Friday, August 29, 2014

အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်

 Photo: အလုပ်ခွင်မှာ ပျော်ပျော်ရွှင်ရွှင်
Friday, August 29, 2014

အစုလိုက် လုပ်ငန်းတခု၊ မိမိအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း တခု  အောင်မြင်ဖို့ လုပ်ငန်းခွင်အတွင်းက  လုပ်သားတွေ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်တတ်ကြဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ 
ဘယ်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ကြတာမှာ ပျော်ရွှင်နေဖို့ဟာ အရေးကြီး ပြီး လုပ်ငန်း အောင်မြင်ဖို့အတွက် အဓိက ဖြစ်တယ်လို့ Julia K. Boehm နဲ့ Sonja Lyubomirsky တို့လို ပညာရှင်တွေက အခိုင်အမာ ယုံကြည်ကြပါတယ်တဲ့။ 

သူတို့ ၂ ဦးဟာ Does Happiness Promote Career Success? ဆိုတဲ့ အမည်နဲ့ စာတမ်းတစောင်ကို ၂၀၀၈ ခုနှစ်က ရေး သား ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ စာတမ်းမှာ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားဆက်ဆံရေးတွေကိုလည်း သုတေသန လုပ်ခဲ့ကြ ပါတယ်တဲ့။ 

လူသားတွေဟာ မိမိတို့သက်ဆိုင်ရာ အလုပ်ခွင်တွေ အသီးသီးမှာ တာဝန် အသီးသီးထမ်းဆောင်နေကြပါ တယ်။ 

အိမ်တွင်း အလုပ်ခွင်၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းက အစ၊ အစိုးရ၊ ပုဂ္ဂလိက၊ ကုမ္ပဏီ စတဲ့ ဌာနနဲ့ လုပ်ငန်းခွင်အသီးသီးမှာ တာဝန် တွေ အသီးသီး ထမ်းဆောင်နေကြတာပါ။ ကိုယ့်အလုပ်တာဝန်တွေကို ချစ်ခင်မြတ်နိုးဖို့ အရေးကြီးပါတယ်။ ဒီအပြင် မိမိလုပ်ဆောင်နေတဲ့ အလုပ်ကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ် အဖြစ် စိတ်ထားတတ်ဖို့လည်း လိုအပ်ပါတယ်တဲ့။ 

လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဖို့ ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူးတဲ့။ ဒါဟာ လေ့ကျင့် ယူရတယ်လို့လည်း ဆိုကြပါတယ်။ 

အသေးအမွှား ကိစ္စက အစ လုပ်ငန်းအတွက် အကြီးမားဆုံးအကျိုးအမြတ် ဖြစ်စေတဲ့ လုပ်ရပ်ကို ဖော်
ဆောင်တဲ့သူတိုင်းကို လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းက အသိအမှတ်ပြု ချီးမွမ်းတတ်ဖို့ သိပ်အရေးကြီး တယ်လို့ သူတို့က ဆိုပါတယ်။ 

လုပ်ငန်းခွင် တခုထဲမှာပဲ ကဏ္ဍ အသီးသီးမှာ မတူညီတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရင်း အောင်မြင် သူတွေလည်း ပေါ်ထွက်ကြတာ ဓမ္မတာပါဘဲတဲ့။ 

လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိပြီး ရောင့်ရဲတင်းတိမ်တတ်တဲ့သူတွေဟာ အောင်မြင်ကြတယ် လို့သုတေသန ပြု ချက်တွေက ဖော်ပြနေပါတယ်တဲ့။ 

 အောင်မြင်တဲ့ လူဟာ အပေါင်းလက္ခဏာဆောင်တဲ့ တွေးတော ပြောဆို မှုတွေ ရှိတတ်ကြပြီး တဖက်သား အပေါ် ဖြည့်ပြီး နားလည် လက်ခံတတ်လေ့ ရှိတာလည်း တွေ့ရပါတယ်တဲ့။ အထက်၊ တန်းတူ၊ အောက် စတဲ့ လုပ်ငန်း ခွင်ထဲက လုပ်ဖော် ကိုင်ဖက်အချင်းချင်းကြားမှာလည်း ဘက်မလိုက် ဆက်ဆံတတ်ကြတာ 
အောင်မြင်သူတွေရဲ့ ထူးခြားတဲ့ တူညီချက်တွေလို့ ဆိုပါတယ်။ 

တဦးချင်း လုပ်ငန်းအောင်မြင်မှုကနေ အဖွဲ့နဲ့ လုပ်ငန်း အောင်မြင်မှုတွေကို ဖြစ်ပေါ်စေပြီး ဒါဟာလည်း လုပ်ငန်းခွင် အတွင်း ပျော်ရွှင်မှုနဲ့ တိုက်ရိုက် ချိတ်ဆက်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ 

