိုးပေး တယ်။ ဒါကြောင့် သူတို့ကို မရွေး ချယ်ရတာပါ’’ ဟု အထက်ပါ အရာရှိကဆိုသည်။
အဆိုပါတင်ဒါရွေးချယ်ခြင်း ကို ရန်ကုန်မြို့တော်ဝန် ဦး ဆောင်သည့် တင်ဒါစိစစ်ရေး အဖွဲ့က မျှတစွာ ရွေးချယ်ခြင်းဖြစ် ကြောင်း အထက်ပါအရာရှိကဆို သည်။ ရွေးချယ်ရာတွင် နောက် ဆုံးဆန်ခါတင်ရွေးချယ်မှုအဖြစ် Sun Mon Star ကုမ္ပဏီနှင့် ဂမုန်း ပွင့်ကုမ္ပဏီတို့ကို ရွေးချယ်ခဲ့ရာ တင်ဒါစိစစ်ရေးအဖွဲ့က ဂမုန်းပွင့်  ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။

တိုင်းဒေသကြီး အဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့ သည် ရွေးချယ်မှုအပိုင်းတွင် မသာ မှုအချို့ရှိကြောင်း Sun Mon Star ကုမ္ပဏီမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြော ဆိုသည်။

‘‘ကုမ္ပဏီအနေနဲ့ ကျွန် တော်တို့ စည်ပင်ကို တရားဝင် လာမေးစေချင်ပါတယ်။ ဘာ ကြောင့် မရွေးချယ်ရတယ်ဆိုတာ တွေကို ပြောပြပေးမှာပါ။ အပြင် ကနေ အဓိပ္ပာယ်မရှိတာတွေကို မပြောစေချင်ပါဘူး’’ဟု အင်ဂျင် နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀ ဖြင့် ဆန်ခါတင်ပထမဆင့်ဝင်ထားသည့် SunMon Star ကုမ္ပဏီမှ ထိုင်းနှင့် မြန်မာလုပ်ငန်းရှင်များ၊ ပညာရှင် များ ပူးပေါင်းပြီး အဆိုပြုလွှာ တင်သွင်းခဲ့သော်လည်း ပြည်တွင်းပညာရှင်များဖြင့် ပူးပေါင်းဖွဲ့ စည်းထားသည့် ဂမုန်းပွင့်ဆောက် လုပ်ရေးကုမ္ပဏီက အမေရိကန် ဒေါ်လာ ၉၃ သန်းရင်းနှီးမြှုပ်နှံရန်

အဆိုပြုထားသည့် တင်ဒါဖြင့်ယှဉ်ပြိုင်ခဲ့ရာငွေကြေးရင်းနှီးမြှုပ်နှံသည့် ပမာဏနည်းသည့် ကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းမှာ ပွင့် လင်းမြင်သာမှုမရှိကြောင်း အဆို ပါ Sun Mon Star ကုမ္ပဏီက စွပ်စွဲပြောဆိုထားသည်။

‘‘တင်ဒါတင်တဲ့အဖွဲ့ပေါင်း စုစုပေါင်း လေးဖွဲ့ရှိပါတယ်။ ရန် ကုန်တိုင်းဝန်ကြီးချုပ်ရုံးကနေ နောက်ဆုံးဆန်ခါတင်နှစ်ဖွဲ့ကို ခေါ်ယူရှင်းလင်းစေတဲ့ မှတ်တမ်း တွေကို ပြန်ကြည့်ရင် အဖြေမှန် ပေါ်လာပါလိမ့်မယ်။ တင်ဒါစည်း ကမ်းအတိုင်း ပြည့်ပြည့်စုံစုံတင်ပြ နိုင်တဲ့အဖွဲ့ဟာ ကျွန်တော်တို့ တစ်ဖွဲ့တည်းပဲရှိပါတယ်’’ဟု Sun Mon Star ကုမ္ပဏီမှ အမည်မဖော်လိုသူ တာဝန်ရှိသူကပြောသည်။

Sun Mon Star ကုမ္ပဏီအ နေဖြင့် တင်ဒါမရရှိ၍ ယခုကဲ့သို့ပြောကြားခြင်းသာဖြစ်ပြီး ဂမုန်းပွင့် ကုမ္ပဏီအနေဖြင့် ပူးတွဲစီမံချက် တင်ပြနိုင်ခြင်းမရှိဆိုသည်မှာ လုံး ၀မဟုတ်မှန်ဘဲ ဆောင်ရွက်မည့် အဆိုပြုလွှာများပါ တင်ဒါစာရင်း တွင် ထည့်သွင်းတင်ပြထား ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။

အဆိုပါမြေနေရာတင်ဒါကို ပြီးခဲ့သည့် ၂၀၁၃ စက်တင်ဘာ လထုတ်နိုင်ငံပိုင်သတင်းစာများ တွင် စိတ်ပါဝင်စားသူလုပ်ငန်းရှင် များကို တင်ဒါခေါ်ယူခဲ့ပြီး ၁၁ လ အကြာတွင် အစိုးရအဖွဲ့က ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေနေရာတွင် တင် ဒါရရှိထားသည့် ဂမုန်းပွင့်ကုမ္ပဏီ အနေဖြင့် ဟိုတယ်၊ ကွန်ဗင်းရှင်း စင်တာ၊ ရုပ်ရှင်ရုံပြဇာတ်ရုံ၊ ရှော့ ပင်းမောလ်နှင့် ရုံးခန်းများကို တည် ဆောက်သွားရမည်ဖြစ်ပြီး မြို့ တွင်းပိုင်း၌ စီးပွားရေးလုပ်ငန်းများ  ကျပ်တည်းနေမှုကို ဖြေရှင်းရန် အဆိုပါစီမံကိန်းကို ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲသူများက အကြံပြု လုပ်ဆောင်စေခြင်းဖြစ်သည်။
7daydaily.com

No comments:

Post a Comment