Tuesday, August 5, 2014

ပြည်ပမှ ၀င်ရောက်နေသည့် နို့မှုန့်များကြောင့် ပြည်တွင်းနို့စားနွားမွေးမြူသူများအခက်တွေ့

 ပြည်ပမှ ၀င်ရောက်နေ သည့် နို့မှုန့်များကို အသုံးပြုမှုများ လာသောကြောင့် ပြည်တွင်းနို့စား နွားမွေးသူများ နွားနို့ဈေးကျခြင်း နှင့် နွားနို့ဝယ်သူမရှိခြင်းစသည့် အခက်အခဲများ  ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်များတွင်   ပြည်ပမှ ၀င်ရောက်လာသည့် နို့မှုန့်များကို အသုံးပြုနေရာ ပြည်တွင်းနို့စား နွားမွေးမြူသူများ အခက်တွေ့ နေရခြင်းဖြစ်သည်ဟု ကျောက် ဆည်ခရိုင်အတွင်းမှ နွားမွေးမြူသူ များကပြောသည်။‘‘နွားမွေးမြူရေးသမားတွေ အခက်အခဲဖြစ်နေတာ ခြောက်လ လောက်ရှိပြီ။ နို့ချက်လုပ်ငန်း တွေကပါ နွားနို့အစစ်မသုံးတော့ ဘူး။ နို့မှုန့်နဲ့ချက်တာက သူတို့ အတွက် ပိုအဆင်ပြေတယ်တဲ့။ တချို့ရက်တွေ နွားနို့ဝယ်သူမရှိ တော့ နို့မညှစ်ဘဲ ဒီအတိုင်းနေရ တယ်’’ဟု မြစ်သားမြို့နယ် ဆည် ရွာမှ နို့စားနွားမွေးမြူသူ ဦးလှဝင်းကပြောသည်။
ယခင်က နေ့စဉ်ညှစ်ယူရရှိ သည့် နွားနို့များကို နို့ချက်စက်ရုံ များသို့ သွင်းခဲ့ရသော်လည်း ယခု အခါစက်ရုံများမှ နေ့စဉ်ပုံမှန်ဝယ် ယူခြင်းမရှိတော့သည့်အတွက် အခက်တွေ့နေရသည်ဟု ဆို သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ တံတား ဦးမြို့နယ်များတွင် နို့စားနွားမွေး မြူသူများပြားသည်။ လက်ရှိတွင် နွားနို့တစ်ပိဿာလျှင်ကျပ် ၆၅၀ ကျပ်ခန့်အထိ ဈေးကျသွားကြောင်း မြစ်သားမြို့နယ်မှ နွားမွေးမြူသူ များကပြောသည်။


‘‘ပြည်တွင်းက နွားမွေးမြူ ရေးသမားတွေ အဆင်ပြေဖို့ ပြည် ပက နို့မှုန့်တွေ ၀င်နေတာကို ထိန်းချုပ်ပေးစေလိုပါတယ်။ အခုဖြစ် နေတာက နို့ချက်စက်ရုံတွေ၊ ဆိုင် တွေက နွားနို့အစစ်မသုံးတော့ဘူး။ သမ္မတကြီးက နို့သောက်ဖို့ ပြော ပြီးမှ ကျွန်တော်တို့ နို့စားနွားမွေး တဲ့သူတွေ ပိုအခက်အခဲဖြစ်နေပါ တယ်။ အဲဒါကို တာဝန်ရှိသူတွေ သိစေလိုပါတယ်’’ဟု ဆည်ရွာမှ နို့စားနွားမွေးမြူသူ ဦးအောင်ဝင်း ကပြောသည်။

နွားနို့ဝယ်ယူသူ လျော့နည်း လာသည့်အတွက် နို့ဈေးကျသလို နွားဈေးများလည်း ကျနေ ကြောင်း၊ နွားမွေးမြူသူများအား ကြိုတင်ငွေထုတ်ပေးကာ နွားနို့ ပြန်ယူသည့် နို့ပွဲစားများလည်း အခက်တွေ့နေသည်ဟု ဆိုသည်။ပြည်တွင်းသို့ နယူးဇီလန်နိုင်ငံ ထုတ်တံဆိပ်ပါသည့် နို့မှုန့်များ အဓိက  ၀င်ရောက်နေကြောင်း သတင်းရရှိသည်။
7daydaily

No comments:

Post a Comment