Monday, August 4, 2014

ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်

Photo: ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်
Monday, August 4, 2014

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

ဝီဂါမွတ်စလင်များနှင့် ဟန်တရုတ်လူမျိုးတို့အကြား ၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသူ စုစုပေါင်းမှာ ၂၀၀ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ရှင်ကျန်းဒေသမှ ခွဲထွက်ရေးတောင်းဆိုသူများက လုပ်ဆောင်ခြင်းဖြစ် ကြောင်း တရုတ်အစိုးရ က ပြောကြားထားသည်။

Ref:AFP
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။

ဝီဂါမွတ်စလင်များနှင့် ဟန်တရုတ်လူမျိုးတို့အကြား ၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသူ စုစုပေါင်းမှာ ၂၀၀ ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုများကို ရှင်ကျန်းဒေသမှ ခွဲထွက်ရေးတောင်းဆိုသူများက လုပ်ဆောင်ခြင်းဖြစ် ကြောင်း တရုတ်အစိုးရ က ပြောကြားထားသည်။
Ref:AFP

No comments:

Post a Comment