အများနဲ့ လုပ်ကြရတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တဦးရဲ့ အရည်အချင်းကို တဦးက အပြန်အလှန် အသိအမှတ်ပြုမှု၊ တဦးအပေါ် တဦး နားလည်မှု၊ လေးစားမှုတွေက လုပ်ငန်းခွင် ပျော်ရွှင် မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ 

ဒါမှသာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအားကောင်း လာပြီး လုပ်ငန်း အောင်မြင်မှုလည်း မြင့်မားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မိသားစုလို၊ အားကစားအသင်းလို အပေးအယူမျှတ တဲ့ လုပ်ငန်းခွင်ဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး အောင်မြင် မှုတွေ ဆင့်ကဲ ရရှိကြပါတယ်တဲ့။ 

လုပ်ငန်းခွင် အတွင်း မနာလို၊ ဝန်တိုစိတ်ထားမှုဟာ လုပ်ငန်းခွင် ပျော်ရွှင်မှုကို အဓိက ပျက်စီးစေပြီး အောင်
မြင် မှု မရရှိပဲ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေတယ်လို့ သုတေသနပြုချက်တွေက ညွှန်းဆိုပါတယ်တဲ့။ 

ဒီလို ကိစ္စတွေဟာ လူတိုင်းနီးပါး သိပြီး သားဖြစ်ပေမယ့် အရေးအကြီးဆုံးကတော့ အလေ့အကျင့် လုပ်ရ တာပါတဲ့။

လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်းခွင်ထဲက အဓိက စီမံဆောင်ရွက်သူ မန်နေဂျာက ဖြစ်စေ အခါအားလျော်စွာ ဖန်တီးလေ့ကျင့် ပေးဖို့ လိုအပ်သလို လုပ်ငန်းခွင်ထဲက လူတိုင်းကလည်း ပူးပေါင်း ပါဝင် ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး အောင်မြင်မှုတွေ ရရှိကြပါစေ။  

