Wednesday, August 6, 2014

တပ်မတော်ကိုမုဒိမ်း၊ အဓမ္မတပ်မတော်လို့ မပြောရုံတမယ် ပြည်ပအဖွဲ့အစည်းတွေရှေ့မှာ အပုပ်ချတဲ့ ဆူဇန်နာလှလှစိုးနဲ့ အပေါင်းအပါတွေရဲ့အဓိကပစ်မှတ်က တပ်မတော်ဆိုတာပေါ်လွင်နေတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် ဆက်သွယ်မေးမြန်းချက်

ဒေါ်ဆူဇန်နာလှလှစိုးကတပ်မတော် ဟာ စုံစမ်းရခက်ခဲတဲ့ ဒေသတွေမှာ၊ တိုင်း ရင်းသားဒေသတွေမှာ အဓမ္မမှုကို လက် နက်သဖွယ်အသုံးပြုခဲ့တယ်ဆိုတာမျိုး ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါ ပြောသွားတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ် မှူးကြီးကfacebook စာမျက်နှာကတစ် ဆင့် တုံ့ပြန်ခဲ့တဲ့ အခြေအနေလေး သိပါ ရစေ။ ဖြစ်စဉ်အကျဉ်းပေါ့နော်။
ဒါကျွန်တောfacebook မှာလည်း ရေးထားပါတယ်။ဆိုလိုချင်တာကဒေါ်ဆူ ဇန်နာလှလှစိုးတို့ အမျိုးသမီးကွန်ရက် ကပြည်ပနိုင်ငံကအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့တွေ့ချိန်မှာ အဲ့ဒီအဖွဲ့အစည်း တွေနဲ့ မီဒီယာတွေကိုတင်ပြပုံက စုံစမ်းရ ခက်ခဲတဲ့တိုင်းရင်းသားဒေသတွေမှာ တပ် မတော်က အဓမ္မပြုကျင့်မှုကိုလက်နက် သဖွယ်အသုံးပြုခဲ့တယ်ဆိုပြီးတပ်မတော် ကြီးကို မုဒိမ်းတပ်မတော်လို့မစွပ်စွဲရုံတစ် မယ်ပြောခဲ့ပါတယ်။ သူ့စကားကိုကြားရ တော့ ၈၈ အရေးခင်းကာလတုန်းက ကလေးမလေးတစ်ယောက်ကိုလုံထိန်းတွေ က အဓမ္မကျင့်တယ်ဆိုပြီး လီဆယ်လုပ် ကြံထွက်ဆိုခိုင်းတဲ့ ခရစ်စတိုဘာဂါးနက် နဲ့ BBC အင်တာဗျူးတစ်ခုကိုသွားသတိ ရမိတယ်။ ဒီအင်တာဗျူးထွက်လာတော့ လူထုအုံကြွမှုကအရှိန်ပြင်းပြီး အပြစ်မဲ့ ပြည်သူတွေကိုခေါင်းဖြတ်သတ်မှုတွေအထိ ဖြစ်ခဲ့တယ်။ ခုနောက်ပိုင်း မုဒိမ်းမှုဆိုတဲ့ လုပ်ကြံဖန်တီးမှုတွေ ဘူးပေါ်သလိုပေါ် လာတော့ ခေါင်းစဉ်ပြောင်းလဲပြီး အခွင့် ထူးခံတပ်မတော်ဆိုပြီး ရှုံ့ချဖို့အတွက် အပြစ်မဲ့လူထုကို လမ်းပေါ်ထွက်ဖို့ဆွဲခေါ် လာပြန်တယ်။ ဒီလိုဆွဲခေါ်လာသူထဲမှာ ဦးထင်လင်းဦးတို့၊ ဦးမင်းဇေယျာတို့ပါ လာတယ်။ ဒီတော့ ဒေါ်ဆူဇန်နာလှလှစိုး နဲ့အပေါင်းအပါတွေရဲ့ပစ်မှတ်ဟာ တပ် မတော်ဆိုတာပေါ်လွင်လာတယ်။

