Wednesday, August 13, 2014

ဘာစီလိုနာအသင်း မှထုတ်ပယ်ခံ ခဲ့ရသည့် နည်းပြမာတီနို အာဂျင်တီးနား လက်ရွေးစင်နည်း ပြဖြစ်လာ

wai--17
ဘာစီလိုနာအသင်းမှ ထုတ်ပယ်ခံခဲ့ရသော နည်းပြမာတီနိုသည်အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ ဖြစ်လာခဲ့သည်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ဒုတိယရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဆာဘယ်လာသည် ဗိုလ်လုပွဲစဉ်တွင်ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။စာချုပ်သက်တမ်းကုန်ုဆုံးခဲ့ခြင်း ဖြစ်ပြီး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ကာနုတ်ထွက်သွားခြင်းဖြစ်သည်။မာတီနိုသည် ယခုအပတ်အတွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီးအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်းအာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြသစ်နာမည်ကို မကြာမီ ကြေညာမည် ဖြစ်သည်။မာတီနိုသည် ၂၀၁၈ ကမ္ဘာ့ဖလားအထိ အာဂျင်တီးနားအသင်းကို တာဝန်ယူမည်ဟု Fox sports၀က်ဘ်ဆိုက်က ဖော်ပြသည်။အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မာတီနိုသည် ပြီးခဲ့သည့်ရာသီကဘာစီလိုနာအသင်းကို နည်းပြခဲ့ရာတွင် အောင်မြင်မူ မရှိရှိခဲ့သူဖြစ်သည်။
နှစ်စဉ်နှစ်တိုင်းဆုဖလားများဆွတ်ခူးခဲ့သော ဘာစီလိုနာအသင်းသည် ၎င်း၏လက်ထက်တွင်ဆုဖလားတစ်လုံးမှ မရရှိခဲ့ပေ။ နောက်ဆုံးခြောက်နှစ်အတွင် ဖလားလက်မဲ့ရာသီအဖြစ်မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
 မာတီနို၏လက်ထက်တွင် ဘာစီလိုနာအသင်းသည် လာလီဂါတွင်ဒုတိယ၊ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်နှင့် ကိုပါဒယ်ရေးပြိုင်ပွဲတွင်ဒုတိယသာ ရရှိခဲ့သည်။
မာတီနိုသည် ပါရာဂွေးလက်ရွေးစင်အသင်းကို ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိနည်းပြခဲ့ရာတွင်မူ အောင်မြင်မှု ရရှိခဲ့သူဖြစ်သည်။ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါရာဂွေးအသင်းကို ကွာတားဖိုင်နယ်အဆင့်အထိပို့ဆောင်ပေးနိုင်ခဲ့သည်။
Ref: foxsports

No comments:

Post a Comment