Friday, August 8, 2014

ရန်ကုန်မြို့ပတ်ရထားအဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် မလွတ်သောမြေများအား ဒေသပေါက်ဈေးဖြင့် ပေးလျော်သွားမည်

ရန်ကုန်မြို့ပတ် ရထားအဆင့်မြှင့်တင်ရေး စီမံကိန်း တွင် ရထားလမ်းမြေနှင့် မလွတ်ကင်း သော မြေနေရာများအား ဒေသပေါက် ဈေးဖြင့် နစ်နာကြေးပေးလျော်သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၇ ရက်နေ့ ASIA PLAZA တွင်ပြုလုပ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း မီဒီယာရှင်းလင်း ပွဲတွင်အထွေထွေမန်နေဂျာ (အောက် မြန်မာပြည်) ဦးထွန်းအောင်သင်းက ဆိုသည်။'' အရင်ဆုံးမီးရထားပိုင်မြေ လားဆိုတာ စစ်ဆေးရပါမယ်။ မီးရ ထားပိုင် ဧရိယာထဲက မလွတ်ကင်း ဘူးဆိုရင်တော့ ဘယ်လိုရွှေ့မလဲဆိုတဲ့ စီမံချက်ရှိပါတယ်။ ဘာကြောင့် မလွတ်ကင်းတာလဲ။ မလွတ်ကင်းတဲ့ အတွက်ကြောင့် ဘာတွေနစ်နာမလဲ။ နစ်နာတဲ့အထိုက်အလျောက်ကို ဥပမာ ဒီမြေကွက်က ကျွန်တော် ကကာလပေါက်ဈေး ဘယ်လောက်ရှိ ပါတယ်။ ဒေသမှာရှိတဲ့ အာဏာပိုင် ကိုအဆင့်ဆင့် တင်ပြပြီးတော့ ဒေသကပေါက်ဈေးကို ပေးလျော်သွားမှာ ပါ'' ဟု၎င်းကဆိုသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအား လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်သွားမည်ဖြစ် ပြီး၊ JICA Study Team အဖွဲ့နှင့် မြန်မာ့မီးရထားအဖွဲ့မှပူးပေါင်းလုပ် ဆောင်သွားမည် ဖြစ်ကြောင်းသိရ သည်။

''အခုလို့မလွတ်ကင်းတဲ့မြေ တွေကို လျော်ကြေးပေးလျော်မယ် ဆိုရင် အခုလက်ရှိကျူးကျော်ထား တဲ့သူ တွေ ထက်မီးရထားပိုင်မြေကို ထပ်ပြီး ကျူးကျော်လာနိုင်ပါတယ်။ ဒါတွေကိုလဲဖြေရှင်းမယ့် နည်း လမ်း တွေလဲကြိုတင်ပြင်ဆင် ထားပါတယ်'' ဟု ဦးထွန်းအောင်သင်း အထွေထွေ မန်နေဂျာ(အောက်မြန်မာပြည်)က ဆိုသည်။
ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် မြန်နှုန်းမြင့် ရထားများပါဝင်ကာ၊ လမ်းပိုင်းအဆင့်မြှင့်တင်ရေး၊ ယာဉ်ကြော ကျပ်တည်းမှုပြသနာများ ဖြေရှင်း ရေးစသည့် အချက်များပါဝင်ကြောင်း သိရသည်။
လက်ရှိအနေအထားတွင် စီမံ ကိန်းနှင့်ပတ်သက်၍ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး စီမံချက်အား ၂ဝ၁၄ ခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်သေးဘဲ လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံပြောဆိုခဲ့သည်။
NMK
Democracytoday

No comments:

Post a Comment