Saturday, August 16, 2014

အရေးပေါ်အကူအညီများလိုနေဆဲ ရေဘေးဒုက္ခသည်များ

Photo: အရေးပေါ်အကူအညီများလိုနေဆဲ ရေဘေးဒုက္ခသည်များ
Saturday, August 16, 2014

မွန်ပြည်နယ်သထုံမြို့ ကျိုက်ကော်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် နိုင်ငံရေးပါတီတစ်ခုမှပေးဝေသည့်ဆန်နှစ်ပြည်၊ဆီငါး ဆယ်သားနှင့် အချိုမှုန့်အနည်းငယ်ပါအထုပ်ကိုယူရန် ရေဘေးဒုက္ခသည်များ တဖွဲဖွဲ ရောက်လာကြသည်။

အဆိုပါရိက္ခာထုပ်ကိုယူရန် ခုနစ်မိုင်ခန့်အကွာ ခရီးဝေးမှ လာ ရောက်သူများပါပြီး အများစုမှာ ရွှံ့တော၊ ဗွက်တောထဲမှ ရုန်းလာ ရသည့်ဒယိမ်းဒယိုင်ခြေလှမ်းများ ဖြင့်ဖြစ်၏။ တစ်ကိုယ်လုံးမိုးရေစို ရွှဲနေသော အသက်ငါးနှစ်အရွယ် ကိုယ်တုံးလုံးကလေးငယ်အရွယ် မှ တောင်ဝှေးတစ်ချောင်းကိုအား ပြုလျက် ဓမ္မာရုံဘက်ဆီတဖြည်း ဖြည်းချင်းလျှောက်လာနေသည့် အသက် (၇၀)ခန့်အရွယ်သက် ကြီးရွယ်အိုများအထိ အရွယ်စုံ ကျား၊ မအစုံပါဝင်သည်။
လူဦးရေနှစ်ရာခန့်ရှိသော အဆိုပါလူစုမှာ သထုံမြို့ကျိုက် ကော်၊ သိမ်ဆိပ်၊ မရမ်းကုန်း၊ ဒေး ဝန်း၊ အောက်ကွင်းနှင့် ဆိပ်ကျွန်း ကျေးရွာများရှိ ရေဘေးဒုက္ခသည် များထဲမှ လူနည်းစုသာဖြစ်ပါ သည်။ အဆိုပါကျေးရွာအနီးပတ် ဝန်းကျင်မှ ရေဘေးသင့်သူစုစု ပေါင်းမှာ မွန်ပြည်နယ် လူ-ကယ် -ပြန်ဌာန၏  စာရင်းများအရ လူဦးရေလေးထောင်ကျော်ရှိပါသည်။

အလှူရှင်များက ကျေးရွာ အုပ်စုတစ်စုချင်းစီအလိုက် အလှည့်ကျလှူဒါန်းခြင်းဖြစ်ပြီး ဒေသတွင်းရေကျသွားပြီဖြစ်၍ရေဘေးသင့်စခန်းများပိတ်လိုက်သောအခါ အစိုးရမှပေးသည့်ကယ်ဆယ်ရေးပစ္စည်းကိုပါ မရတော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေ့နေသူများစွာရှိသည်။

‘‘အဲဒီနေ့က တခြားရွာက နာရေးတစ်ခုကိုပို့ပြီး ပြန်လာတော့ တစ်ရွာလုံးရေမြုပ်နေပြီ။ အိမ်ထဲကပစ္စည်းတွေလည်း ဘာဆိုဘာမှမရလိုက်ဘူး။ အခုလည်း ဆန်ဝေတယ်ဆိုလို့လာတာ။ ဒါပေမဲ့ စာရင်းထဲမှာမပါတော့ ပြန်ရတော့မယ်’’ဟု ရိက္ခာဝေရာ ဓမ္မာရုံသို့ရောက်လာသည့် အောက်ကွင်းကျေးရွာမှ မအေးမိုးကပြောသည်။

သထုံမြို့အနီးပတ်ဝန်းကျင် တွင်ရေကြီးခဲ့သည့်ပုံစံမှာ အခြား ဒေသများကဲ့သို့ မြစ်ရေကြီး၍ မြေ နိမ့်ဒေသများအတွင်း ရေဝင်ခြင်း မျိုးမဟုတ်ဘဲ မိုးသည်းထန်စွာရွာ သောအနီးပတ်ဝန်းကျင်ရှိ တက္က တောင်၊  မဥတောင်နှင့် ဝင်းပ တောင်တို့မှ တောင်ကျရေများ အရှိန်အဟုန်ဖြင့်ဆင်းလာခြင်း ဖြစ်သည်။  ရွာထဲသို့ရေအလုံး လိုက် ရုတ်တရက်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ကျေးရွာသားများမှာ ကိုယ်လွတ်ရုန်း၍ပြေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

‘‘အိုးတွေခွက်တွေရော အဝတ်အစားတွေပါ ရေထဲပါ သွားတာ။ ကျောင်းသားတွေရဲ့ စာအုပ်တွေလည်းကုန်တာပဲ။ ဘာမှပြန်မရလိုက်ဘူး။ အခုတော့ အလှူရှင်တွေပေးတာနဲ့စားနေရတယ်။ ဆန်နှစ်ပြည်ဆိုတာကလည်း နှစ်ရက်စာပဲရှိတာလေ။ လယ်တွေလည်းပျက်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ တစ်သက်နဲ့တစ်ကိုယ် အခုလိုသူများဆီ လက်ဖြန့်တောင်းရမယ်လို့မထင်ခဲ့ဘူး’’ဟု သိမ်ဆိပ်ကျေးရွာမှ ဒေါ်ထွေးစိန်က ဝမ်းနည်းစွာ ပြောသည်။

ဒေသတွင်းရှိ ရေတွင်းရေ ကန်အားလုံး ရေနစ်မြုပ်ခဲ့ပြီး အညစ်အကြေးများနှင့် ရောထွေး ကာသောက်သုံးရေ မရတော့ခြင်းကလည်း အရေးတကြီးပြဿနာတစ်ရပ်ဖြစ်နေသည်။ ရေဘေးစတင်သည့်ရက်များတွင် မွန်ပြည်နယ်အစိုးရက World Vision Myan-mar ၏ အကူအညီဖြင့် ရေသန့်ဆေးမှုန့် ထုပ်များပေးခဲ့သော်လည်းအဆိုပါရေသန့်ဆေးများ၏အာ နိသင်မှာ ဆယ်ရက်သာခံသောကြောင့် ယခုအခါ သောက်သုံးရေအခက်အခဲကြီးမားနေကြောင်း ဒေသခံများက ပြောသည်။

သထုံမြို့အပါအဝင် မွန်ပြည်နယ်အတွင်း ရေဘေးသင့်ဒေသ များသို့ ပြည်နယ်အစိုးရက ရေ သန့်ဆေးထုပ်ပေါင်း ၂၆၀၀၀ ကျော် ပေးအပ်ခဲ့သည်။ သို့သော် အဆိုပါဒေသများတွင် လယ်ကွင်း အချို့မှလွဲ၍ ကျန်နေရာများတွင် ရေပြန်ကျသွားသည်နှင့် ကယ် ဆယ်ရေးစခန်းများပိတ်လိုက်ကာ အစိုးရကလည်း ရိက္ခာထောက်ပံ့ မှုကိုရပ်လိုက်သည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ရင်ဆိုင်ရ လေ့မရှိသည့် ဒေသခံများအတွက် အခက်အခဲများရင်ဆိုင်နေရခြင်း ဖြစ်သည်။

