Wednesday, August 13, 2014

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး စာချုပ် ရေးဆွဲအတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲသို့ အင်န်စီစီတီမှ နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်မည်

 မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ဩဂုတ်လ ၁၅နှင့် ၁၆ရက်တို့တွင်ပြုလုပ်မည့်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေးစာချုပ်ရေးဆွဲ အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ် မော်စသည့် အင်န်စီစီတီထိပ်သီး ခေါင်း ဆောင် များတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါနိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲအ တည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို တက်ရောက်မည့် NCCT အဖွဲ့ ကိုနိုင်ဟံသာမှ အဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်ပြီး ပဒိုစောကွယ်ထူး ဝင်းနှင့် ဗိုလ်ချုပ်ဂွန်မော်တို့မှာဒုတိယ အဖွဲ့ခေါင်းဆောင်များအဖြစ် တက် ရောက်ကာညှိနှိုင်းဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။ယခုတက်ရောက်လာမည့်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းရေး အဖွဲ့ NCCT နှင့်ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော် မတီ UPWC မှတာဝန်ရှိ သူများသည် နှစ်ဖက်ပူးတွဲရေးဆွဲ နေသည့် အပစ် အခတ်ရပ်စဲရေးစာ ချုပ်မူကြမ်းအား အတည်ပြုနိုင်ရေး အတွက် ဆွေးနွေး ရန်ကျန်ရှိနေသည့် အချက် ၃၁ချက်အား ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။
''ကျန်ရှိနေတဲ့၃၁ချက်ကို အပြီး သတ်ဆွေးနွေးဖို့ကြိုးစားသွားမှာပါ။ အပြီးသတ်ဆွေးနွေးပြီးတာနဲ့ နှစ်လ တာအတွင်းမှာ အပစ်အခတ်ရပ်စဲ ရေး စာချုပ်လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေပါတယ်''ဟုမြန်မာငြိမ်းချမ်း ရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
ယနေ့အချိန်အထိအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းအား အတည် ပြုနိုင်ရေး အတွက် အစိုးရအဖွဲ့ UPWC နှင့် တိုင်းရင်းသား အဖွဲ့ NCCT တို့ကြား ဆွေးနွေး ရန်အချက် ပေါင်း ၃၁ချက်ကျန်ရှိသေးသော်လည်း လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရမည့်နိုင်ငံရေးဆွေး နွေးပွဲ အား ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်ရန် အစိုးရအနေဖြင့် ဆန္ဒရှိကြောင်း UPWC အဖွဲ့ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးအောင်မင်း က ပြောကြားထားသည်။
လက်ရှိကျန်ရှိနေသည့်ကိစ္စရပ် များမှာ ဖက်ဒရယ်အရေးနှင့်ပတ်သက် သည့် ကိစ္စရပ်များနှင့်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်ကြောင်း သိရသည်။
Democracytoday‬

No comments:

Post a Comment