Thursday, August 7, 2014

အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းနှင့်မေးမြန်းခြင်း

Photo: အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန
ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းနှင့်မေးမြန်းခြင်း
Thursday, August 7, 2014

အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အထိ စိုးရိမ်ရေမှတ် အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ကလည်း တစ်ရက်ပြီးတစ်ရက်မြင့်မားလျက်ရှိရာ အခုဆို ရင် သေဆုံးသူဦးရေ ၉ဝဝ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ လည်း ရေးသားဖော်ပြ နေတာတွေ့ရတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရသူ ၁၆ဝဝ အထိရှိနေပြီး ရောဂါကူးစက်မှုနှုန်းဟာလည်း လျင်လျင် မြန်မြန်ပျံ့နှံ့နေပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ် ကိုအချိန်တိုအတွင်း ပျံ့နှံ့သွားမှာကို(WHO)ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း စိုးရိမ်မကင်းဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ခုချိန်အထိ အီဘိုလာဗိုင်းရပ်စ်ကူး စက်ခံထားရသူတွေ့ရှိခြင်း မရှိသေးပေမယ့် လိုအပ်တဲ့ကြို တင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ဖို့လည်း အလွန်အရေးကြီးနေပြီဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည်များနှင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။
မေး - အီဘိုလာဗိုင်းရပ်ဆိုတာ ဘာပါလဲဆရာ။
ဖြေ - အီဘိုလာဆိုတာဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်တယ်။ သူက ဘက်တီးရီးယားနဲ့မတူဘူး။ ဗိုင်းရပ်စ်ဆိုတာက လေက တစ်ဆင့်ကူးစက်တာ။ ထိတွေ့ကိုင်တွယ်ရင်းက ကူးစက် တာ။ ဗိုင်းရပ်ရှိသူရဲ့သွေး၊ တံတွေး၊ ချွေး၊ မစင်စတဲ့ဟာတွေက နေကူးစက်နိုင်တဲ့ရောဂါပါ။အီဘို လာဗိုင်းရပ်စ်က ဘာလဲ ဆိုတော့ အင်မတန်ပြင်းထန်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့ အဖျားရောဂါတစ်မျိုးပါ။ သူက ခန္ဓာကိုယ်အတွင်းကလီ စာတွေ၊ နှလုံးအဆုတ်၊ အသည်း၊ ကျောက်ကပ်ရှိသမျှအ ကုန်လုံးကို ပျက်စီးစေနိုင်တယ်၊ ရောဂါဖြစ်ရင်လည်းသေ ဆုံးတာက ရာခိုင်နှုန်း ၉ဝ လောက်ရှိတယ်။
မေး - အီဘိုလာရောဂါက ဘယ်မှစတင်ဖြစ်ပွားတာလဲ။
ဖြေ - စတင်ဖြစ်ပွားတာတော့ ဒီနှစ်မတ်လလောက်က တည်းက အနောက်အာဖရိကကနေစတင်ဖြစ်တာ၊ အဲဒီတုန်း ကကူးစက်ပြီး ရောဂါပျံ့နှံ့မှုကဒီလောက်မဆိုးဘူး။ ဇူလိုင် လထဲမှာကူးစက်မှုက ထင်တာထက်ပိုပြီး မြန်ဆန်လာတယ်။ နိုင်ငံတော်တော်များများကို အချိန်အနည်းငယ်အတွင်းမှာ ကူးစက်ပြီးတော့ အာရှအထိပါကူးစက်လာခဲ့တယ်။
မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
ဖြေ - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ပထမဆုံး အပြင်းဖျား မယ်။ ကိုယ်လက်တွေကိုက်ခဲမယ်။ နောက်ပိုင်းမှာ ဝမ်းတွေ ဆီးတွေသွားတဲ့အချိန်မှာ သွေးပါမယ်။ သွေးပါတဲ့အဆင့် ကတော့ တော်တော်ကိုနောက်ကျသွားပြီ။ ပြီးတော့ကျောက် ကပ်နဲ့အသည်း လုပ်ဆောင်ချက်တွေပျက်စီးမယ်။ တချို့ ဆိုကိုယ်ခန္ဓာအတွင်းအပြင်အထိပါ အပြင်းအထန်သွေး ယိုစီးတာတွေဖြစ်မယ်။ ဗိုင်းရပ်စ်ကူးစက်ပြီး နှစ်ရက်နဲ့ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ ပြနိုင်တယ်။ အခြားအဖျား ရောဂါတွေနဲ့ဆင်တူနိုင်လို့ ရောဂါဟုတ်မဟုတ်ကို ဓာတ် ခွဲစမ်းသပ်ကြည့်မှသာ သိနိုင်တယ်။
မေး - အီဘိုလာဗိုင်းရပ်စ်က ဘယ်ကနေပြီး ဘယ်လိုစဖြစ် တာလဲ။
ဖြေ - အီဘိုလာဗိုင်းရပ်စ်ကအသီးစားတဲ့လင်းနို့ တစ်မျိုး ကဖြစ်တယ်လို့ယူဆလို့ရတယ်။ အဲဒီလင်းနို့ ကနေ တစ် ဆင့် သမင်၊ ဒရယ်၊ မျောက်ဝံတို့ဆီ ကူးစက်ကုန်တာပေါ့။ ပြီးတော့မှ အနောက်အာဖရိကကိုရောက်လာတာ။
မေး - ခုအီဗိုလာဗိုင်းရပ်စ်က ဘယ်လိုလူမျိုးတွေကို အဓိက ကူးစက်လဲ။
ဖြေ - အီဘိုလာဗိုင်းရပ်စ်က အသက်အရွယ်မရွေး၊ လူကြီး လူငယ်မရွေးကူးစက်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ် ဖြစ်နေတဲ့သူကို ထိတွေ့မိသူမှန်သမျှ ကူးစက်နိုင်လို့ပဲ၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ လူနာကိုအနီးကပ် ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုတွေကအများဆုံးကူး စက်ခံရတာပေါ့။
မေး - ဗိုင်းရပ်စ်ကဘယ်လောက်အထိပျံ့နှံ့နေပြီလဲ။
ဖြေ - စဖြစ်တဲ့အနောက်အာဖရိကအပါအဝင်သူနဲ့ နယ် နိမိတ်စည်းမျဉ်းချင်းထိစပ်နေတဲ့နိုင်ငံတွေအပါအဝင် အခု အာရှအထိပါရောက်နေပြီ။ မြန်မာနဲ့ထိစပ်နေတဲ့တရုတ်နဲ့ ဖိလစ်ပိုင် အထိပါဗိုင်းရပ်စ်ကပျံ့နှံ့လာနေပြီ။ အဲဒါကိုနိုင်ငံ တကာအသိုင်းအဝိုင်းကလဲ စိုးရိမ်နေရတဲ့အဆင့်ကိုရောက် နေပြီ။
မေး - မြန်မာ့အိမ်နီးချင်းတွေဆီမှာပါ ဗိုင်းရပ်စ်ကပျံ့နှံ့နေ ပြီဆိုတော့ မြန်မာနိုင်ငံကိုရော ရောက်လာနိုင်တဲ့အခြေအနေ ရှိလား။
ဖြေ - အချိန်မရွေးရောက်လာနိုင်တယ်။ မရောက်လာဘူး လို့အာမမခံနိုင်ဘူး။ ခုတော့ဒီနိုင်ငံမှာ ဗိုင်းရပ်စ်မရောက် လာသေးဘူး။
မေး - ဒါဆိုရင် ဘယ်လိုကာကွယ်မှုတွေကို လုပ်ထားရမှာ ပါလဲ။