ရေဘေးဒုက္ခသည်များမှာ အရေးပေါ်အကူအညီကိုပင် အလုံအလောက်မရဘဲ ပြန်လည် ထူထောင်ရေးအတွက် အကူအညီကို လုံးလုံးမမျှော်လင့်နိုင်တော့ပေ။

‘‘ကြက်ခြေနီတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလိုက်ဝေတဲ့ ရေသန့်ဆေးထုပ်က ကုန်သွားပြီ။အခုမိုးရေကိုခံပြီး ကြိုသောက်နေ တယ်။ သူတို့ကလည်း ဆေးကုန် သွားရင် အဲဒီလိုသောက်လို့မှာ သွားတယ်’’ဟု သိမ်ဆိပ်ကျေးရွာ မှ ဦးမိုးဆွေကပြောသည်။

ပြည်ခိုင်ဖြိုးနှင့် NLD ကဲ့သို့ နိုင်ငံရေးပါတီများက အဝတ်အ ထည်နှင့်ရိက္ခာထောက်ပံ့နေကြ သော်လည်း ကယ်ဆယ်ရေးပစ္စည်းနှင့်ဒုက္ခသည်ဦးရေမှာ မမျှတ။ သြဂုတ် ၁၃ ရက်ကကျိုက်ကော် ကျေးရွာ၊ ဓမ္မပဋ္ဌာန်းဘုန်းကြီး ကျောင်းတွင် မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကယ်ဆယ်ရေး ပစ္စည်းများလာရောက်ထောက်ပံ့စဉ်ကပင် စာရင်းထဲတွင်မပါသောကြောင့် လက်ဗလာဖြင့်အိမ်ပြန်သွားရသူများရှိခဲ့သည်။

‘‘ကျွန်တော်တို့ဆို အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာ။ ပိုက်ဆံ လည်း အထိုက်အလျောက်ရှိပါ တယ်။ ဒါပေမဲ့ ပစ္စည်းတွေရေထဲ မျောသွားတော့ စားရေးသောက် ရေးအခက်အခဲရှိလို့ လာတန်းစီရ တာ။ ရေဘေးကြောင့် ရွာထဲမှာ ဘာမှပြန်မရလိုက်တဲ့သူတွေအ များကြီးပဲ’’ဟု ကယ်ဆယ်ရေး ပစ္စည်းယူရန် လာရောက်တန်းစီ သည့် ကိုမျိုးမင်းကပြောသည်။

ကျိုက်ကော်ကျေးရွာအတွင်းပိုင်းတွင် ရေဘေးကြောင့် လူနေ အိမ်အချို့ပျက်စီးခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ အုတ်နံရံမှာလည်း ပေနှစ်ရာခန့် လမ်းပေါ်ပြိုကျကာ ဆယ်ရက်ကျော်သည်အထိ မရှင်းလင်းရသေးဘဲ အပျက်အစီးများပြန့်ကျဲနေသည်။ ရေဘေးသင့်သူများ၏ ပစ္စည်းအချို့မှာလည်း မပြိုလဲသေးသည့် အုတ်နံရံအပေါ်ဘက်တွင် ရသမျှတင်ထားသည်ကို တွေ့ရသည်။

‘‘ဘုန်းကြီးဆိုရင် ကျောင်းကို ကာထားတဲ့အုတ်နံရံအကြီးကြီး ပြိုကျသွားလို့ စိတ်ညစ်ပြီး အပြင် ထွက်မလာတာ  ဆယ်ရက်လောက်ရှိပြီ’’ဟုကိုမျိုးမင်းက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရေဘေးသင့်လူဦးရေလေးထောင့် တစ်ရာကျော်ရှိပြီး ပြည်နယ် လူ- ကယ်-ပြန်ဌာနမှ ကျပ်သိန်း ၆၀ ကျော်နှင့်ညီမျှသော သုံးရက်စာ ရိက္ခာကိုထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။  ထို့ကြောင့် ဒေသတွင်းဒုက္ခသည်အရေအတွက်နှင့်စာလျင် အစိုးရ၏ထောက်ပံ့ နိုင်သည့်ပမာဏ နည်းပါးလှကြောင်း ဒေသခံများက သုံးသပ်သည်။

