Saturday, August 16, 2014

အစ္စလာမ္မစ်သူပုန်များကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ

Photo: အစ္စလာမ္မစ်သူပုန်များကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချ
Saturday, August 16, 2014

အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူထားသည့် Islamic State သူပုန်များအား ပိတ်ဆို့အရေးယူရန်  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကသြဂုတ် ၁၅ ရက်တွင် ဆုံးဖြတ်ချက်  ချလိုက်သည်။

ယခုအရေးယူမှုတွင် အဆိုပါအဖွဲ့သို့ ငွေကြေးစီးဆင်းနေမှုများနှင့် တပ်ဖွဲ့သစ်များ ပြည်ပနိုင်ငံများမှ ၀င်ရောက်နေမှုများကို ထိန်းချုပ်ရန်တို့ ပါဝင်သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီသို့ ဗြိတိန်နိုင်ငံက တင်သွင်းခဲ့သည့် ပိတ်ဆို့အရေးယူ ရေးအစီအစဉ်တွင် အယ်ကေးဒါးအဖွဲ့၏ အမည်စာရင်း တွင် ထည့်သွင်းခြင်းခံထားရသည့်  ကူဝတ်၊ဆော်ဒီအာရေဗျနှင့်အခြားနိုင်ငံများမှ အစ္စလာမ္မစ်ခေါင်းဆောင် ခြောက်ဦးအား ခရီးသွားခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုအရပ်ရပ်အား ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

၎င်းတို့ ခြောက်ဦးတွင် ဆီးရီးယားနိုင်ငံရှိ Al-Nusra Front သို့ ငွေကြေးထောက်ပံ့နေသည့် အယ်ကေးဒါးခေါင်းဆောင်များနှင့် IS အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် အဘူမိုဟာမက်အယ်လ်အာဒန်နီတို့ ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်လီအောဂရန့်က  “စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေဟာ တော်တာ် ရက်စက်ပါတယ်။ လူမျိုးနွယ်တွေကို ဘာသာရေး၊ ယုံကြည်ချက်အပေါ်အခြေခံပြီး သုတ်သင် သတ်ဖြတ်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွအပါအ၀င် အရပ်သားတွေကို ပစ်မှတ် ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။ 

Ref:AFP
Mizzima - News in Burmese
အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူထားသည့် Islamic State သူပုန်များအား ပိတ်ဆို့အရေးယူရန်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကသြဂုတ် ၁၅ ရက်တွင် ဆုံးဖြတ်ချက်  ချလိုက်သည်။
ယခုအရေးယူမှုတွင် အဆိုပါအဖွဲ့သို့ ငွေကြေးစီးဆင်းနေမှုများနှင့် တပ်ဖွဲ့သစ်များ ပြည်ပနိုင်ငံများမှ ၀င်ရောက်နေမှုများကို ထိန်းချုပ်ရန်တို့ ပါဝင် သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီသို့ ဗြိတိန်နိုင်ငံက တင်သွင်းခဲ့သည့် ပိတ်ဆို့အရေးယူ ရေးအစီအစဉ်တွင် အယ်ကေးဒါးအဖွဲ့၏ အမည်စာရင်း တွင် ထည့်သွင်းခြင်းခံထားရသည့်  ကူဝတ်၊ဆော်ဒီအာရေဗျနှင့်အခြားနိုင်ငံများမှ အစ္စလာမ္မစ်ခေါ င်းဆော င် ခြော က် ဦး အား ခရီးသွားခွင့် ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုအရပ်ရပ်အား ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

၎င်းတို့ ခြောက်ဦးတွင် ဆီးရီးယားနိုင်ငံရှိ Al-Nusra Front သို့ ငွေကြေးထောက်ပံ့နေသည့် အယ်ကေးဒါးခေါင်းဆောင်များနှင့် IS အဖွဲ့၏ ပြော ခွင့်ရ ပုဂ္ဂိုလ် အဘူမိုဟာမက်အယ်လ်အာဒန်နီတို့ ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်လီအောဂရန့်က  “စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေဟာ တော်တာ် ရက်စက်ပါတယ်။ လူမျိုးနွ ယ်တွေ ကို ဘာသာရေး၊ ယုံကြည်ချက်အပေါ်အခြေခံပြီး သုတ်သင် သတ်ဖြတ်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွအပါအ၀င် အရပ်သားတွေကို ပစ်မှတ် ထားပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment