ဆူပူအုံကြွမှုဖြစ်ပွားခဲ့ရာ စက်ရုံအတွင်းမှ အလုပ်သမားများ (ဓာတ်ပုံ − The Star) |
အလုပ်ရှင်၏ ရင့်သီးစွာ ဆက်ဆံခြင်း၊ နိုင့်ထက်စီးနင်းခြင်းတို့ကြောင့် နီပေါနိုင်ငံသားဖြစ်သူ Kishor Rai က ဦးဆောင်၍ ဆူပူ မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း The Star သတင်းဌာနက ဖော်ပြ သည်။
‘‘သံရုံးကို အကြောင်းကြား လို့ သံရုံးက အခင်းဖြစ်ပွားတဲ့နေ ရာကို သွားပြီးဖြေရှင်းပေးနေပါ တယ်။ ဖျက်ဆီးမှုမှာ မြန်မာလုပ် သားတွေ ဘယ်လိုကစဖြစ်တယ် ဆိုတာတော့ မသိသေးပါဘူး’’ ဟု မလေးရှားနိုင်ငံ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ကားမီးရှို့ဖျက်ဆီးတာကို မြန်မာလုပ်သားတွေက လုပ်တယ် လို့ မလေးရှားသတင်းစာတွေက ရေးထားကြတယ်။ အဲဒီစက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြဿနာဖြစ်နေတာ ကြာနေပြီ’’ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်နေထိုင်သော ကိုမျိုးမင်းက ပြောသည်။
7Day Daily
No comments:
Post a Comment