ယခုသဘာဝဘေး ကယ် ဆယ်ရေးအပိုင်း၏ထူးခြားချက် မှာ ပါတီအချို့၏မဲဆွယ်စည်းရုံး ရေးအသွင်ကယ်ဆယ်ရေးပစ္စည်း များပေးအပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကူအညီများက ရေဘေးသင့် သူများအတွက် အထိုက်အလျောက်သက်သာရာရစေခဲ့သည်။ သို့သော်ပြန်လည်ထူထောင်ရေး အပိုင်းတွင်တော့ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကျိုက်ကော်ကျေးရွာဓမ္မ ပဋ္ဌာန်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်နေစဉ်ပင် ဝါခေါင်လ၏မိုးက အငြိုးကြီးစွာရွာနေဆဲဖြစ်သည်။ ရွာဦးကျောင်းဆရာတော်နှင့် ရေဘေးသင့်သူလူဦးရေနှစ်ရာခန့်၏ အလှူတရားနာရေစက်ချသည့် အသံကိုပင် ဖုံးလွှမ်းနေသည်အထိ မိုးကကောင်းနေသည်။ အိမ် ထောင်စုတစ်စုအတွက်ရသည့် ခွဲတမ်းရိက္ခာထုပ်တစ်ထုပ်စီကို သဲသဲမဲမဲရွာနေသည့်မိုးရေကြားထဲ သယ်ဆောင်သွားရင်းဖြင့်တောင်ကျရေဆင်းလာဦးမည်ကို ၎င်းတို့အားလုံးစိုးရိမ်နေသည်။ 

7Day DAILY 

အလှူရှင်များက ကူညီသော ရိက္ခာထုပ်နှင့် ရေဘေးသင့်သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
အလှူရှင်များက ကူညီသော ရိက္ခာထုပ်နှင့် ရေဘေးသင့်သားအမိနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)
မွန်ပြည်နယ်သထုံမြို့ ကျိုက်ကော်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် နိုင်ငံရေးပါတီတစ်ခုမှပေးဝေသည့်ဆန်နှစ်ပြည်၊ဆီငါး ဆယ်သားနှင့် အချိုမှုန့်အနည်းငယ်ပါအထုပ်ကိုယူရန် ရေဘေးဒုက္ခသည်များ တဖွဲဖွဲ ရောက်လာကြသည်။
အဆိုပါရိက္ခာထုပ်ကိုယူရန် ခုနစ်မိုင်ခန့်အကွာ ခရီးဝေးမှ လာ ရောက်သူများပါပြီး အများစုမှာ ရွှံ့တော၊ ဗွက်တောထဲမှ ရုန်းလာ ရသည့် ဒယိမ်းဒယိုင်ခြေလှမ်း များ ဖြင့်ဖြစ်၏။ တစ်ကိုယ်လုံးမိုးရေစို ရွှဲနေသော အသက်ငါးနှစ်အရွယ် ကိုယ်တုံးလုံးကလေးငယ်အရွယ် မှ တောင်ဝှေး တစ်ချောင်းကိုအား ပြုလျက် ဓမ္မာရုံဘက်ဆီတဖြည်း ဖြည်းချင်းလျှောက်လာနေသည့် အသက် (၇၀)ခန့်အရွယ်သက် ကြီးရွယ်အိုများအထိ အရွယ်စုံ ကျား၊ မအစုံပါဝင်သည်။ လူဦးရေနှစ်ရာခန့်ရှိသော အဆိုပါလူစုမှာ သထုံမြို့ကျိုက် ကော်၊ သိမ်ဆိပ်၊ မရမ်းကုန်း၊ ဒေး ဝန်း၊ အောက် ကွင်းနှင့် ဆိပ်ကျွန်း ကျေးရွာများရှိ ရေဘေးဒုက္ခသည် များထဲမှ လူနည်းစုသာဖြစ်ပါ သည်။ အဆိုပါကျေးရွာအနီးပတ် ဝန်းကျင်မှ ရေဘေးသင့် သူစုစု ပေါင်းမှာ မွန်ပြည်နယ် လူ-ကယ် -ပြန်ဌာန၏  စာရင်းများအရ လူဦးရေလေးထောင်ကျော်ရှိပါသည်။

