Monday, August 4, 2014

ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု


Photo: ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု
Monday, August 4, 2014

သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။

အစ္စရေးပြည်သူများ၏ လုံခြုံရေးကို စိတ်ချနိုင်သည်အထိ ဂါဇာတွင် စစ်ဆင်ရေးများ လုပ်ဆောင်သွား မည်ဟု ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြောကြားထားသည်။

ဟာဒါဂေါ်ဒင်ကို မိမိတို့ ဖမ်းဆီးမထားကြောင်း ၎င်းပုန်းအောင်းနေသည့် နေရာကိုလည်း မသိကြောင်း ဟားမတ်စ်တို့က ပြောကြားသည်။

အစ္စရေးစစ်သား ဖမ်းဆီးခံခဲ့ရသည့် ဆိုသော နေရာတွင် မိမိတို့ တပ်ဖွဲ့ဝင်များလည်း ပျောက်ဆုံးသွား ကြောင်းနှင့်  ဂေါ်ဒင်သည် အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှုတွင် သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားထားသည်။

အစ္စရေးစစ်ဦးစီးချုပ်က  ကေဖာဆာဘာမြို့ရှိ ဂေါ်ဒင်၏ မိသားစုထံ  သြဂုတ် ၂ ရက် ညတွင် သွား ရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဇူလိုင်လလယ်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အစ္စရေးဘက်မှ သေဆုံးသူ ၆၆ ဦး ရှိသွားပြီ ဖြစ်ကာ တပ်ဖွဲ့ဝင်နှစ်ဦးသာ ပါဝင်ခဲ့သည်။

ပါလက်စတိုင်းဘက်မှလည်း သေဆုံးသူ ၁၇၀၀ ခန့်ရှိခဲ့ပြီး အများစုမျာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။
Ref:BBC
သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။

အစ္စရေးပြည်သူများ၏ လုံခြုံရေးကို စိတ်ချနိုင်သည်အထိ ဂါဇာတွင် စစ်ဆင်ရေးများ လုပ်ဆောင်သွား မည်ဟု ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြောကြားထားသည်။ ဟာဒါဂေါ်ဒင်ကို မိမိတို့ ဖမ်းဆီးမထားကြောင်း ၎င်းပုန်းအောင်းနေသည့် နေရာကိုလည်း မသိကြောင်း ဟားမတ်စ်တို့က ပြောကြားသည်။ အစ္စရေးစစ်သား ဖမ်းဆီးခံခဲ့ရသည့် ဆိုသော နေရာတွင် မိမိတို့ တပ်ဖွဲ့ဝင်များလည်း ပျောက်ဆုံးသွား ကြောင်းနှင့် ဂေါ်ဒင်သည် အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှုတွင် သေဆုံးသွားခြင်း ဖြစ်နိုင်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားထားသည်။ အစ္စရေးစစ်ဦးစီးချုပ်က ကေဖာဆာဘာမြို့ရှိ ဂေါ်ဒင်၏ မိသားစုထံ သြဂုတ် ၂ ရက် ညတွင် သွား ရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ဇူလိုင်လလယ်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အစ္စရေးဘက်မှ သေဆုံးသူ ၆၆ ဦး ရှိသွားပြီ ဖြစ်ကာ တပ်ဖွဲ့ဝင်နှစ်ဦးသာ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းဘက်မှလည်း သေဆုံးသူ ၁၇၀၀ ခန့်ရှိခဲ့ပြီး အများစုမျာ အရပ်သားများ ဖြစ်ကြောင်း သိရသည်။
Ref:BBC

No comments:

Post a Comment