ဖြေ - လက်ရှိမှာလေဆိပ်၊ ဆိပ်ကမ်းနဲ့နယ်စပ်ဒေသအဝင် အထွက်တွေမှာစောင့်ကြပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်၊ ခုအချိန်အထိတော့ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတစ် ယောက်မျှ စစ်ဆေးတွေ့ရှိခြင်းမရှိသေးဘူး။ ဆေးရုံ၊ဆေး ခန်းတွေမှာလဲ ကာကွယ်ကုသရေးလုပ်ငန်းအပြင် ဆေးရုံထဲ မှာလဲဆေးနဲ့ ဆေးပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ထားတယ်။
မေး - လက်ရှိမှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံး သူဦးရေဘယ်လောက်ထိရှိနေပြီလဲ။
ဖြေ - ဇူလိုင် ၂၇ ရက်မှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူလို့ အတည်ပြုထားပြီးသူ ၁၃၂၃ဦးရှိပြီ။ အတည် ပြုပြီးသားသူကိုပြောတာနော်။ ကူးစက်ခံရတယ်လို့ယူဆ တဲ့အဆင့်မဟုတ်ဘူး။ အဲဒီထဲမှာမှ သေဆုံးပြီးသူဦးရေက ၇၂၉ ဦးရှိနေပြီ။ ရောဂါဖြစ်ပွားတဲ့ နေရာကိုပြည်ပကကျွမ်း ကျင်ပညာရှင်တွေကိုလွှတ်ထားပြီးတော့ ပူးပေါင်းဆောင်ရွက် နေ တယ်။ ထိန်းချုပ်မှုကတော့ သိပ်မထိန်းချုပ်နိုင်သေးဘူး။ ခုထိရောဂါကူးစက်ပုံရဲ့ဇစ်မြစ်ကိုသေချာမသိရသေးဘူး။
မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ သံသယရှိရင်ဘာလုပ် သင့်သလဲ။
ဖြေ - ကိုယ်အပူချိန်မြင့်မားလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရောဂါဖြစ်နေတယ် လို့သံသယရှိရင် နီးစပ်ရာကျန်းမာရေး ဌာနတွေမှာသွားပြသင့်တယ်။
မေး - ဗိုင်းရပ်စ်မကူးစက်အောင်ရော ဘယ်လိုနေထိုင်သင့် သလဲ။
ဖြေ - အန္တရာယ်ဖြစ်စေတဲ့အချက်အလက်တွေကို လူတွေ သတိထားမိလာအောင် ပညာပေးပြီး မိမိကိုယ့်ကိုယ်ကိုယ် ကာကွယ်တာအကောင်းဆုံးပဲ။ ဘယ်လိုကာကွယ်ရမလဲဆို တော့ တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ရမယ်၊ ရောဂါရှိတဲ့သူ ကိုလုံးဝကိုရှောင်ရှား ရမယ်။ ရောဂါရှိတဲ့သူကိုပြုစုမယ် ဆို ရင်လဲ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်အိတ်၊ ဝတ်ရုံ၊ မျက်နှာဖုံး၊ မျက်မှန်၊ မျက်နှာစည်းတွေကို အသုံးပြုသင့်တယ်၊၊
မေး - အီဘိုလာဗိုင်းရပ်စ်ကိုတားဆီးဖို့ မြန်မာနိုင်ငံမှာသီး သန့်အဖွဲ့အစည်းရှိလား။
ဖြေ - ကျန်းမာရေးအနေနဲ့ကတော့ ကူးစက်ရောဂါကို နှိမ်နင်းဖို့ ၂ဝဝ၃ ခုနှစ်ဆားစ်ရောဂါဖြစ်ကတည်းက သေချာ စီမံချက်တွေချပြီးဆောင်ရွက်လာတယ်။ နောက်ပိုင်းမှာလဲ ကြက်၊ ငှက်၊ လူတုပ်ကွေးရောဂါတွေ၊ ကမ္ဘာ့လူ တုပ်ကွေး ရောဂါတွေဒါတွေကိုစီမံချက်ချပြီး လုပ်ခဲ့တဲ့အတိုင်းပဲကာ ကွယ်မှုတွေလုပ်ဆောင်သွားမှာပါ။

ဇွဲမာန်၊ အေးမိုးကိုကို တွေ့ဆုံမေးမြန်းသည်။
