မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်သော လူသတ်မှု စွဲချက်ဖြင့် မလေးရှားတွင် တရားရင်ဆိုင်နေရသူလေးဦးကိုတွေ့ရစဉ် ( thestar.com.my )
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အပိုင်း အစများစွန့်ပစ်ခဲ့သူလေးဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးရာ အဆို ပါလေးဦး က မြန်မာနိုင်ငံသားဟုဝန်ခံထားကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံတွင်နေထိုင်သော ကိုသက်ဆိုသူ မြန်မာနိုင်ငံသားကို ယခုဖမ်းဆီး ခံထားရသူ လေးဦးက သြဂုတ် ၁ ရက်တွင်သတ်ဖြတ်ခဲ့သည်။ သတ်ဖြတ်သူများသည် ကိုသက်၏ခန္ဓာကိုယ်အပိုင်းအစများကို ပလတ်စတစ် အိတ် ဖြင့်ထည့်၍ အဝေးပြေးလမ်းတွင် သွားရောက် စွန့်ပစ်ရာ ကားတိမ်း မှောက် ရာမှ ဖမ်းဆီးမိခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံ The Star သတင်းဌာန ကဖော်ပြထား သည်။
ဖမ်းဆီးခံထားရပြီး မြန်မာ နိုင်ငံသားဟု ဝန်ခံထားသောသူများမှာ ကိုမျိုးမြင့်၊ မိုဟာမက်ဟတ်ဆန်အလီ၊ ရှာဟစ်အုတ်မန်းနှင့်ဟာဂျီအစ်မေးလ် တို့ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။
‘‘လူသတ်ပြီးဖမ်းဆီးခံရတဲ့သူတွေက မြန်မာနိုင်ငံသားလို့ ရဲဌာနကိုပြောထားတယ်။ သူတို့က မြန်မာတစ်ယောက်ကိုသတ်ခဲ့ တယ်လို့လည်း ပြော ထား တယ်။ သူတို့ရုပ်တွေကြည့်ရတာ မြန်မာ နိုင်ငံသားတွေမဖြစ်နိုင်ဘူး။ ရဲဌာနကိုသေ ချာအောင် စိစစ်ချက်တွေ တောင်းထားတယ်။ သတင်းဌာနတွေ ကတော့ မြန်မာနိုင်ငံသားလို့ရေးသားထားတယ်။ မဖြစ်နိုင်ပါဘူး’’ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှတာဝန်ရှိသူ တစ်ဦးကပြော သည်။
ဖမ်းဆီးခံရသူလေးဦးအနက်ကိုမျိုးမြင့်နှင့် မိုဟာမက်ဟတ်ဆန် အလီတို့ကို စစ်ဆေးပြီးဖြစ်သော်လည်း ရှာဟစ်အုတ်မန်းနှင့် ဟာဂျီအစ်မေးလ် တို့ကို ဘာသာ စကား အခက်အခဲများကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ရုံးချိန်း ထုတ်၍စစ်ဆေးသွားမည်ဟု The Star သတင်းဌာန ကဖော်ပြထား သည်။
‘‘မလေးရှားမှာ တချို့တရား ခံတွေက သူတို့ဖမ်းမိပြီဆိုရင် မြန် မာနိုင်ငံသားလို့ ဝန်ခံကြတယ်။ အဲဒီလိုဝန်ခံပြီဆိုရင် မလေးရှားမှာ လုပ်နေတဲ့ မြန်မာတွေ အတွက် ပြဿနာတော်တော်ရှိတယ်။ တချို့ ဘာသာခြားတွေ ပြစ်မှုလုပ်မိလို့ အဖမ်းခံရရင် အဲဒီလိုဝန်ခံ တာပဲ’’ဟု မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးမင်းကပြောသည်။
7Day DAILY
No comments:
Post a Comment