ဧရာဝတီ
အစုလိုက် လုပ်ငန်းတခု၊ မိမိအသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း တခု  အောင်မြင်ဖို့ လုပ်ငန်းခွင်အတွင်းက  လုပ်သားတွေ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ကိုင်တတ်ကြဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ဘယ်လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ကြတာမှာ ပျော်ရွှင်နေဖို့ဟာ အရေးကြီး ပြီး လုပ်ငန်း အောင်မြင်ဖို့အတွက် အဓိက ဖြစ်တယ်လို့ Julia K. Boehm နဲ့ Sonja Lyubomirsky တို့လို ပညာရှင်တွေက အခိုင်အမာ ယုံကြည်ကြပါတယ်တဲ့။
သူတို့ ၂ ဦးဟာ Does Happiness Promote Career Success? ဆိုတဲ့ အမည်နဲ့ စာတမ်းတစောင်ကို ၂၀၀၈ ခုနှစ်က ရေး သား ထုတ်ဝေခဲ့ပါတယ်။ သူတို့ရဲ့ စာတမ်းမှာ အလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားဆက်ဆံရေးတွေကိုလည်း သုတေသန လုပ်ခဲ့ကြ ပါတယ်တဲ့
လူသားတွေဟာ မိမိတို့သက်ဆိုင်ရာ အလုပ်ခွင်တွေ အသီးသီးမှာ တာဝန် အသီးသီးထမ်းဆောင်နေကြပါ တယ်။
အိမ်တွင်း အလုပ်ခွင်၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းက အစ၊ အစိုးရ၊ ပုဂ္ဂလိက၊ ကုမ္ပဏီ စတဲ့ ဌာနနဲ့ လုပ်ငန်းခွင်အသီးသီးမှာ တာဝန် တွေ အသီးသီး ထမ်းဆောင်နေကြတာပါ။ ကိုယ့်အလုပ်တာဝန်တွေကို ချစ်ခင်မြတ်နိုးဖို့ အရေးကြီးပါတယ်။ ဒီအပြင် မိမိလုပ်ဆောင်နေတဲ့ အလုပ်ကို ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ် အဖြစ် စိတ်ထားတတ်ဖို့လည်း လိုအပ်ပါတယ်တဲ့။
လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်းဖို့ ဆိုတာ လွယ်လွယ်နဲ့ မဖြစ်နိုင်ပါဘူးတဲ့။ ဒါဟာ လေ့ကျင့် ယူရတယ်လို့လည်း ဆိုကြပါတယ်။
အသေးအမွှား ကိစ္စက အစ လုပ်ငန်းအတွက် အကြီးမားဆုံးအကျိုးအမြတ် ဖြစ်စေတဲ့ လုပ်ရပ်ကို ဖော်ဆောင်တဲ့သူတိုင်းကို လည်း လုပ်ဖော်ကိုင်ဖက်အချင်းချင်းက အသိအမှတ်ပြု ချီးမွမ်းတတ်ဖို့ သိပ်အရေးကြီး တယ်လို့ သူတို့က ဆိုပါတယ်။
လုပ်ငန်းခွင် တခုထဲမှာပဲ ကဏ္ဍ အသီးသီးမှာ မတူညီတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရင်း အောင်မြင် သူတွေလည်း ပေါ်ထွက်ကြတာ ဓမ္မတာပါဘဲတဲ့။ လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရှိပြီး ရောင့်ရဲတင်းတိမ်တတ်တဲ့သူတွေဟာ အောင်မြင်ကြတယ် လို့သုတေသန ပြု ချက်တွေက ဖော်ပြနေပါတယ်တဲ့။
 အောင်မြင်တဲ့ လူဟာ အပေါင်းလက္ခဏာဆောင်တဲ့ တွေးတော ပြောဆို မှုတွေ ရှိတတ်ကြပြီး တဖက်သား အပေါ် ဖြည့်ပြီး နားလည် လက်ခံတတ်လေ့ ရှိတာလည်း တွေ့ရပါတယ်တဲ့။ အထက်၊ တန်းတူ၊ အောက် စတဲ့ လုပ်ငန်း ခွင်ထဲက လုပ်ဖော် ကိုင်ဖက်အချင်းချင်းကြားမှာလည်း ဘက်မလိုက် ဆက်ဆံတတ်ကြတာ အောင်မြင်သူတွေရဲ့ ထူးခြားတဲ့ တူညီချက်တွေလို့ ဆိုပါတယ်။
တဦးချင်း လုပ်ငန်းအောင်မြင်မှုကနေ အဖွဲ့နဲ့ လုပ်ငန်း အောင်မြင်မှုတွေကို ဖြစ်ပေါ်စေပြီး ဒါဟာလည်း လုပ်ငန်းခွင် အတွင်း ပျော်ရွှင်မှုနဲ့ တိုက်ရိုက် ချိတ်ဆက်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။
အများနဲ့ လုပ်ကြရတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တဦးရဲ့ အရည်အချင်းကို တဦးက အပြန်အလှန် အသိအမှတ်ပြုမှု၊ တဦးအပေါ် တဦး နားလည်မှု၊ လေးစားမှုတွေက လုပ်ငန်းခွင် ပျော်ရွှင် မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါမှသာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအားကောင်း လာပြီး လုပ်ငန်း အောင်မြင်မှုလည်း မြင့်မားလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုလို၊ အားကစားအသင်းလို အပေးအယူမျှတ တဲ့ လုပ်ငန်းခွင်ဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး အောင်မြင် မှုတွေ ဆင့်ကဲ ရရှိကြပါတယ်တဲ့။
လုပ်ငန်းခွင် အတွင်း မနာလို၊ ဝန်တိုစိတ်ထားမှုဟာ လုပ်ငန်းခွင် ပျော်ရွှင်မှုကို အဓိက ပျက်စီးစေပြီး အောင်
မြင် မှု မရရှိပဲ ဆုတ်ယုတ်မှုကိုသာ ဖြစ်စေတယ်လို့ သုတေသနပြုချက်တွေက ညွှန်းဆိုပါတယ်တဲ့။
ဒီလို ကိစ္စတွေဟာ လူတိုင်းနီးပါး သိပြီး သားဖြစ်ပေမယ့် အရေးအကြီးဆုံးကတော့ အလေ့အကျင့် လုပ်ရ တာပါတဲ့။
လုပ်ငန်းရှင်ဖြစ်စေ၊ လုပ်ငန်းခွင်ထဲက အဓိက စီမံဆောင်ရွက်သူ မန်နေဂျာက ဖြစ်စေ အခါအားလျော်စွာ ဖန်တီးလေ့ကျင့် ပေးဖို့ လိုအပ်သလို လုပ်ငန်းခွင်ထဲက လူတိုင်းကလည်း ပူးပေါင်း ပါဝင် ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်မှာ ပျော်ရွှင်ပြီး အောင်မြင်မှုတွေ ရရှိကြပါစေ။ 

ဧရာဝတီ

No comments:

Post a Comment