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)
Yangon Media Group
အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အထိ စိုးရိမ်ရေမှတ် အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ကလည်း တစ်ရက်ပြီးတစ်ရက်မြင့်မားလျက်ရှိရာ အခုဆို ရင် သေဆုံးသူဦးရေ ၉ဝဝ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ လည်း ရေးသားဖော်ပြ နေတာတွေ့ရတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရသူ ၁၆ဝဝ အထိရှိနေပြီး ရောဂါကူးစက်မှုနှုန်းဟာလည်း လျင်လျင် မြန်မြန်ပျံ့နှံ့နေပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ် ကိုအချိန်တိုအတွင်း ပျံ့နှံ့သွားမှာကို(WHO)ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း စိုးရိမ်မကင်းဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ခုချိန်အထိ အီဘိုလာဗိုင်းရပ်စ်ကူး စက်ခံထားရသူတွေ့ရှိခြင်း မရှိသေးပေမယ့် လိုအပ်တဲ့ကြို တင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ဖို့လည်း အလွန်အရေးကြီးနေပြီဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည်များနှင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။

 မေး - အီဘိုလာဗိုင်းရပ်ဆိုတာ ဘာပါလဲဆရာ။
  ဖြေ - အီဘိုလာဆိုတာဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်တယ်။ သူက ဘက်တီးရီးယားနဲ့မတူဘူး။ ဗိုင်းရပ်စ်ဆိုတာက လေက တစ်ဆင့်ကူးစက်တာ။ ထိတွေ့ကိုင်တွယ်ရင်းက ကူးစက် တာ။ ဗိုင်းရပ်ရှိသူရဲ့သွေး၊ တံတွေး၊ ချွေး၊ မစင်စတဲ့ဟာတွေက နေကူးစက်နိုင်တဲ့ရောဂါပါ။အီဘို လာဗိုင်းရပ်စ်က ဘာလဲ ဆိုတော့ အင်မတန်ပြင်းထန်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့ အဖျားရောဂါတစ်မျိုးပါ။ သူက ခန္ဓာကိုယ်အတွင်းကလီ စာတွေ၊ နှလုံးအဆုတ်၊ အသည်း၊ ကျောက်ကပ်ရှိသမျှအ ကုန်လုံးကို ပျက်စီးစေနိုင်တယ်၊ ရောဂါဖြစ်ရင်လည်းသေ ဆုံးတာက ရာခိုင်နှုန်း ၉ဝ လောက်ရှိတယ်။
  မေး - အီဘိုလာရောဂါက ဘယ်မှစတင်ဖြစ်ပွားတာလဲ။
  ဖြေ - စတင်ဖြစ်ပွားတာတော့ ဒီနှစ်မတ်လလောက်က တည်းက အနောက်အာဖရိကကနေစတင်ဖြစ်တာ၊ အဲဒီတုန်း ကကူးစက်ပြီး ရောဂါပျံ့နှံ့မှုကဒီလောက်မဆိုးဘူး။ ဇူလိုင် လထဲမှာကူးစက်မှုက ထင်တာထက်ပိုပြီး မြန်ဆန်လာတယ်။ နိုင်ငံတော်တော်များများကို အချိန်အနည်းငယ်အတွင်းမှာ ကူးစက်ပြီးတော့ အာရှအထိပါကူးစက်လာခဲ့တယ်။
  မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
