Wednesday, August 27, 2014

ကနေဒါအစိုးရက မြန်မာနိုင်ငံကို စီးပွားရေးအထူးအခွင့်အလမ်းများရှိသော ဈေးကွက်အဖြစ် သတ်မှတ်

ကနေဒါအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ကနေဒါဈေးကွက်လှုပ်ရှားမှုအစီအစဉ် (GMAP) တွင် မြန်မာနိုင်ငံကို ကနေဒါစီးပွားရေး လုပ်ငန်းများအတွက် အထူးအခွင့် အလမ်းများရှိသော ဈေးကွက်အ ဖြစ် သတ်မှတ်လိုက်ကြောင်း ကနေဒါသံရုံးမှ သတင်းရရှိသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ များ အခြေခံအဆောက်အအုံကဲ့သို့ ကဏ္ဍများမှာ ကနေဒါစီးပွားရေး လုပ်ငန်းများအတွက် ထင်ရှား သော အခွင့်အလမ်းများရှိနေခြင်း ကြောင့် မြန်မာနိုင်ငံကို အထူးစီး ပွားရေးဈေးကွက်အဖြစ် သတ် မှတ်လိုက်ခြင်း ဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ ကနေဒါ ဈေးကွက်လှုပ်ရှားမှုအစီအစဉ်၏ အာရှပစိဖိတ်ဒေသအတွင်း ကနေဒါစီးပွားရေးလုပ်ငန်းများအတွက် အထူးအခွင့်အလမ်းများရှိနေ သော နိုင်ငံအဖြစ် မွန်ဂိုလီးယားနှင့်မြန်မာနိုင်ငံကို သတ်မှတ်ထား သည်။
အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့ပေါ်တွင် ဈေးကွက်ဖွံ့ဖြိုးမှုအကြီးမားဆုံးဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ကနေဒါအစိုးရအနေဖြင့် ကနေဒါစီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံး ဈေးကွက်အလားအလာကိုရရှိနိုင်ရန် ဦးတည်ကြိုးပမ်းနေခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ကနေဒါ ဈေးကွက်လှုပ်ရှားမှုအစီအစဉ် တွင် ကနေဒါစီးပွားရေးလုပ်ငန်း များအတွက် အဓိကဈေးကွက်အ နေဖြင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ မလေးရှား၊ ဘရူ နိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် မွန်ဂိုလီးယားတို့ကို သတ်မှတ်ထားသည်။

လက်ရှိကနေဒါနှင့် မြန်မာ နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏ နည်းပါးနေသော်လည်း အလျင် အမြန်ကြီးထွားလာနေပြီး ၂၀၁၃ ခုနှစ်အတွင်း အပြန်အလှန်ကုန် သွယ်မှုပမာဏမှာ ကနေဒါဒေါ် လာ ၁၇ သန်းရှိခဲ့ကာ ၂၀၁၂ ခုနှစ်ကထက် သုံးဆခွဲခန့်မြင့်တက်ခဲ့ ကြောင်း ကနေဒါသံရုံးကပြော ကြားသည်။

မြန်မာနိုင်ငံမှ တင်သွင်း သော အဓိကကုန်ပစ္စည်းများမှာ စိုက်ပျိုးရေးထုတ်ကုန်နှင့် အထည် အလိပ်များဖြစ်ပြီး တင်ပို့သော အဓိကကုန်ပစ္စည်းများမှာ စား သောက်ကုန်၊ စက္ကူစက်ပစ္စည်း နှင့် သတ္တုပစ္စည်းများဖြစ်ကြောင်း သိရသည်။

မကြာမီက မြန်မာနိုင်ငံ တွင် ဖွင့်လှစ်ခဲ့သော ကုန်သွယ်မှု ကော်မရှင်ဌာနကလည်း ပြည် တွင်းကုမ္ပဏီများကို ၎င်းတို့လိုအပ်နေသော နည်းပညာနှင့် ၀န်ဆောင်မှုများ ကုန်ပစ္စည်းများထောက်ပံ့ ပေးမည့် ကနေဒါကုမ္ပဏီများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံအား အဓိကကူညီပံ့ပိုးနေသော ဂျပန်နိုင်ငံကလည်း တရုတ်နိုင်ငံတွင် ဂျပန်စီးပွားရေး ရင်းနှီးမြှုပ်လုပ်ငန်းများ မှီခိုနေရမှုကို ရှောင်လွှဲနိုင်ရန် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုနယ်ပယ်သစ်အဖြစ် အာရုံစိုက်ဆောင်ရွက်လျက်ရှိသည်။

7Day Daily

No comments:

Post a Comment