Thursday, August 7, 2014

မုဒိမ်းမှုဟု လိမ်ညာတိုင်ကြား၍ တရားစွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊ ဖြူဖြူမင်းနှင့် နုနုမြတ်တို့၏ တတိယအကြိမ်ရုံးချိန်း ရှစ်နာရီကြာမြင့်

မုဒိမ်းမှုဟု လိမ်ညာတိုင်တန်း၍ တရား စွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊ ဖြူဖြူမင်း (ခ)ကတုံးမနှင့် နုနုမြတ်တို့၏ တတိယအ ကြိမ်ရုံးချိန်းမှာ ရှစ်နာရီကြာမြင့်ခဲ့ပြီး ရဲထွဋ်နှင့် နုနုမြတ်တို့မှာ နိုင်ငံသားကတ်နှစ်ခုကိုင်ဆောင် ထားသောကြောင့် အဆိုပါ ရုံးချိန်းအတွင်း လဝကဥပဒေပုဒ်မ ၆၁၊ ၆၂ တို့ဖြင့် ထပ်မံရုံးတင်ခံခဲ့ရကြောင်း သတင်းရရှိသည်။ မူလက အရေးပေါ်စီမံချက်အက် ဥပဒေပုဒ်မ ၅(ဃ)၊ (င)၊ (ည)တို့ဖြင့် ရုံးတင်စစ်ဆေး ခံနေရသော ဟာဂျီထွန်းထွန်း၊ ကတုံးမနှင့် နုနုမြတ်တို့ကို ဩဂုတ် ၅ ရက်က လိမ်ညာ မှုဖြင့်ပါ ရုံးတင်စစ်ဆေးခဲ့ပြီး ဩဂုတ် ၆ ရက်တွင် တရားလိုပြသက်သေအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲလေးဦး၏ ထွက်ဆိုချက်ကိုရယူခဲ့ပြီး ယင်းအမှုများကို စစ်ဆေးရန်အတွက် ပျဉ်းမနားမြို့နယ်တရားရုံးရှိ စစ်ဆေးရန်ရှိ သော ကျန်အမှုများကို ဆိုင်းငံ့ထားကာ လုံခြုံ ရေးအရ ရက်ဆက်စစ်ဆေးသွားမည်ဖြစ်ပြီး မကြာမီရက် သတ္တပတ်အတွင်း အပြီးသတ် အမိန့်ချမှတ်ရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။အစိုးရထုတ်ပြန်သော သတင်းအရ လိမ်ညာတိုင်တန်းခဲ့သည့် မုဒိမ်းမှုဖြစ်စဉ်အရ မစိုးစိုးအမည်လွှဲဖြင့် မဖြူဖြူမင်း(ခ)ကတုံးမမှာ မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်၏ ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် ဆိုင်ရှင်ဖြစ်သူ ညီအစ်ကိုနှစ်ဦးမှာ နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ပျဉ်းမနားရဲစခန်းတွင် တိုင်ကြားခဲ့သည်။
မဖြူဖြူမင်း(ခ)ကတုံးမမှ လိမ်ညာတိုင် တန်းခဲ့ရခြင်းမှာ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်ဆိုသူတို့မှ ငွေပေးစေခိုင်းမှုအရ ဖြစ်ကြောင်း၊ မဖြူဖြူမင်း(ခ)ကတုံးမမှာ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း မင်းသူရဇော်(ခ)နိုမိုဟာ မက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် တွင် မင်းသူရဇော်(ခ)နိုမိုဟာမက်မှာ မူးယစ် ဆေးဝါးအမှုဖြင့် အမှုရင်ဆိုင်ရစဉ် ရဲထွဋ်နှင့် နုနုမြတ်တို့က အမှုမှလွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့ပြီးနောက် ရင်းနှီးခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် ဧပြီလတွင် မင်းသူရဇော်ကို မန္တ လေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၆ နှစ်ချ မှတ်ခဲ့ပြီး ခင်ပွန်းဖြစ်သူထောင်ကျကာ ငွေလို နေသူမဖြူဖြူမင်း(ခ)ကတုံးမအား ရဲထွဋ်နှင့် နုနုမြတ်တို့ကအသုံးချပြီး အမှုအခင်းများ အပြန်အလှန် ရင်ဆိုင်နေရသည့် ဆန်းကဖီးပိုင်ရှင် ဦးနေဝင်း၊ ဦးဆန်းမောင်တို့ကို လိမ်ညာ တိုင်တန်းရန် ငွေကျပ်ဆယ်သိန်းပေးမည် ဟု သွေးဆောင်စည်းရုံးခဲ့ကြောင်း မှုခင်းတပ်ဖွဲ့၏စစ်ဆေးချက်များကို အစိုးရက ဖော်ပြခဲ့သည်။
Eleven Media Group

No comments:

Post a Comment