  ဖြေ - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ပထမဆုံး အပြင်းဖျား မယ်။ ကိုယ်လက်တွေကိုက်ခဲမယ်။ နောက်ပိုင်းမှာ ဝမ်းတွေ ဆီးတွေသွားတဲ့အချိန်မှာ သွေးပါမယ်။ သွေးပါတဲ့အဆင့် ကတော့ တော်တော်ကိုနောက်ကျသွားပြီ။ ပြီးတော့ကျောက် ကပ်နဲ့အသည်း လုပ်ဆောင်ချက်တွေပျက်စီးမယ်။ တချို့ ဆိုကိုယ်ခန္ဓာအတွင်းအပြင်အထိပါ အပြင်းအထန်သွေး ယိုစီးတာတွေဖြစ်မယ်။ ဗိုင်းရပ်စ်ကူးစက်ပြီး နှစ်ရက်နဲ့ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ ပြနိုင်တယ်။ အခြားအဖျား ရောဂါတွေနဲ့ဆင်တူနိုင်လို့ ရောဂါဟုတ်မဟုတ်ကို ဓာတ် ခွဲစမ်းသပ်ကြည့်မှသာ သိနိုင်တယ်။
  မေး - အီဘိုလာဗိုင်းရပ်စ်က ဘယ်ကနေပြီး ဘယ်လိုစဖြစ် တာလဲ။
  ဖြေ - အီဘိုလာဗိုင်းရပ်စ်ကအသီးစားတဲ့လင်းနို့ တစ်မျိုး ကဖြစ်တယ်လို့ယူဆလို့ရတယ်။ အဲဒီလင်းနို့ ကနေ တစ် ဆင့် သမင်၊ ဒရယ်၊ မျောက်ဝံတို့ဆီ ကူးစက်ကုန်တာပေါ့။ ပြီးတော့မှ အနောက်အာဖရိကကိုရောက်လာတာ။
  မေး - ခုအီဗိုလာဗိုင်းရပ်စ်က ဘယ်လိုလူမျိုးတွေကို အဓိက ကူးစက်လဲ။
  ဖြေ - အီဘိုလာဗိုင်းရပ်စ်က အသက်အရွယ်မရွေး၊ လူကြီး လူငယ်မရွေးကူးစက်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ် ဖြစ်နေတဲ့သူကို ထိတွေ့မိသူမှန်သမျှ ကူးစက်နိုင်လို့ပဲ၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ လူနာကိုအနီးကပ် ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုတွေကအများဆုံးကူး စက်ခံရတာပေါ့။
  မေး - ဗိုင်းရပ်စ်ကဘယ်လောက်အထိပျံ့နှံ့နေပြီလဲ။
  ဖြေ - စဖြစ်တဲ့အနောက်အာဖရိကအပါအဝင်သူနဲ့ နယ် နိမိတ်စည်းမျဉ်းချင်းထိစပ်နေတဲ့နိုင်ငံတွေအပါအဝင် အခု အာရှအထိပါရောက်နေပြီ။ မြန်မာနဲ့ထိစပ်နေတဲ့တရုတ်နဲ့ ဖိလစ်ပိုင် အထိပါဗိုင်းရပ်စ်ကပျံ့နှံ့လာနေပြီ။ အဲဒါကိုနိုင်ငံ တကာအသိုင်းအဝိုင်းကလဲ စိုးရိမ်နေရတဲ့အဆင့်ကိုရောက် နေပြီ။
  မေး - မြန်မာ့အိမ်နီးချင်းတွေဆီမှာပါ ဗိုင်းရပ်စ်ကပျံ့နှံ့နေ ပြီဆိုတော့ မြန်မာနိုင်ငံကိုရော ရောက်လာနိုင်တဲ့အခြေအနေ ရှိလား။
  ဖြေ - အချိန်မရွေးရောက်လာနိုင်တယ်။ မရောက်လာဘူး လို့အာမမခံနိုင်ဘူး။ ခုတော့ဒီနိုင်ငံမှာ ဗိုင်းရပ်စ်မရောက် လာသေးဘူး။
ေ မး - ဒါဆိုရင် ဘယ်လိုကာကွယ်မှုတွေကို လုပ်ထားရမှာ ပါလဲ။
