Thursday, August 7, 2014

ကမ္ဘောဒီးယား တရားရုံးက ခမာနီခေါင်းဆောင်ဟောင်း နှစ်ဦးကို ထောင်ဒဏ်တစ်သက်စီ ချမှတ်

Photo: ကမ္ဘောဒီးယား တရားရုံးက ခမာနီခေါင်းဆောင်ဟောင်း နှစ်ဦးကို ထောင်ဒဏ်တစ်သက်စီ ချမှတ်
Thursday, August 7, 2014

ခမာနီအစိုးရလက်ထက် ခေါင်းဆောင်ဟောင်းနှစ်ဦးကို ကုလသမဂ္ဂက ထောက်ပံ့ထားသည့် တရားရုံးတစ်ခုက သြဂုတ် ၇ ရက် တွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၈ နှစ်အရွယ် နူအွန်ချီအာနှင့် အစိုးရအကြီးအကဲဟောင်း အသက် ၈၃ နှစ်အရွယ် ခီယူဆမ် ဖန်တို့သည် ၎င်းတို့ အာဏာရစဉ်က လူသားချင်းညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျူးလွန် ခဲ့ကြောင်း ထင်ရှားသဖြင့် ယခုကဲ့သို့ စီရင်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အဆိုပါပြစ်မှုဖြင့် စီရင်ချက် ချခံရသည့် ပထမဆုံး ခမာနီထိပ်တန်း ခေါင်းဆောင်နှစ် ဦး ဖြစ်သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရ အုပ်ချုပ်စဉ်ကာလက လူ နှစ်သန်းအထိ သေဆုံးခဲ့သည်။

ခမာနီအစိုးရက ၎င်းတို့အား အငတ်ခံထားခြင်း၊ အလုပ် အဆမတန်ခိုင်းစေခြင်းနှင့် အစိုး၏ ရန်သူအဖြစ် သတ် မှတ်ပြီး သေဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

စီရင်ချက်ချမှတ်ခဲ့သူ တရားသူကြီ နေလ်နွန်က “သူတို့နှစ်ဦးဟာ အစုလိုက်အပြုံလိုက် လူသတ်မှု၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုနှင့် လူမဆန်သည့် အခြားလုပ်ဆောင်မှုများဖြစ်သော ပြည်သူများ အား အတင်းအကြပ် ဖယ်ရှားခိုင်းခြင်း၊ ရှင်းလင်းပစ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်ခဲ့ကြ ပါတယ်” ပြောကြားသည်။

၏တရားခံနှစ်ဦး၏ ရှေ့နေများက ယခုစီရင်ချက်အပေါ် အယူခံဝင်သွားမည်ဟု ပြောကြားသည်။

နူအွန်ချီအာ၏ ရှေ့နေက “ ဒီစီရင်ချက်ဟာ ကျွန်တော် တို့ အမှုသည်တွေအတွက် မတရားပါဘူး။ သူတို့ဟာ ဒီလောက်အမှုတွေ အများကြီး မကျူးလွန်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ကမ္ဘောဒီးယား ပြည်တွင်းစစ် လေးနှစ်တာ ကာလအတွင်း ခမာနီအစိုးရသည် ၎င်းတို့က ရန်သူအဖြစ်သတ်မှတ် လိုက်ပါက ပညာတတ်များ၊ လူနည်းစုများ၊ ယခင်အစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကိုပင် သတ်ဖြတ်ခဲ့ကြသည်။
Ref:BBC ခမာနီအစိုးရလက်ထက် ခေါင်းဆောင်ဟောင်းနှစ်ဦးကို ကုလသမဂ္ဂက ထောက်ပံ့ထားသည့် တရားရုံးတစ်ခုက သြဂုတ် ၇ ရက် တွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၈ နှစ်အရွယ် နူအွန်ချီအာနှင့် အစိုးရအကြီးအကဲဟောင်း အသက် ၈၃ နှစ်အရွယ် ခီယူဆမ် ဖန်တို့သည် ၎င်းတို့ အာဏာရစဉ်က လူသားချင်းညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျူးလွန် ခဲ့ကြောင်း ထင်ရှားသဖြင့် ယခုကဲ့သို့ စီရင်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အဆိုပါပြစ်မှုဖြင့် စီရင်ချက် ချခံရသည့် ပထမဆုံး ခမာနီထိပ်တန်း ခေါင်းဆောင်နှစ် ဦး ဖြစ်သည်။
၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရ အုပ်ချုပ်စဉ်ကာလက လူ နှစ်သန်းအထိ သေဆုံးခဲ့သည်။
ခမာနီအစိုးရက ၎င်းတို့အား အငတ်ခံထားခြင်း၊ အလုပ် အဆမတန်ခိုင်းစေခြင်းနှင့် အစိုး၏ ရန်သူအဖြစ် သတ် မှတ်ပြီး သေဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
စီရင်ချက်ချမှတ်ခဲ့သူ တရားသူကြီ နေလ်နွန်က “သူတို့နှစ်ဦးဟာ အစုလိုက်အပြုံလိုက် လူသတ်မှု၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုနှင့် လူမဆန်သည့် အခြားလုပ်ဆောင်မှုများဖြစ်သော ပြည်သူများ အား အတင်းအကြပ် ဖယ်ရှားခိုင်းခြင်း၊ ရှင်းလင်းပစ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်ခဲ့ကြ ပါတယ်” ပြောကြားသည်။တရားခံနှစ်ဦး၏ ရှေ့နေများက ယခုစီရင်ချက်အပေါ် အယူခံဝင်သွားမည်ဟု ပြောကြားသည်။
နူအွန်ချီအာ၏ ရှေ့နေက “ ဒီစီရင်ချက်ဟာ ကျွန်တော် တို့ အမှုသည်တွေအတွက် မတရားပါဘူး။ သူတို့ဟာ ဒီလောက်အမှုတွေ အများကြီး မကျူးလွန်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ကမ္ဘောဒီးယား ပြည်တွင်းစစ် လေးနှစ်တာ ကာလအတွင်း ခမာနီအစိုးရသည် ၎င်းတို့က ရန်သူအဖြစ်သတ်မှတ် လိုက်ပါက ပညာတတ်များ၊ လူနည်းစုများ၊ ယခင်အစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကိုပင် သတ်ဖြတ်ခဲ့ကြသည်။
Ref:BBC

No comments:

Post a Comment