Monday, August 11, 2014

ပညာရေးခြစားမှုက ကလေးတွေကို သက်ရောက်တော့ ပိုပြီး အထိနာစေတယ်

Photo: ပညာရေးခြစားမှုက ကလေးတွေကို သက်ရောက်တော့ ပိုပြီး အထိနာစေတယ်
Monday, August 11, 2014

ဒေါက်တာရင်ရင်နွယ်က ''အခြေခံပညာရေး ကို ကြည့်မယ်ဆိုရင် ကလေးတွေကို ကျောင်းသွားဖို့ မိဘတွေက မလွှတ် နိုင်ဘူး။ ကလေးတွေအတွက် အချိန်သီးသန့်မပေးနိုင် ဘူး။ နိုင်ငံတော်က အခမဲ့ပညာရေးတွေ ရှိပေမယ့် ကလေးတွေက အလုပ်လုပ်နေရတာတွေရှိတယ်။ ကျူ ရှင်တွေနဲ့ပတ်သက်ပြီး ခြစားမှုတွေကရှိတော့ ပညာ အရည်အသွေးကလဲယိုယွင်းနေပြီ။ ပညာရေးခြစားမှု က ကလေးတွေကို သက်ရောက်တော့ ပိုပြီးအထိနာ စေတယ်'' ဟု ပြောသည်။
ကျေးလက်ဒေသများတွင် စာသင်ကျောင်း များ မရှိခြင်း၊ ကျောင်းရှိသော်လည်း ဆရာ၊ ဆရာများ ရှိမနေခြင်း၊ တချို့နေရာများတွင် မူလတန်းကျောင်း ရှိသော်လည်း အလယ်တန်းဆက်တက်ရန် ခက်ခဲနေ ခြင်းတို့နှင့် အခြေအနေအမျိုးမျိုးကြောင့် ကျောင်း ထွက်နှုန်းများနေခြင်းတို့ ရှိနေကြောင်းလည်း သိရ သည်။
ကျောင်းများတွင် ဆရာ၊ဆရာမများက စာ ကို ကောင်းစွာသင်ကြားမှုမရှိဘဲ ကိုယ့်ကျောင်းသား ကို ကျူရှင်ပြန်သင်နေခြင်းတို့ရှိနေကြောင်း၊ ငွေကြေး တတ်နိုင်သော ကလေးများသာ ကျူရှင်တက်နိုင်သည့် အတွက် တခြားကလေးများ ခွဲခြားဆက်ဆံခံရခြင်းနှင့် စာမေးပွဲတွင်လည်း ငွေကြေးတတ်နိုင်သည့်ကလေးများ ကို အခွင့်အရေးပိုပေးခြင်းများရှိနေသည်ဟု သိရသည်။
''ခက်တာက ဆင်းရဲတဲ့နိုင်ငံအများစုမှာ ကျောင်းအဆောက်အအုံကိုပဲ ဦးစားပေးပြီး ဆရာ၊ ဆရာမကို ဦးစားပေးမှု မရှိတာပဲ။ အဓိကက ဆရာ၊ ဆရာမကိုပဲ များများမွေးထုတ်ပေးရမယ်။ Ph.D တို့၊ Master တို့ဆိုတာတွေ မလိုပါဘူး'' ဟု ဒေါက်တာရင် ရင်နွယ်က ပြောသည်။
အခြေခံပညာရေး တိုးတက်နိုင်ရေးအတွက် ကျောင်းများ ထပ်မံဆောက်လုပ်ရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများကို စနစ်တကျ သင်တန်းပေးရမည်ဖြစ် ကြောင်း ပြောသည်။
ဒေါက်တာရင်ရင်နွယ်က ''စာမေးပွဲစနစ်ကို လဲ ပြင်ရမယ်။ စာမေးပွဲစနစ်က ခြစားမှုကို အားပေး နေတယ်။ မိဘကိုယ်တိုင်က ကျူရှင်ကို တောင်းဆိုနေ တယ်။ အလွတ်ကျက်လို့မရတဲ့ စနစ်မျိုးဖြစ်ရမယ်။ နောက်ပြီး တက္ကသိုလ်မှာတော့ Course တွေလျှော့ချ လို့မဖြစ်ဘူး'' ဟု ပြောသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကို အပြည့်အဝ အသိအမှတ်ပြုပေးနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများကို လျှော့ချပေး သွားရမည်ဟု ဆိုသည်။
Yangon Media Group 

No comments:

Post a Comment