Wednesday, August 13, 2014

ပန်းချီ ရတနာဝင်း၏ အနုပညာများကို တောင်ကိုရီးယားနိုင်ငံ၌ ပြသရန် ဖိတ်ခေါ်

paintingpro
ပန်းချီ ရတနာဝင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Loop အဖွဲ့အစည်းက ဂွမ်ဂျူး ပြတိုက်တွင် Mirror And Monitor of Asia အမည်ဖြင့် ကျင်းပမည် ဖြစ်ခြင်းကြောင့် ၎င်း ဖန်တီးထားသည့် အနုပညာကို လာရောက် ပြသရန် ဖိတ်ကြားခြင်း ခံရသည်ဟု New Zero Art Space ပန်းချီပြခန်းက ပန်းချီ ရတနာဝင်းက ပြောသည်။ယင်းပြပွဲကို သြဂုတ်၂ဝရက်မှ ၂၃ရက် အထိ ကျင်းပမည် ဖြစ်ပြီး တောင်ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီး ဌာန က ထောက်ပံ့ ပေးခြင်း ဖြစ်သည်။
“ ဒီပွဲမှာ ကျွန်မက Random Marriage ခေါင်းစဉ် အမည်နဲ့ ဓာတ်ပုံ အကြီး ငါးပုံကို ပြသသွားမှာပါ။ အဓိပ္ပာယ် က မြန်မာ အမျိုးသမီး တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ဒီမိုကရေစီ နဲ့နှိုင်းယှဉ် ထားတဲ့ အနုပညာကို ပြသသွားမှာပါ၊ ဒီပွဲမှာ ကျွန်မက တစ်ခြားနိုင်ငံက ပညာရှင်တွေရဲ့ လုပ်ဆောင် မှုတွေကိုလည်း လေ့လာသွားမှာပါ” ဟုပြော သည်။

ယင်းပြပွဲတွင် Asia Art Space Network တွင် အာရှနိုင်ငံပေါင်း ၃ဝ သည်လည်း ပါဝင်ပြသကြမည် ဖြစ်ပြီး အနုပညာ လက်ရာ များကို မျှဝေကာ ဆွေးနွေးပွဲများ ပြုလုပ် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ New Zero Art Space သည် ၂ဝ၁၃ ခုနှစ်တွင် Asia Art Space Network တွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံ တစ်ခု ဖြစ်ခဲ့သည်။ ပန်းချီ ရတနာဝင်းသည် ၂ဝ၁၂ ခုနှစ် တွင် ဖိလစ်ပိုင်နိုင်ငံ ၊ ၂ဝ၁၃ ခုနှစ် ထိုင်းနိုင်ငံ နှင့် ၂ဝ၁၄ ခုနှစ် တွင် ဂျပန်နိုင်ငံ တို့တွင် Performance Art များ အသီးသီး ပြုလုပ်ခဲ့သည်။
mizzimaburmese

No comments:

Post a Comment