Saturday, August 23, 2014

အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား

Photo: အမေရိကန်ကင်းလှည့်လေယာဉ်တစ်စင်းကို တရုတ်တိုက်လေယာဉ်က ကြားဖြတ်ဟန့်တား
Saturday, August 23, 2014

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအရှေ့ဘက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ကင်းလှည့်ပျံသန်းနေသည့် လေယာဉ်တစ်စင်းကို တရုတ်စစ်လေယာဉ် တစ်စင်းက ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပင်တ ဂွန် စစ်ဌာနက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ လုပ်ရပ်အပေါ် အမေရိကန်က တရုတ်စစ်တပ်ကို ကန့်ကွက်ထားပြီး အန္တရာယ်များကို ပရော်ဖက်ရှင်နယ်မပီသသော လုပ်ရပ်အဖြစ် ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဗီက ကန့်ကွက် ထား သည်။

တရုတ်တိုက်လေယာဉ်သည် အမေရိကန်ရေတပ်လေယာဉ်အနီး ၁၀ မီတာ အကွာအထိ ကပ်လာ ခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် မတ်လနောက်ပိုင်း လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင် မှုအပေါ် တရုတ်စစ်တပ်ဘက်မှ တစ်စုံ တစ်ရာ ပြော ဆို ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း တရုတ်စစ်သင်္ဘောတစ်စင်းက အမေရိကန်စစ်သင်္ဘော တစ်စင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း တိုက်မိလုနီးပါး ဖြစ်ခဲ့သည်။

အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုမှာ ၂၀၀၁ ခုနှစ်အတွင်းက တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ EP-3 ထောက် လှမ်းရေးလေ ယာဉ်နှင့် တိုက်မိခဲ့ရာ တရုတ်လေယာဉ်မှူး သေဆုံးခဲ့သည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment