အချစ်များစွာသီချင်းနဲ့ ပရိသတ်သိသွားခဲ့တဲ့ ထွန်းရတီက ခုတစ်ခါ
ဒုတိယအယ်လ်ဘမ်တစ်ခုကို ချပြဖို့ ကြိုးစားနေတာကြောင့် ဒီအခွေနဲ့ ပတ်သက်ပြီး
သူ့ကိုမေးကြည့်လိုက်တဲ့အခါ “ရတီ
ဒုတိယခွေမှာလဲ အချစ်များစွာ သီချင်းလိုပဲ လူငယ်ဖက် သွားတဲ့
ပုံစံမျိုးလေးတွေ ရွေးထားတယ်။ ဒုတိယအခွေထဲမှာ အသည်းကွဲသီချင်းတွေလဲ ပါတယ်။
အချစ်အတွက်နဲ့ စွန့်စားရဲလားဆိုတဲ့ ကောင်မလေးဖက်က
မေးထားတဲ့ပုံစံမျိုးလေးတွေ၊ ကောင်မလေးက
အရမ်းအချစ်ကြီးလွန်း လို့နောက်ခါကျရင် နင့်ကို ဂရုမစိုက်တော့ဘူး။
ကိုယ့်ကိုကိုယ်ပဲ အချစ်ကြီးလွန်းလို့ ပြန်ဆုံးမမယ်ဆိုတဲ့ ဟာလေးတွေလဲ
ပါပါတယ်။ ခုဒီခွေလေးမှာသီချင်း ၁၂ပုဒ်ဖြစ်မလား၊ ၁၄ ပုဒ်ဖြစ်မလား မသိသေးဘူး။
တေးရေးတွေကတော့ ကိုရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ကိုမိုးမိုး၊ စိုးလင်း၊
ခင်ဆွေလင်း၊ မိုင်း၊ အငယ်တွေထဲကလည်း အများကြီးပါမယ်။ ကိုယ်တိုင်ရေးက
တစ်ပုဒ်ပါမယ်။ title ကတော့ မရွေးရသေးပါဘူး။ featuring တွေလဲ မပါပါဘူး။
တစ်ခွေလုံးကို ညီမတစ်ယောက်တည်းပါပဲ။ ရတီခန့်မှန်းထားတာကတော့
၁၂လပိုင်းလောက်ပေါ့။”လို့ သူမက ပြောပါတယ်။ထွန်းရတီရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်ထွက်ရှိတော့မယ့် cherryFMအခွေထဲက သူမရဲ့ သီချင်းလေးကို ခံစားနား ဆင်ကြည့်နိုင်ပါတယ်။ အသည်းကွဲသီချင်းတွေ ဆိုရတာ အားသာနေတဲ့ သူမရဲ့ အချစ်ရေးကတော့ “မရှိသေးပါဘူး။ အချစ်ဆိုတာရှိ လဲ ကောင်းတယ်။ မရှိလဲကောင်းတယ်။ အရမ်းကြီးချစ်ရင် ပိုပူလောင်တဲ့တယ်ပေါ့နော်။ ပထမသီချင်းကတော့ အရင်က ခံစားချက် ကို ရေးထားတာပေါ့နော်။ အဓိကအားဖြင့်အသည်းကွဲသီချင်းတွေပဲရှာဖြစ်တယ်”လို့ သူမက ပြောသွားပါတယ်။
ခင်ဆွေသက်
Trend Myanmar
No comments:
Post a Comment