Friday, August 29, 2014

ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ

Photo: ရန်ကုန်တိုင်းအစိုးရ ဧည့်ခံစရိတ် ကျပ်ခြောက်သန်းကျော် ဖြည့်စွက်တောင်းခံ
Friday, August 29, 2014

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက်သန်းကျော် တောင်းခံထားကြောင်း သတင်းရရှိသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး သည် မူလခွင့်ပြုသည့် ငွေမလုံ လောက်သဖြင့် ကျပ်ငွေ ၃၉ ဒသမ၁၈၇ ဘီလီယံကို ထပ်မံတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များအား ဧည့်ခံရန် ဧည့်ခံစရိတ်ကျပ်ငွေ၆ ဒသမ ၅၉၆ သန်းထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။

သြဂုတ်လ ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ် က တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ခန့်မှန်းအသုံးစရိတ် ၃၈၀ ဘီလီယံကျော်တောင်းခံထားပြီးဖြစ်ရာ ယင်းငွေပမာဏမလုံလောက်၍ လိုငွေကျပ် ၃၉ ဘီလီယံကျော်ထပ်မံတောင်းခံခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုတွင် ဧည့်ခံစရိတ်ကျပ်ငွေ ၆ သန်းကျော်တောင်းခံထားခြင်းမှာ များပြား လွန်းကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

မူလခွင့်ပြုငွေမလုံလောက် သဖြင့် ဘဏ္ဍာငွေထပ်မံတောင်းခံ သည့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၀ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ အဆောက်အအုံ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းအဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို လက်ရှိကျင်းပဆဲ တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးရန်ရှိနေ သည်။

7Day DAILY 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ဓာတ်ပုံ - ရန်မျိုးနိုင်)

 ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များ ဧည့်ခံစရိတ် ကျပ်ငွေခြောက်သန်းကျော် တောင်းခံထားကြောင်း သတင်းရရှိသည်။၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး သည် မူလခွင့်ပြုသည့် ငွေမလုံ လောက်သဖြင့် ကျပ်ငွေ ၃၉ ဒသမ၁၈၇ ဘီလီယံကို ထပ်မံတောင်းခံရာတွင် နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံခြားဧည့်သည်များအား ဧည့်ခံရန် ဧည့်ခံစရိတ်ကျပ်ငွေ၆ ဒသမ ၅၉၆ သန်းထည့်သွင်းတောင်းခံ ထားခြင်းဖြစ်သည်။
သြဂုတ်လ ၂၇ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကို တိုင်းဒေသကြီး ဘဏ္ဍာရေး ၀န်ကြီး ဒေါ်စန်းစန်းနွယ် က တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အတွက် ခန့်မှန်းအသုံးစရိတ် ၃၈၀ ဘီလီယံကျော်တောင်းခံထားပြီးဖြစ်ရာ ယင်းငွေပမာဏမလုံလောက်၍ လိုငွေကျပ် ၃၉ ဘီလီယံကျော်ထပ်မံတောင်းခံခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရ၏ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုတွင် ဧည့်ခံစရိတ်ကျပ်ငွေ ၆ သန်းကျော်တောင်းခံထားခြင်းမှာ များပြား လွန်းကြောင်း ဒီမိုကရက်တစ် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

မူလခွင့်ပြုငွေမလုံလောက် သဖြင့် ဘဏ္ဍာငွေထပ်မံတောင်းခံ သည့် ဌာနဆိုင်ရာ အဖွဲ့အစည်း ၁၀ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဥပဒေရုံးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ အဆောက်အအုံ လမ်းတံတားပြင်ဆင်ထိန်းသိမ်းခြင်းအဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို လက်ရှိကျင်းပဆဲ တိုင်းဒေသကြီး လွှတ်တော်အ စည်းအဝေးတွင် လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးရန်ရှိနေ သည်။

7Day DAILY

No comments:

Post a Comment