Saturday, August 16, 2014

ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်တွင် ပါသွားသည့် ခရီးသည်များ၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူသူနှစ်ဦး ဖမ်းဆီးခံရ

 ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်ခရီးစဉ် MH 370 တွင် ပါသွားသည့် ခရီးသည်လေးဦး၏ ဘဏ်စာရင်းမှ ငွေများကို ခိုးယူခဲ့သူ ဘဏ်အရာရှိ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းတို့ကို မလေးရှားရဲများ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ခရီးသည်များ၏ ဘဏ်စာရင်းမှ ရင်းဂစ်ငွေ ၁၁၀၆၄၃ (ဒေါ်လာ ၃၄၈၅၀) ပျောက်ဆုံးသွားရာတွင် သံ သယရှိမှုဖြင့် အဆိုပါလင်မယားကို သြဂုတ်၁၃ ရက်မှစ၍ ဖမ်းဆီးထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ခိုးယူလိုက်သော ငွေအချို့အား ပါကစ္စတန်နိုင်ငံသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ အွန်လိုင်းမှ တစ်ဆင့်လွှဲပြောင်းပေးခဲ့ပြီး ၎င်းသည် မလေးရှားနိုင်ငံ အတွင်းမှာပင် ရှိနေသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ငွေခိုးယူခံရသော ဘဏ်အမည်အား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment