Wednesday, August 27, 2014

UNFC ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပို့

ပထမဆုံးအကြိမ် ပြုလုပ်နေသော ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရေးရှင်း ကောင်စီ(UNFC) ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးသ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် မဟုတ်ဘဲ ၎င်း၏ သဘောထားအမြင်များကို ပုဂ္ဂိုလ်ရေးအရ သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း UNFC တွဲဖက်အ ထွေထွေအတွင်းရေးမှူး(၂) ဗိုလ် မှူးကြီး ခွန်ဥက္ကာက 7 Day Daily အား ပြောသည်။‘‘ပါတီအနေနဲ့မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ သဘောထားကို ပေးပို့တာပါပဲ’’ဟု ဆိုသည်။
UNFC ၏ ပထမအကြိမ် ညီ လာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့ တွင် သြဂုတ် ၂၅ ရက်မှစတင်၍ လေးရက်ကြာပြုလုပ်နေသည်။ ညီ လာခံပထမရက်တွင် အစီရင်ခံစာ ဖတ်ကြားခြင်း၊ အမှာစကားပြော ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဒုတိယ နေ့တွင် UNFC မှ ကျင့်သုံးနေ သော ဖွဲ့စည်းပုံဥပဒေကို အခန်း (၂) အထိ ပြင်ဆင်မွမ်းမံခဲ့ ကြောင်း သတင်းရရှိသည်။ ညီ လာခံကာလအတွင်း UNFC ခေါင်းဆောင်ပိုင်းကို ပြန်လည် ရွေးချယ်သွားမည်ဖြစ်သည်။

UNFC ညီလာခံအပြီးတွင် နိုင်ငံရေးပါတီများနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ဦးထွန်း ထွန်းဟိန်အပါအ၀င် သုံးဦးက နိုင်ငံရေးပါတီတစ်ခုအနေဖြင့် တက်ရောက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရုံးမှ သတင်းရရှိသည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သော UNFCအား ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌရာထူးကို ကေအိုင်အိုမှ ဒုတိယဗိုလ်ချုပ် ကြီးအင်ဘန်လက တာဝန်ယူ ထားသည်။

7Day Daily

No comments:

Post a Comment