Saturday, August 2, 2014

ပြစ်တင်ဝေဖန်မှုများ အပါအ၀င် နိုင်ငံရေးအကျပ်အတည်းများကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ဟု သမ္မတပြောကြား

အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြစ်တင်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးအကျပ်အတည်းများ အပါအ၀င် နိုင်ငံရေး အကျပ် အတည်းများ အားလုံးကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က သြဂုတ် ၁ ရက်၌ အများပြည်သူသို့ပြောကြားသည့် လစဉ်ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှာြး ခင်းဖြင့် ဖြစ် စဉ် ရှင်သန်ရန် ကြိုးပမ်းနေရသည့် အချိန်ကာလဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကွဲပြားခြားနားသည့် နိုင်ငံရေး အင်အား စုများ အကြား၌ တူညီသည့် သဘောတူညီချက်အနေနှင့် ထားရှိနိုင်သော သဘောထားရပ်တည်ချက်မှာလည်း လက်ရှိနိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်ရေးမှသည် ဒီမိုကရေစီစနစ် အမြစ်တွယ်ရှင်သန်ရေးဆိုသည့် အချက်ပင်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

“ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းများ ရှိခဲ့တာက လည်း အမှန်ပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက်တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျပ်အတည်း အားလုံးကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့တယ် ဆိုတာ ပဲ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

အလားတူ လက်ရှိကာလကဲ့သို့ စနစ်ဟောင်းမှစနစ်သစ်သို့ ကူးပြောင်းနေချိန်တွင် နိုင်ငံရေး အကျပ်အတည်းများ ကြုံတွေ့ရခြင်းသည် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်း၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများဖြစ်သည်ကို သတိချပ်သင့်ကြောင်း သမ္မတကပြောကြား သည်။

ထို့အပြင် သမ္မတက ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် သွင်းအားစုများ အဖြစ် ရှုမြင်ပြီး လက်တွေ့ကျသည့် အဖြေများရရှိရန် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်နိုင်မည့် အတိုင်းအတာ အတွင်းမှ အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း အသိပေးပြောကြားလိုကြောင်း ထည့်သွင်းပြောကြားသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ သည်ဟု ပြော ကြားသော် လည်း လက်ရှိအစိုးရသစ်လက်ထက်တွင် သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းကြသည့် တောင်သူ လယ်သမား အချို့အား ဖမ်းဆီးထောင်ချခြင်း၊ အိမ်ခြံမြေဈေးနှုန်း၊ အိမ်ငှားခများ မြင့်မားမှုနှင့်အတူ နေထိုင်စရာ အိမ်မရှိသဖြင့် ကျူးကျော်နေ ထိုင်သူ များအား အတင်းအဓမ္မ ဖယ်ရှားခြင်း၊ သတင်းမီဒီယာများ၏ သတင်းဖော်ပြမှုနှင့် စပ်လျဉ်း၍ သတင်းထောက်များအား ဖမ်းဆီးထောင် ချနေခြင်း အစရှိသော အများပြည်သူ၏ အခြေခံလိုအပ်ချက်များအား အစိုးရ၏ စီမံခန့်ခွဲမှု၌ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေကြောင်း ဝေဖန်ပြစ်တင် မှုများ ရှိနေသည်။      

Eleven Media Group

No comments:

Post a Comment