အဲဒBBC စာမျက်နှာမှာ ဒေါ်ဆူ ဇန်နာလှလှစိုးရဲ့ ကွန်ရက်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုအပိုင်းကိုလည်း ဗိုလ်မှူး ကြီးက ဝေဖန်ထားသေးပါတယ်။ အဲ အပေါ်လည်း အနည်းငယ်ရှင်းပြပေးစေ လိုပါတယ်။
သူအခုလုပ်နေတဲ့မြန်မာအမျိုးသမီး များငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ရက်မှ ဥက္ကဋ္ဌဒေါ်ဆူဇန်နာလှလှစိုးဆိုသူဟာ သူ့ အဖွဲ့အစည်းက အင်အားဘယ်လောက် ရှိသလဲ။ သူအဲ့ဒီမှာ ဥက္ကဋ္ဌဖြစ်လာတာဟာ ထောက်ခံမဲဘယ်လောက် ကန့်ကွက်မဲ ဘယ်လောက်ရှိသလဲဆိုတာ ပွင့်လင်းမြင် သာစွာ သိလိုပါတယ်။ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေရဲ့၊ အဖွဲ့တွေ ရဲ့ဥက်္ကဋ္ဌဆိုပြီး မိမိတို့ကိုယ်ကိုခံယူထားကြ သူများကရော အထက်ပါအတိုင်းဖြေရှင်း ဖို့တော့လိုမယ်ထင်ပါတယ်။ ဥက္ကဋ္ဌက ငါ၊ ဒုဥက္ကဋ္ဌက ငါ့ခင်ပွန်း/ဇနီး၊အတွင်းရေးမှူး ကတော့ ငါ့တူ/ငါ့သူငယ်ချင်းဆိုတဲ့ အဖွဲ့ အစည်းတွေ ဘယ်လောက်ရှိသလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုလိမ့်မယ်။ အဓိက က အဲဒါကို မီးမောင်းထိုးပြလိုတာပါ။
ဆက်လက်ဝေဖန်ရေးသားချက်အရ တပ်မတော်ပိုင်းက ပြစ်မှုကျူးလွန်သူတွေ ကို အရပ်ဘက်တရားရုံးတွေက တရား စီရင်ပြစ်ဒဏ်ချလို့ မရဘူးဆိုတဲ့ အချက် ကို ဒေါ်ဆူဇန်နာလှလှစိုးက ပြောတယ်ဆို ပြီးတွေ့ရတယ်။ ဒီထောက်ပြချက်ကိုရော ဘယ်လိုမြင်သလဲ။
ဘယ်တပ်မှူးကမှ ပြစ်မှုကျူးလွန်တဲ့ အရာရှိစစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရိုးထုံးစံမရှိခဲ့ဘူး။ခုဟာကတပ်မတော် ကြီးကိုရှုံ့ချဖို့လုပ်နေသလို ဖြစ်နေတယ်။ အဲဒီလိုဆိုရင် တပ်မတော်ကြီးကိုရှုံ့ချဖို့ လော်ဘီလုပ်ပေးတာ ဘယ်သူ့အတွက် လည်း ဘယ်လောက်ရလဲ။ ဗီနိုင်းတွေ၊ ပို စတာတွေ၊ နေ့တွက်စရိတ်တွေစတဲ့ကုန်ကျ စရိတ်တွေကို ဘယ်သူပေးတာလဲ။ ဒါ တွေစဉ်းစားဖို့လိုပါလိမ့်မယ်။ လှလှစိုးနဲ့ အဖွဲ့က တပ်မတော်ကပြစ်မှုကျူးလွန်သူ တွေကို အရပ်ဖက်တရားရုံးက တရား စီရင်လို့ ပြစ်ဒဏ်ချလို့ မရဘူးဆိုပြီး ပြောနေတယ်။ လွန်ခဲ့တဲ့ နှစ်များက ရှမ်းပြည် အရှေ့မြောက်ပိုင်းမှာ အခြား ခြေလျင်တပ်တစ်ခုကဖြစ်တဲ့ ကိုယ်တွေ့ ကြုံရတဲ့ဖြစ်စဉ်လေးကို ဒီမှာတင်ပြလိုပါ တယ်။ ဈေးနေ့တစ်ခုမှာ ဈေးလာဝယ်တဲ့ တိုင်းရင်းသူလေးကို အဲဒီတပ်ကရဲဘော် နှစ်ယောက်က ပစ်္စည်းယူလူသတ်တဲ့ထိ ပြစ်မှုကျူးလွန်ခဲ့တယ်။ ဒီကိစ်္စပေါ်သွား တော့ စစ်ဥပဒေချုပ်ရုံးက စစ်ဦးစီးအရာ ရှိ ပထမတန်းကိုယ်တိုင်ဆင်းလာပြီး ဒီ ပြစ်မှုကျူးလွန်မှုအပေါ် စစ်ခုံရုံးတင်စစ် ဆေးတယ်။ အဲဒီမှာပြစ်မှုထင်ရှားတဲ့အတွက် လူမြင်ကွင်းမှာ သေဒဏ်ပေးရန်ဆုံးဖြတ် အမိန့်ချတယ်။ ဒါနဲ့ပဲ နောက်ဈေးနေ့ တစ်နေ့မှာ ဈေးရဲ့အရှေ့မြောက်ထောင့် က မီးလောင်ထားတဲ့တိုက်ပျက်နံရံကို နောက်ခံထား Background ထားပြီး ပြစ်မှု ကျူးလွန်တဲ့ ရဲဘော်နှစ်ယောက်ကို ခေါင်း ကို လွယ်အိတ်အဟောင်းတွေစွပ်ပြီး လူ မြင်ကွင်းမှာပဲ ပစ်သတ်ခဲ့ပါတယ်။ အသတ် မခံရမီ၊ ပြစ်ဒဏ်စီရင်ခြင်းမခံရမီ ရဲဘော် တစ်ယောက်ပြောသွားတာကတော့ ““ရှမ်း ပြည်ကဈေးနေ့တွေဟာ ၅ရက်တစ်ဈေး မဟုတ်ဘဲ ၇ ရက်တစ်ဈေးသာဖြစ်ခဲ့ရင် သူတို့နှစ်ယောက်အသက်ပိုရှည်မယ်တဲ့””လို့မသေခင်ပြောသွားခဲ့ပါတယ်။ သူတို့ အပြစ်နဲ့သူတို့ပဲလေ။ ပြစ်မှုဖြစ်ပြီး ၅ ရက် အတွင်းသေဒဏ်ကျသွားရတယ်။
ဒေါ်ဆူဇန်နာလှလှစိုးတို့ဘက်က ဝေဖန်ခဲ့သလို ထောက်ပြခဲ့သလိုမျိုး တပ် မတော်ပိုင်းက ပြစ်မှုတစ်စုံတစ်ရာကျူး လွန်တဲ့အရာရှိ၊ အရာခံ၊ အကြပ်စတဲ့ အပိုင်းကိုရော အရပ်ဘက်တရားရေးပိုင်း က စီရင်မယ်ဆိုရင် စီရင်လို့ရမယ်ဆိုရင် ရော ဘာများလက်ရှိထက်ပိုထူးခြားလာ နိုင်မလဲ။
ဒေါ်လှလှစိုးပြောသလိုမျိုး တပ်မ တော်ပိုင်းကပြစ်မှုကျူးလွန်တဲ့သူတွေကို အရပ်ဖက်က တရားစီရင်လို့မရဘူးပြော တယ်။ ကျွန်တော်တို့တပ်မတော်ဆိုတာ စည်းကမ်းနဲ့တည်ဆောက်ထားတဲ့တပ်မ တော်ပါ။ အကယ်၍သာ လှလှစိုးပြော သလိုမျိုးတပ်ကပြစ်မှုကျူးလွန်သူတွေကို အရပ်ဖက် တရားရုံးကိုသာပို့လိုက်ရင် ဦးကိုနီတို့လို ကျီးကန်းကိုဒေါင်းဖြစ်အောင် ပြောတတ်တဲ့ ရှေ့နေမျိုးတွေနဲ့တွေ့ပြီး အမှုကွင်းလုံးမကျွတ်တာတောင်ထောင် အနှစ် ၂၀ အနည်းဆုံးအယူခံဝင်တာနဲ့ သေဒဏ်ကမလွတ်ရင်တောင် အချုပ်ထဲ မှာလချီပြီး တမလွန်အတွက်ရိက်္ခာယူသွား နိုင်တယ်။ ကျွန်တော်တို့တပ်မတော်ထဲမှာ နေခဲ့တဲ့ ၂၈ နှစ်ဆိုတဲ့သက်တမ်းမှာ မုဒိမ်း မှုလိုဖြစ်စဉ်မျိုးလက်အောက်ကအရာရှိ စစ်သည်တစ်ယောက်ကမှကျူးလွန်ခဲ့တာ မကြုံဖူးဘူး။ ဒါမျိုးဖြစ်ရင်လည်းပြင်းထန် ထိရောက်စွာအပြစ်ပေးတဲ့ဖြစ်စဉ်တွေ အများကြီးပဲ။ ကျွန်တော်နမ်္မတူဒေသမှာ စစ်ဆင်ရေးထွက်တော့ ရဲဘော်တစ်ယောက် ကပိုင်ရှင်ရှိတဲ့လှောင်အိမ်ထဲကမွေးထားတဲ့ ကြက်တူရွေးကိုကြော်စားလိုက်တယ်။ အိမ်ရှင်သိလို့ လျော်ကြေးငွေ ကျပ် ၂၀၀ ပေးဖို့တိုင်တော့ ကျွန်တော့်လက်ဦးဆရာ ဒုတိယဗိုလ်မှူးကြီးသူရကျော်ကျော်ချိုက ကြက်တူရွေးပိုင်ရှင်ဖြစ်သူတောင်းတာက ကျပ် ၂၀၀။ ဒီ တိရစ်္ဆာန်လေးကိုကြီးပြင်း အောင်ကျွေးမွေးပြုစုခဲ့ရတာ ကျပ် ၄၀၀၊ သံယောဇဉ်ကြေးက ၈၀၀ နဲ့ စုစုပေါင်း ၁၄၀၀ ကျပ် တိတိလျော်ခိုင်းစေခဲ့ပါတယ်။ အဲလျော်ကြေးက အဲတုန်းက ရွှေတစ် ကျပ်သားဖိုးပါ။ ခုအနေအထားနဲ့ဆို ၇ သိန်းလောက်လျော်လိုက်ရတာပါ။ ပြော ရရင် နောက်မလုပ်ရဲအောင်မှတ်အောင် အပြစ်ပေးတာပါ။ဆိုလိုချင်တာက တပ်မ တော်ဆိုတာ တင်းကြပ်တဲ့စည်းကမ်းတွေ ကို လိုက်နာရတဲ့ လိုက်နာနေတဲ့ အခိုင် မာဆုံးသောအဖွဲ့အစည်းတစ်ခုလို့တင်ပြ လိုတာပါ။
မေးကြည့်ချင်တာက တပ်မတော် ကစည်းကမ်းပြည့်ဝခိုင်မာတဲ့အဖွဲ့အစည်း၊ အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်နေပါ လျက်ကို ဘာဖြစ်လို့ အစုအဖွဲ့ပုံစံပြပြီး ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်လာရတာလဲ။ စဉ်းစားရမှာက စဉ်းစားဉဏ်နည်းတဲ့လုပ် ရပ်လား၊ ရည်ရွယ်ချက်ရှိရှိလားဆိုတာပါ။ သူတို့တွေ ဘယ်လိုပဲပြောနေပါစေ ရိုး သားတဲ့ပြည်သူတွေကို ဆွဲဆွဲခေါ်လာတာ ကတော့လုံးဝအမြင်မတင့်တယ်လှပါဘူး။
ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Photo: တပ်မတော်ကိုမုဒိမ်း၊ အဓမ္မတပ်မတော်လို့ မပြောရုံတမယ် ပြည်ပအဖွဲ့အစည်းတွေရှေ့မှာ အပုပ်ချတဲ့ ဆူဇန်နာလှလှစိုးနဲ့ အပေါင်းအပါတွေရဲ့အဓိကပစ်မှတ်က တပ်မတော်ဆိုတာပေါ်လွင်နေတယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် ဆက်သွယ်မေးမြန်းချက်

hotnewsweekly hotnewsweekly

No comments:

Post a Comment