အလှူရှင်များက ကျေးရွာ အုပ်စုတစ်စုချင်းစီအလိုက် အလှည့်ကျလှူဒါန်းခြင်းဖြစ်ပြီး ဒေသတွင်းရေကျ သွားပြီဖြစ်၍ရေဘေးသင့် စခန်းများ ပိတ်လိုက်သောအခါ အစိုးရမှပေးသည့်ကယ်ဆယ်ရေးပစ္စည်းကိုပါ မရတော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲတွေ့နေသူများစွာရှိသည်။

‘‘အဲဒီနေ့က တခြားရွာက နာရေးတစ်ခုကိုပို့ပြီး ပြန်လာတော့ တစ်ရွာလုံးရေမြုပ်နေပြီ။ အိမ်ထဲကပစ္စည်းတွေလည်း ဘာဆိုဘာမှမရလိုက်ဘူး။ အခုလည်း ဆန်ဝေတယ်ဆိုလို့လာတာ။ ဒါပေမဲ့ စာရင်းထဲမှာမပါတော့ ပြန်ရတော့မယ်’’ဟု ရိက္ခာဝေရာ ဓမ္မာရုံသို့ရောက်လာ သည့် အောက် ကွင်းကျေးရွာမှ မအေးမိုးကပြောသည်။

သထုံမြို့အနီးပတ်ဝန်းကျင် တွင်ရေကြီးခဲ့သည့်ပုံစံမှာ အခြား ဒေသများကဲ့သို့ မြစ်ရေကြီး၍ မြေ နိမ့်ဒေသများအတွင်း ရေဝင်ခြင်း မျိုးမဟုတ်ဘဲ မိုးသည်းထန်စွာရွာ သောအနီးပတ်ဝန်းကျင်ရှိ တက္က တောင်၊  မဥတောင်နှင့် ဝင်းပ တောင်တို့မှ တောင်ကျရေများ အရှိန်အဟုန်ဖြင့် ဆင်း လာခြင်း ဖြစ်သည်။  ရွာထဲသို့ရေအလုံး လိုက် ရုတ်တရက်ဝင်ရောက်လာ ခြင်းဖြစ်ပြီး ကျေးရွာသားများမှာ ကိုယ်လွတ်ရုန်း၍ပြေးခဲ့ ရကြောင်း ဒေသခံများကပြောသည်။

‘‘အိုးတွေခွက်တွေရော အဝတ်အစားတွေပါ ရေထဲပါ သွားတာ။ ကျောင်းသားတွေရဲ့ စာအုပ်တွေလည်းကုန်တာပဲ။ ဘာမှပြန်မရလိုက်ဘူး။ အခုတော့ အလှူရှင်တွေပေးတာနဲ့စားနေရတယ်။ ဆန်နှစ်ပြည်ဆိုတာကလည်း နှစ်ရက်စာပဲရှိတာလေ။ လယ်တွေလည်းပျက်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ တစ်သက်နဲ့တစ်ကိုယ် အခုလိုသူများဆီ လက်ဖြန့်တောင်းရမယ်လို့မထင်ခဲ့ဘူး’’ဟု သိမ်ဆိပ်ကျေးရွာမှ ဒေါ်ထွေးစိန် က ဝမ်းနည်းစွာ ပြောသည်။