  ဖြေ - လက်ရှိမှာလေဆိပ်၊ ဆိပ်ကမ်းနဲ့နယ်စပ်ဒေသအဝင် အထွက်တွေမှာစောင့်ကြပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်၊ ခုအချိန်အထိတော့ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတစ် ယောက်မျှ စစ်ဆေးတွေ့ရှိခြင်းမရှိသေးဘူး။ ဆေးရုံ၊ဆေး ခန်းတွေမှာလဲ ကာကွယ်ကုသရေးလုပ်ငန်းအပြင် ဆေးရုံထဲ မှာလဲဆေးနဲ့ ဆေးပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ထားတယ်။
  မေး - လက်ရှိမှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံး သူဦးရေဘယ်လောက်ထိရှိနေပြီလဲ။
  ဖြေ - ဇူလိုင် ၂၇ ရက်မှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူလို့ အတည်ပြုထားပြီးသူ ၁၃၂၃ဦးရှိပြီ။ အတည် ပြုပြီးသားသူကိုပြောတာနော်။ ကူးစက်ခံရတယ်လို့ယူဆ တဲ့အဆင့်မဟုတ်ဘူး။ အဲဒီထဲမှာမှ သေဆုံးပြီးသူဦးရေက ၇၂၉ ဦးရှိနေပြီ။ ရောဂါဖြစ်ပွားတဲ့ နေရာကိုပြည်ပကကျွမ်း ကျင်ပညာရှင်တွေကိုလွှတ်ထားပြီးတော့ ပူးပေါင်းဆောင်ရွက် နေ တယ်။ ထိန်းချုပ်မှုကတော့ သိပ်မထိန်းချုပ်နိုင်သေးဘူး။ ခုထိရောဂါကူးစက်ပုံရဲ့ဇစ်မြစ်ကိုသေချာမသိရသေးဘူး။
  မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ သံသယရှိရင်ဘာလုပ် သင့်သလဲ။
  ဖြေ - ကိုယ်အပူချိန်မြင့်မားလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရောဂါဖြစ်နေတယ် လို့သံသယရှိရင် နီးစပ်ရာကျန်းမာရေး ဌာနတွေမှာသွားပြသင့်တယ်။
  မေး - ဗိုင်းရပ်စ်မကူးစက်အောင်ရော ဘယ်လိုနေထိုင်သင့် သလဲ။
  ဖြေ - အန္တရာယ်ဖြစ်စေတဲ့အချက်အလက်တွေကို လူတွေ သတိထားမိလာအောင် ပညာပေးပြီး မိမိကိုယ့်ကိုယ်ကိုယ် ကာကွယ်တာအကောင်းဆုံးပဲ။ ဘယ်လိုကာကွယ်ရမလဲဆို တော့ တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ရမယ်၊ ရောဂါရှိတဲ့သူ ကိုလုံးဝကိုရှောင်ရှား ရမယ်။ ရောဂါရှိတဲ့သူကိုပြုစုမယ် ဆို ရင်လဲ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်အိတ်၊ ဝတ်ရုံ၊ မျက်နှာဖုံး၊ မျက်မှန်၊ မျက်နှာစည်းတွေကို အသုံးပြုသင့်တယ်၊၊
  မေး - အီဘိုလာဗိုင်းရပ်စ်ကိုတားဆီးဖို့ မြန်မာနိုင်ငံမှာသီး သန့်အဖွဲ့အစည်းရှိလား။
  ဖြေ - ကျန်းမာရေးအနေနဲ့ကတော့ ကူးစက်ရောဂါကို နှိမ်နင်းဖို့ ၂ဝဝ၃ ခုနှစ်ဆားစ်ရောဂါဖြစ်ကတည်းက သေချာ စီမံချက်တွေချပြီးဆောင်ရွက်လာတယ်။ နောက်ပိုင်းမှာလဲ ကြက်၊ ငှက်၊ လူတုပ်ကွေးရောဂါတွေ၊ ကမ္ဘာ့လူ တုပ်ကွေး ရောဂါတွေဒါတွေကိုစီမံချက်ချပြီး လုပ်ခဲ့တဲ့အတိုင်းပဲကာ ကွယ်မှုတွေလုပ်ဆောင်သွားမှာပါ။

ဇွဲမာန်၊ အေးမိုးကိုကို တွေ့ဆုံမေးမြန်းသည်။
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)
Yangon Media Group

No comments:

Post a Comment