Monday, August 4, 2014

လှေဖြင့် ခိုးဝင်လာသည့် တမီးလ်လူမျိုးများကို သြစတြေးလျက ပစိဖိတ်သမုဒ္ဒအတွင်းရှိ ကျွန်းသို့ ပို့ထား

အိန္ဒိယနိုင်ငံမှ လှေဖြင့်ခိုးဝင်လာပြီး ခိုလှုံခွင့်တောင်းခံထားသည့် တမီးလ်ဒုက္ခသည် ၁၅၇ ဦးကို သြစတြေးလျ အာဏာပိုင်များက ပစိ ဖိတ်သမုဒ္ဒရာအ တွင်းရှိ နာအူရူကျွန်းသို့ ပို့ထားကြောင်း သိရသည်။အဆိုပါ ဒုက္ခသည်များက အိန္ဒိယအရာရှိများနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့သောကြောင့် ၎င်းတို့၏ ခိုလှုံ ခွင့် တောင်းခံမှုကို စိစစ်နေစဉ်အတွင်း ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ တမီးလ်ဒုက္ခသည်များသည် ဇွန်လအတွင်းက လှေဖြင့် ခိုးဝင်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား သြစတြေးလျ ကုန်းတွင်းပိုင်းသို့ ခေါ်ဆောင်ကာ အိန္ဒိယအရာရှိ များနှင့် တွေ့ဆုံပေးရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များက ငြင်းဆိုခဲ့သည်။ ယင်းတမီးလ်လူမျိုးများသည် အိန္ဒိယနိုင်ငံ၊ ပွန်ဒီချာရီမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း သီရိလင်္ကာ နိုင်ငံမှ ရွှေ့ပြောင်းလာသူများဖြစ်နိုင်ကြောင်း အာဏာပိုင်များ က ပြောကြားသည်။ ၎င်းတို့ကို ၀က်စ တန်းသြစတြေးလျရှိ ကာတင်လူဝင်မှုကြီးကြပ်ရေးစခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ ကလေးငယ် ၅၀ ဦးပါဝင်သည့် ယင်းဒုက္ခသည်များကို နာအူရူကျွန်း သို့မဟုတ် သီရိလင်္ကာသို့ ပြန်ပို့ ပေးဖွယ်ရှိကြောင်း သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆန်က ပြောကြားသည်။
“သူတို့ဟာ ဒုက္ခသည်တွေဆိုတာ အတည်ပြုနိုင်ရင် သီရိလင်္ကာကို ပြန်ပို့မှာပါ။ အိန္ဒိယကိုတော့ ပို့မှာမ ဟုတ်ပါဘူး။ အိန္ဒိယကို ပြန်သွားတာက သူတို့အတွက် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး” ဟု စကော့မော်ရစ်ဆန်က ဆိုသည်။
လူ့အခွင့်အရေးဥပဒေဌာန ညွှန်ကြားရေးမှူး ဟက်ဒယ်ခရစ်စတာက “ဒီဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် စိုးရိမ်မိ ပါတယ်။ သူတို့အနေနဲ့ ပြတင်းတံခါးမရှိတဲ့ အခန်းတွေမှာ တစ်နေ့ကို ၂၁ နာရီအထိ နေရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
လူကုန်ကူးမှုများကို နှိမ်နှင်းရန် သြစတြေးလျအစိုးရက လှေစီးဒုက္ခသည်များနှင့်ပတ်သက်သည့် မူဝါဒ ကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြောင်းလဲခဲ့သည်။ လက်ရှိမူဝါဒအသစ်အရ ခိုးဝင်လာသည့် ဒုက္ခသည် အားလုံးကို နာအူရူနှင့် ပါပူအာနယူးဂီနီ ကျွန်းများသို့ ဦးစွာပို့ထားပြီး စိစစ်မှုများ၊ ပြန်ပို့မှု များကို လုပ်ဆောင်ခဲ့သည်။
အန္တရာယ်များသည့် လှေဖြင့် ခိုးဝင်လာခြင်းများကို တားဆီးရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သြတြေးလျအစိုးရက ပြောကြားသော်လည်း ဒုက္ခသည် များအား ထားရှိသည့် ထိန်းသိမ်း ရေးစခန်းများနှင့်ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများက ပြစ်တင်ဝေဖန်လျက်ရှိသည်။


Ref:BBC

No comments:

Post a Comment