ဒေသတွင်းရှိ ရေတွင်းရေ ကန်အားလုံး ရေနစ်မြုပ်ခဲ့ပြီး အညစ်အကြေးများနှင့် ရောထွေး ကာသောက်သုံးရေ မရတော့ခြင်းကလည်း အရေးတကြီးပြဿနာတစ်ရပ်ဖြစ်နေသည်။ ရေဘေးစတင်သည့်ရက်များတွင် မွန်ပြည်နယ်အစိုးရက World Vision Myan-mar ၏ အကူ အညီဖြင့် ရေသန့်ဆေးမှုန့် ထုပ်များပေးခဲ့သော်လည်းအဆိုပါရေသန့်ဆေးများ၏အာ နိသင်မှာ ဆယ်ရက်သာခံသောကြောင့် ယခုအခါ သောက် သုံးရေ အခက်အခဲကြီးမားနေကြောင်း ဒေသခံများက ပြောသည်။

သထုံမြို့အပါအဝင် မွန်ပြည်နယ်အတွင်း ရေဘေးသင့်ဒေသ များသို့ ပြည်နယ်အစိုးရက ရေ သန့်ဆေးထုပ်ပေါင်း ၂၆၀၀၀ ကျော် ပေးအပ်ခဲ့ သည်။ သို့သော် အဆိုပါဒေသများတွင် လယ်ကွင်း အချို့မှလွဲ၍ ကျန်နေရာများတွင် ရေပြန်ကျသွားသည်နှင့် ကယ် ဆယ်ရေးစခန်းများ ပိတ်လိုက်ကာ အစိုးရကလည်း ရိက္ခာထောက်ပံ့ မှုကိုရပ်လိုက်သည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ် ရင်ဆိုင်ရ လေ့မရှိ သည့် ဒေသခံများ အတွက် အခက်အခဲများရင်ဆိုင်နေရခြင်း ဖြစ်သည်။

ရေဘေးဒုက္ခသည်များမှာ အရေးပေါ်အကူအညီကိုပင် အလုံအလောက်မရဘဲ ပြန်လည် ထူထောင်ရေးအတွက် အကူအညီကို လုံးလုံး မမျှော် လင့်နိုင်တော့ပေ။

‘‘ကြက်ခြေနီတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလိုက်ဝေတဲ့ ရေသန့်ဆေးထုပ်က ကုန်သွားပြီ။အခုမိုးရေကိုခံပြီး ကြိုသောက်နေ တယ်။ သူတို့ကလည်း ဆေးကုန် သွားရင် အဲဒီလိုသောက်လို့မှာ သွားတယ်’’ဟု သိမ်ဆိပ်ကျေးရွာ မှ ဦးမိုးဆွေကပြောသည်။

ပြည်ခိုင်ဖြိုးနှင့် NLD ကဲ့သို့ နိုင်ငံရေးပါတီများက အဝတ်အ ထည်နှင့်ရိက္ခာထောက်ပံ့နေကြ သော်လည်း ကယ်ဆယ်ရေးပစ္စည်းနှင့်ဒုက္ခသည်ဦးရေမှာ မမျှတ။ သြဂုတ် ၁၃ ရက်ကကျိုက်ကော် ကျေးရွာ၊ ဓမ္မပဋ္ဌာန်းဘုန်းကြီး ကျောင်းတွင် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကယ်ဆယ်ရေး ပစ္စည်းများလာရောက်ထောက်ပံ့စဉ်ကပင် စာရင်းထဲတွင်မပါသောကြောင့် လက်ဗလာဖြင့် အိမ်ပြန် သွားရသူ များရှိခဲ့သည်။

‘‘ကျွန်တော်တို့ဆို အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတာ။ ပိုက်ဆံ လည်း အထိုက်အလျောက်ရှိပါ တယ်။ ဒါပေမဲ့ ပစ္စည်းတွေရေထဲ မျောသွားတော့ စားရေးသောက် ရေးအခက်အခဲရှိလို့ လာတန်းစီရ တာ။ ရေဘေးကြောင့် ရွာထဲမှာ ဘာမှပြန်မရလိုက်တဲ့သူတွေအ များကြီးပဲ’’ဟု ကယ်ဆယ်ရေး ပစ္စည်းယူရန် လာရောက်တန်းစီ သည့် ကိုမျိုးမင်းကပြောသည်။

