Monday, August 4, 2014

ငါးမွေးမြူရေးနှင့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များကို ကျပ်သုံးဘီလီယံ ချေးငွေပေးမည်

မွေးမြူရေးလုပ်ငန်းရှင် များထံမှအကြွေးကျပ်ငွေသုံးဘီ လီယံကျော်ရှိသော်လည်းငါးမွေး မြူရေးနှင့် ပင်လယ်ကမ်းဝေးငါး ဖမ်းလုပ်ငန်းရှင်များကို ချေးငွေ ကျပ်သုံးဘီလီယံခွဲထပ်မံချေးပေး ရန်စီစဉ်နေကြောင်းမွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှသတင်းရ ရှိသည်။‘‘နည်းပညာတွေ၊ ငွေကြေး တွေလိုတယ်လို့အမြဲပြောနေလို့ အခုလိုထပ်ပြီးထောက်ပံ့ပေးတာ ။ နိုင်ငံတော်သမ္မတကြီးလည်းချေး ငွေပေးဖို့ လမ်းညွှန်ထားတယ်’’ဟု အဆိုပါဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးခင်မောင်အေးက ပြော ကြားသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် များအတွက် ချေးငွေကျပ်တစ်ဘီ လီယံခွဲကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့်လက်ပံတန်းမြို့ နယ်တို့ရှိ လုပ်ငန်းရှင်များအား ချေး ပေးရန် စီစဉ်ထားသည်။အဆိုပါ ချေးငွေကို ခိုင်မာမှုရှိစေရန် ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေး မည်ဖြစ်သည်။
ပင်လယ်ကမ်းဝေးလုပ်ငန်း ရှင်များချေးငွေကို လုပ်ထုံးလုပ် နည်းများနှင့်အညီ စီစဉ်ပြီးမှချေးငွေထုတ်ပေးမည်ဖြစ်သည်။ ချေးငွေပမာဏမှာ ကျပ်နှစ်ဘီလီ ယံထုတ်ပေးမည်ဖြစ်သည်။ရေ ထွက်ကုန်ပစ္စည်းများပြည်ပတင်ပို့မှု လျော့ကျနေသဖြင့် လိုအပ် သည့် အကူအညီများ၊နည်းပညာ အထောက်အပံ့များလည်းစီစဉ် ပေးနေကြောင်း ဒုဝန်ကြီးကပြော ကြားသည်။ချေးငွေများ ထပ်မံတိုးမြှင့် ပေးမှုသည် မွေးမြူရေးလုပ်ငန်း ရှင်များ၏ ကုန်ကျစရိတ်နှင့် နှိုင်း ယှဉ်ပါက နည်းသော်လည်း အ ထောက်အပံ့ဖြစ်နိုင်ကြောင်း မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဒုတိ ယဥက္ကဋ္ဌဦးနှင်းဦးကပြောသည်။ မွေးမြူရေး ငါးကန်တစ်ကန်၏ ကုန်ကျစရိတ်သည် တစ်နှစ်ကို ကျပ်သိန်းသုံးဆယ်မှ လေးဆယ် ကြားရှိကြောင်း၎င်းကပြောသည်။ပြည်ပသို့ရေထွက်ကုန်တင် ပို့မှုသည် ယခုဘဏ္ဍာနှစ်တွင်ယ ခင်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်းငါး ဆယ်ခန့်လျော့နည်းသည်။ ၂၀၁၃- ၁၄ဘဏ္ဍာနှစ်တွင်လည်း ပြည် ပသို့ရေထွက်ကုန်တင်ပို့မှုမှာ အ မေရိကန်ဒေါ်လာ သန်းငါးရာ ကျော်သာရှိသည်။

No comments:

Post a Comment