Saturday, August 23, 2014

ခန္ဓာကိုယ်မှ လက်နက်ရှာဖွေရေး ပုံဖမ်းစက်များ အလုပ်မဖြစ်ဟု ပညာရှင်များ ပြောကြား


ခန္ဓာကိုယ်တွင် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသည့် လက်နက်များကို ရှာဖွေပုံဖမ်းစက်များ က ဖော်ထုတ်မပေးနိုင်ကြောင်း သုတေသနပညာရှင် များက ပြောကြားလိုက် သည်။


အဆိုပါစက်များအား လေဆိပ် ၁၆၀ တွင် တပ်ဆင်ရန် အမေရိကန်အစိုးရက ဒေါ်လာ တစ်လျံ သုံးစွဲ ခဲ့ရပြီး ပုံဖမ်းစက်များ အသုံးပြုခြင်းကို ယမန်နှစ်က ရပ်ဆိုင်းလိုက်သည်။

အမေရိကန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့က အဆိုပါ စက်များ ကို လေးနှစ်ကြာအသုံးပြုခဲ့ပြီး ယမန်နှစ်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ယင်းပုံဖမ်းစက်များသည် ခရီးသည်များ၏ ခန္ဓာကိုယ်အား ကိုယ်လုံးတီးနီးပါး ပေါ်စေသောကြောင့် အငြင်း ပွားကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း လုံခြုံရေးအတွက် အပြည့်အ၀ စိတ်မချရကြောင်း ပညာရှင်များက ပြောကြားသည်။

သို့သော် အဆိုပါ ပုံဖမ်းစက်များကို အကျဉ်းထောက်ကဲ့သို့သော အစိုးရဌာနများ၊ ရ၀မ်ဒါ၊ တာဇန်း နီးယားနှင့် ကင်ညာနိုင်ငံမှ လေဆိပ်များအတွင် အသုံးပြုနေဆဲဖြစ်သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment