Thursday, August 7, 2014

တယ်လီနော(မြန်မာ)မှ ကျပ်၁၅၀ဝတန်ဆင်းမ်ကတ်များ စရောင်းချိန်တွင် ဈေးတင်၍ရောင်းသောဆိုင်များကို ရောင်းချခွင့်ပိတ်ပင်သည့်စနစ် ကျင့်သုံးမည်ဟုဆို

တယ်လီနော (မြန်မာ)မှကျပ် ၁၅၀ဝတန်ဆင်းမ် ကတ်များ စတင်ရောင်းချသည့် အ ချိန်တွင် ဈေးကွက် အတွင်းဈေးနှုန်း မြှင့်တင်၍ရောင်းချသည့်အရောင်း ဆိုင်များကို တယ်လီနောဆင်းမ်ကတ် များရောင်းချခွင့်ပိတ်ပင်သည့် စနစ် ဖြင့် ကျင့် သုံးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။လာမည့်စက်တင်ဘာလအတွင်း ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချ မည့်ဆင်းမ်ကတ်များကို ဝယ်ယူသုံး စွဲသူများအနေဖြင့်ကျပ် ၁၅၀ဝဖြင့်ဝယ်ယူနိုင်ရန်နှင့်အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်မရောင်းချစေရန် ယင်းစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက် သွားရန်ပြင်ဆင်ထားကြောင်း သိရသည်။ တယ်လီနော(မြန်မာ)မှပြော ရေးဆို ခွင့်ရှိသူတစ်ဦးက''တယ်လီ နောကရောင်းတဲ့အခါ ဆင်းမ်ကတ် ကို လုံလုံလောက်လောက် ချထားပေး ဖို့ရှိတယ်။ ဒါကြောင့်ဝယ်သလောက် ရနေမှာမို့လို့ ဈေးပိုပေးပြီး ဝယ်ရ မှာမဟုတ်ဘူး။ ရောင်းတဲ့ဆိုင်တွေက လဲ ဈေးပိုမြှင့်ပြီးရောင်း ရင် တယ်လီ နောဆင်းမ်ကတ်ရောင်းခွင့်မရှိအောင် ပိတ်သွားမယ်''ဟု ပြောသည်။ယင်းအပြင်တယ်လီနော(မြန် မာ)မှဆင်းမ်ကတ်များစတင်ရောင်း ချသည့်အချိန်နှင့် တစ်ပြိုင်နက်တည်း မှာပင် ဖုန်းပြောဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့အပြင် အခြားဝန် ဆောင်မှုများလည်း အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်းသိရသည်။
''နက်ဝက်ခ်ပိုင်းတည်ဆောက် တာကို လိုင်စင်ရပြီးရှစ်လတာပြင် ဆင်ထားတဲ့အတွက်စရောင်းတာ နဲ့ ကတ်တွေက သုံးလို့ရမယ်။ ကတ်ဝယ် ပြီးသုံးလို့မရတာ မျိုးမဖြစ်ဘူး။ ဆိုင် တိုင်းမှာလဲ ဝယ်လို့ရနိုင်အောင်ပြင် ဆင်နေပါတယ်''ဟု အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ထပ်မံဆိုသည်။
လက်ရှိတွင် အော်ပရေတာ တစ်ခုဖြစ်သည့်အော်ရီဒူး (မြန်မာ) မှ ကျပ်၁၅၀ဝဖြင့် ဆင်းမ်ကတ်များ စတင်ရောင်းချချိန် တွင် ပြင်ပအ ရောင်းဆိုင်များ၌ ဈေးနှုန်းများ အဆမ တန်မြှင့်၍ ရောင်းချခြင်းများရှိခဲ့ ကြောင်း သိရသည်။
တယ်လီနော(မြန်မာ) မှ 2G, 3G ကွန်ရက်ဖြင့် မည်သည့်ဟန်း ဆက် အမျိုးအစားဖြင့်မဆို အသုံး ပြုနိုင်မည်ဖြစ်ပြီးဆမ်ဆောင်းနှင့် ပူး ပေါင်း၍ ဟန်းဆက်နှင့်ဆင်းမ်ကတ် ပါ ပူးတွဲရောင်းချရန် ပြင်ဆင်လျက် ရှိသည်ဟု သိရသည်။
PPT
Democracytoday

No comments:

Post a Comment