Monday, August 11, 2014

Mobile Banking စနစ်အသုံးပြုသူ တစ်သောင်းခွဲခန့်ရှိ


မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းငွေထုတ်ဆောင်ရွက်နိုင်သည့် Mobile Banking စနစ်ကို အသုံးပြုနေသူမှာ တစ်သောင်းခွဲခန့်ရှိနေပြီဖြစ်ကြောင်း CB ဘဏ်မှ သတင်းရရှိသည်။Mobile Banking ဝန်ဆောင်မှုကို စတင်ဝန်ဆောင်မှုပေးသည့် ဇူလိုင်လမှစတင်၍ လုပ်ကိုင်ခြင်းဖြစ်ရာ တစ်လအတွင်းအသုံးပြုသူ တစ်သောင်းခွဲရှိနေပြီဖြစ်ကြောင်း CB ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ငြိမ်းက ပြောသည်။
‘‘တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တစ်သောင်းခွဲဆိုတာတော်တော်ကို နည်းနေပါသေးတယ်’’ဟု ဦးကျော်ငြိမ်းက ပြောသည်။
ယင်းစနစ်မှာ ငွေလွှဲသူများ အနေဖြင့် ဘဏ်သို့သွားစရာမလိုဘဲ မိုဘိုင်းဖုန်းမှတစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ပြီး CB ဘဏ်၏ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်ပြုလုပ်နိုင်သည့်စနစ်ဖြစ်သည်။


Mobile Banking စနစ်ဖြင့် ဘဏ်ခွဲရှိသည့်နေရာများနှင့် ငွေလဲကောင်တာများ၊ ATM စက်ရှိသည့် နေရာများကို ရှာဖွေနိုင်ပြီး ငွေစာရင်းတစ်ခုနှင့် တစ်ခုစာရင်းလွှဲပြောင်းခြင်း၊ အခြားသူအား စာရင်းလွှဲပြောင်းခြင်းနှင့် ATM Card နှင့် Topupများကို မိုဘိုင်းဖုန်းမှတစ်ဆင့်ဆောင်ရွက်နိုင်ရန် စီစဉ်ထားသည့်စနစ်ဖြစ်ကြောင်း သိရသည်။
ယင်းဝန်ဆောင်မှုကို CB ဘဏ်မှသာ စတင်ဝန်ဆောင်မှုပေးနေခြင်းဖြစ်ရာ CB ဘဏ်ခွဲများနှင့် လေ့ကျင့်သင်ကြားပေးထားသည့် ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်ခြင်းကို လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်များကိုလည်း ထပ်မံတိုးချဲ့သွားရန်ရှိကြောင်း CB ဘဏ်မှ သိရသည်။
အသုံးပြုလိုပါက အသုံးပြုမည့် ဖုန်းတွင် Mobile Ban-king App ကို Install ပြုလုပ်ရမည်ဖြစ်ပြီး CB ဘဏ်၏ ဘဏ်ခွဲများတွင် ဝန်ဆောင်မှုအတွက် စာရင်းပေးသွင်းရမည်ဖြစ်ရာ ဘဏ်မှတရားဝင်ခွင့်ပြုသည့် နံပါတ်တစ်ခုဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day DAILY

No comments:

Post a Comment