Thursday, August 7, 2014

ဘားအံတွင် ထောင်ဝင်စာတွေ့ဟန်ပြု၍ စိတ်ကြွဆေး ခိုးသွင်းသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

ကရင်ပြည် နယ်၊ ဘားအံမြို့နယ် ရှိ တောင် က လေးထောင် အ တွင်းသို့ ထောင်ဝင် စာလာပို့စဉ် စိတ်ကြွရူး သွပ်ဆေးပြား များ ခိုးသွင်း သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဘားအံမြို့မ ရဲစခန်းမှ သိရှိရသည်။ဖြစ်စဉ်မှာ ဇူလိုင်လ လယ်၌ တောင်ကလေးထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား တစ်ဦးအား ဇနီးဖြစ်သူ အမျိုးသမီးမှ ဇူလိုင်လကုန်ပိုင်း၌ ထောင်ဝင်စာ လာတွေ့စဉ် ထောင်အ ဝင်ဝစစ်ဆေးရေးဂိတ်၌ ၎င်းသယ် ဆောင်လာ သည့် စိတ်ကြွဆေးများ အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ခင်ပွန်းသည်မှ မူးယစ်ဆေးဝါး မှုဖြင့် ထောင်ကျနေခြင်းဖြစ်ပြီး ၎င်းအား လာရောက်တွေ့ဆုံသည့် ဇနီးဖြစ်သူအား အကျဉ်းထောင် စစ် ဆေးရေး အဝင်ဂိတ်မှ စစ်ဆေးရာ ကိုင်ဆောင်လာသည့် ဆွဲခြင်းအတွင်း မှ ယိုးဒယား ကွက်ကီးမုန့်အတွင်း ပလတ်စတစ် အိတ်ဖြင့် ပတ်ထား သည့် W.Y စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇၅ ပြားရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဆေးပြားတစ်ပြားလျှင် ကာလပေါက်ဈေးကျပ် ၃၀၀၀ ခန့် တန်ဖိုးရှိပြီး စုစုပေါင်းတန်ဖိုး ကျပ် ၁၉၉၅၀၀ ခန့်တန်ဖိုးရှိကြောင်း သိ ရသည်။
အဆိုပါမူးယစ်ဆေးဝါး သယ် ဆောင်လာသူ အမျိုးသမီးအား တာ ဝန်ကျ ရဲအရာရှိ ရဲအုပ်ကျော်ညွန့်မှ သက်ဆိုင်ရာရှေ့တွင် သက်သေခံ ပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးတင်သွင်းလာမှု မူးယစ် ပုဒ်မ၁၅၊ ၁၉(က) ဖြင့် ဘားအံ့ မြို့မ ရဲစခန်းမှ အရေးယူဆောင်ရွက် ထား ကြောင်း သိရသည်။
ဝါဆဲ- ကရင်ပြည်နယ်(မြစ်မခ)
Democracytoday

No comments:

Post a Comment