ကျိုက်ကော်ကျေးရွာအတွင်းပိုင်းတွင် ရေဘေးကြောင့် လူနေ အိမ်အချို့ပျက်စီးခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ အုတ်နံရံမှာ လည်း ပေနှစ်ရာခန့် လမ်းပေါ်ပြိုကျကာ ဆယ်ရက်ကျော်သည်အထိ မရှင်းလင်းရသေးဘဲ အပျက်အစီးများပြန့်ကျဲနေသည်။ ရေဘေးသင့်သူများ၏ ပစ္စည်းအချို့မှာလည်း မပြိုလဲသေးသည့် အုတ်နံရံအပေါ်ဘက်တွင် ရသမျှတင်ထားသည်ကို တွေ့ရသည်။

‘‘ဘုန်းကြီးဆိုရင် ကျောင်းကို ကာထားတဲ့အုတ်နံရံအကြီးကြီး ပြိုကျသွားလို့ စိတ်ညစ်ပြီး အပြင် ထွက်မလာတာ  ဆယ်ရက်လောက် ရှိပြီ’’ဟုကိုမျိုးမင်းက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရေဘေးသင့်လူဦးရေလေးထောင့် တစ်ရာကျော်ရှိပြီး ပြည်နယ် လူ- ကယ်-ပြန်ဌာနမှ ကျပ်သိန်း ၆၀ ကျော်နှင့် ညီမျှသော သုံးရက်စာ ရိက္ခာကိုထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။  ထို့ကြောင့် ဒေသတွင်း ဒုက္ခသည်အရေအတွက်နှင့်စာလျင် အစိုးရ၏ထောက်ပံ့ နိုင်သည့်ပမာဏ နည်းပါးလှကြောင်း ဒေသခံများက သုံးသပ်သည်။

ယခုသဘာဝဘေး ကယ် ဆယ်ရေးအပိုင်း၏ထူးခြားချက် မှာ ပါတီအချို့၏မဲဆွယ်စည်းရုံး ရေးအသွင်ကယ်ဆယ်ရေးပစ္စည်း များပေးအပ်ခြင်းဖြစ် ပြီး ၎င်း တို့၏ အကူအညီများက ရေဘေးသင့် သူများအတွက် အထိုက်အလျောက်သက်သာရာရစေခဲ့သည်။ သို့သော်ပြန်လည်ထူထောင်ရေး အပိုင်းတွင်တော့ လိုအပ်ချက်များစွာရှိနေဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ကျိုက်ကော်ကျေးရွာဓမ္မ ပဋ္ဌာန်းဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်နေစဉ်ပင် ဝါခေါင်လ ၏ မိုးက အငြိုးကြီးစွာရွာနေဆဲဖြစ်သည်။ ရွာဦးကျောင်းဆရာတော်နှင့် ရေဘေးသင့်သူလူဦးရေနှစ်ရာခန့်၏ အလှူတရားနာရေစက်ချ သည့် အသံကိုပင် ဖုံးလွှမ်းနေသည်အထိ မိုးကကောင်းနေသည်။ အိမ် ထောင်စုတစ်စုအတွက်ရသည့် ခွဲတမ်းရိက္ခာထုပ်တစ်ထုပ်စီကို သဲသဲမဲမဲရွာနေသည့်မိုးရေကြားထဲ သယ်ဆောင်သွားရင်းဖြင့်တောင်ကျရေဆင်းလာဦးမည်ကို ၎င်းတို့အားလုံးစိုးရိမ်နေသည်။

7Day DAILY

No comments:

Post a Comment