Friday, August 1, 2014

စားကျက်မြေနေရာရှားပါးခြင်းနှင့် နယ်မြေမတည်ငြိမ်ခြင်းက ကျားထိန်းသိမ်းရေးလုပ်ဆောင်မှုကို အခက်တွေ့စေဟုဆို

ကျားများအတွက် စား ကျက်မြေနေရာလျော့နည်းလာ ခြင်း၊ နယ်မြေတည်ငြိမ်မှုမရှိခြင်း က ကျားကောင်ရေတိုးပွားရေး အတွက် အခက်အခဲတစ်ခုဖြစ်နေ ကြောင်း ကျားထိန်းသိမ်းရေးလုပ် ဆောင်နေသူများကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း စဉ်ကို ၂၀၁၀ ပြည့်နှစ် စိန့်ပီတာ စဘတ်ကြေညာစာတမ်းတွင် လာ မည့် ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာ လုံးကျားကောင်ရေနှစ်ဆ တိုးလာ စေရေးကမ္ဘာလုံးဆိုင်ရာကျားမျိုး စိတ်များ ပြန်လည်တိုးပွားရေးအစီ အစဉ် Global Tiger Recover Programme(GTRP)အရမြန်မာ နိုင်ငံကလည်း ကျားကောင်ရေ၁၂၀ အထိ တိုးပွားရန်လုပ်ဆောင် ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ဟူးကောင်း ချိုင့်ဝှမ်းနယ်မြေ ထမံသီဘေးမဲ့ တော၊ တနင်္သာရီသဘာဝကြိုးဝိုင်း တို့တွင် ကျားများထိန်းသိမ်းထား ပြီး ကျားကောင်ရေ ၈၅ ကောင်ရှိ မည်ဟု ခန့်မှန်းထားသည်။သို့သော် ကျားကောင်ရေ အများဆုံးနေထိုင်ကျက်စားသည့် ဟူးကောင်းချိုင့်ဝှမ်းတွင်ပင် နယ် မြေတည်ငြိမ်မှုမရှိ၍ ကျားထိန်း သိမ်းရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ကတည်းကရပ်နားထားခဲ့ရ ပြီး ယနေ့အချိန်ထိပြန်စနိုင်ခြင်း မရှိသေးကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့အစည်း (WCS)မှ Senior Technical Coordinator ဦးစောထူး သာပိုကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း များရပ်နားထားရသဖြင့် တရား မဝင်အမဲလိုက်ခြင်းများနှင့် တော ရိုင်းတိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပွားနေသည်။ ယင်းတို့မှာ ကျား ကောင်ရေ   လျင်မြန်စွာလျော့ကျ စေမည့်အဓိက ခြိမ်းခြောက်မှု များ ဖြစ်နေကြောင်း သဘာဝပတ်ဝန်း ကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
 
‘‘နှစ်စဉ်စာရင်းမကောက်နိုင် တော့ ကျားကျန်ရှိကျက်စားမှု အခြေအနေကိုလည်း မဖော်ထုတ် နိုင်တော့ဘူး။ ကျားတွေကို အမဲ လိုက်သတ်ဖြတ်နေမှုရှိ၊ မရှိကို လည်း ကင်းလှည့်နိုင်မှုမရှိတော့ ဘူး’’ဟု အဆိုပါပုဂ္ဂိုလ်ကပြော သည်။ကျားများကို တိုက်ရိုက် သတ် ဖြတ်ခြင်း မပြုသော်လည်း ကျား အစာသတ္တဝါများကိုသတ်ဖြတ် ခြင်း၊ ကျက်စားသည့်သဘာဝ တောင်များ၊ သစ်တောကြိုးဝိုင်း များကို အခြားမြေ များအဖြစ် ပြောင်းလဲခြင်း၊ လူတို့ကျူးကျော် နေထိုင်ခြင်းကြောင့် စားကျက် နယ်မြေများလျော့နည်းလာခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း များကို ဆေးဝါးအဖြစ်အသုံးပြုလိုခြင်းတို့ ကလည်း ကျားကောင်ရေလျော့ပါးစေသည့်အချက်ဖြစ်ကြောင်း ဦးစောထူးသာပိုကပြောသည်။‘‘လာမယ့် ၂၀၂၂ မှာကောင် ရေ ၁၂၀ ရအောင်လုပ်ရမယ်ဆို တော့ ဒီကအခြေအနေနဲ့ဆိုမှန်းရ ခက်တယ်။ ၂၀၁၀ တုန်းကအခြေ အနေကောင်းနေသေး တဲ့အတွက် လုပ်နိုင်မယ်လို့မှန်းထားတာ။ အဲဒီ တုန်းက  အခြေအနေအတိုင်းသွား မယ်ဆိုရင်တော့ အကောင်ရေတိုး လောက်တယ်။ အခုအခြေအနေ အရ မှန်းရခက်နေတယ်’’ဟု ၎င်း ကပြောသည်။တစ်ကမ္ဘာလုံးတွင် ဘင်္ဂလား ဒေ့ရှ်၊ ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ နီပေါ၊ ရုရှား၊ ထိုင်းနှင့်ဗီယက်နမ် နိုင်ငံတို့တွင်သာ ကျားကောင်ရေသုံးထောင်ကျော်သာ ကျန်ရှိတော့ သည်။
7Day News Journal

No comments:

Post a Comment