Saturday, August 30, 2014

ရွေးကောက်ပွဲစနစ်လေ့လာရေး ကော်မရှင်၏ ဆွေးနွေးမှုတွင် မည်သည့်အချိန် ကျင့်သုံးမည်ဟု မပါရှိ

ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲစနစ်လေ့လာရေးကော် မရှင်၏ ဆွေးနွေးမှု ခေါင်းစဉ်တွင် မည်သည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဆိုသော အချိန်ကာ လသတ်မှတ်ချက်မပါကြောင်း အဆိုပါကော်မရှင်မှ သတင်းရရှိ သည်။
ကော်မရှင်က လက်ရှိကျင့် သုံးနေသော နိုင်သူအကုန်ယူ (FTPT) စနစ်နှင့် အချိုးကျကိုယ် စားပြုစနစ်(PR) နှစ်မျိုးတွင် မည် သည့်စနစ်ကို အသုံးပြုမည်ဆို သည်ကို ဆွေးနွေးနေခြင်းဖြစ်သည်။ ‘‘အဓိကကတော့ အစည်းအဝေးရဲ့ ခေါင်းစဉ်မှာ အချိန်ကာလကို သတ်မှတ်ထားခြင်း မရှိဘူး။ ဘယ်ရွေးကောက်ပွဲအတွက် ရည်ရွယ်တယ်ဆိုတာလည်းမပါတဲ့အတွက် ကျွန်တော်တို့က ဒါကို သဘောကျတယ်။ လွှတ်တော် မှာ ဆွေးနွေးတဲ့အခါမှာ ဒါကအား သာချက်ပါ’’ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး စိုင်းမောင်တင် ကပြောသည်။

ရွေးကောက်ပွဲစနစ်လေ့လာ ရေးကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးအနက် ပီအာရ် စနစ်ကို လက်မခံသည့် ညီနောင် တိုင်းရင်းသား ပါတီ များ ဖက်ဒ ရေးရှင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် စုစုပေါင်း ၉ ဦးပါဝင်နေသည်။

သို့သော် ကော်မရှင်တွင် ဆွေးနွေးမှုအားလုံးကို မဲခွဲဆုံးဖြတ်မည်မဟုတ်ဘဲ တွေ့ရှိချက်အစီ ရင်ခံစာရေးသား၍သာ ပြည်သူ့ လွှတ်တော်သို့ တင်ပြ မည်ဖြစ် သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။

အဆိုပါအစည်းအဝေးတွင် ကော်မရှင်တွင် ပါဝင်သော လွှတ် တော်ကိုယ်စားလှယ်များနှင့် သီး သန့်ဆွေးနွေးမှုကို သြဂုတ် ၂၆ ရက်မှ ၂၈ ရက် ထိ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီး အဖြေတစ်ခုထွက် သည်အထိ ညှိနှိုင်းဆွေးနွေးမည် ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးသိန်းထွန်းဦး က ပြောကြားထားသည်။

အစည်းအဝေး၏ ကျန်ရက်များတွင်မူ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် NGO အဖွဲ့ အစည်းများလည်း ပါဝင်မည်ဖြစ် ကြောင်း ကော်မရှင်မှ သိရသည်။

7Day DAILY

No comments:

Post a Comment