Tuesday, August 5, 2014

Android ဖုန်း Home Screen တွင် Bookmark ပြုလုပ်ခြင်း

Android Device တွေပေါ်မှာ အသုံးပြုတဲ့ Web Browser တွေကနေ ကိုယ်နှစ်သက်တဲ့ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Bookmark ကို Home Screen မှာ ပြုလုပ်ထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။Home Screen မှာ Bookmark ပြုလုပ်ထားခြင်းဖြင့် ကိုယ် အမြဲတစ်စေ ကြည့်ရှုတတ်တဲ့ ၀က်ဘ်ဆိုက်တွေကို Home Screen ကနေ တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူရှာဖွေပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Home Screen မှာ Bookmark ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ကိုယ်အသုံးပြုနေတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။ အသုံးပြုတဲ့ Browser အမျိုးအစားပေါ်မူတည်ပြီးလည်း ပြုလုပ်လို့ရတဲ့နေရာ အနည်းငယ်ကွဲလွဲမှုလည်း ရှိမှာဖြစ်ပါတယ်။Firefox Browser ပေါ်က အသုံးပြုမယ်ဆိုရင် နှစ်သက်ရာ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Menu Button ကို နှိပ်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး Add to Home Screen ဆိုတာကို နှိပ်လိုက်ပြီး ကိုယ်သိမ်းချင်တဲ့ ၀က်ဘ်ဆိုက်ကို Homescreen မှာ Bookmark ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
အကယ်၍ Chrome Browser ပေါ်က အသုံးပြုမယ့်သူတွေအတွက်ဆိုရင်တော့ ကိုယ် Bookmark ပြုလုပ်ချင်တဲ့ ၀က်ဘ်ဆိုက်ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Menu ကို တစ်ချက်နှိပ်လိုက်ပါ။ Popup Menu တက်လာရင် Add to Home Screen ဆိုတာကို နှိပ်လိုက်တာနဲ့ ကိုယ့်ရဲ့ Home Screen မှာ Bookmark ကို အလွယ်တကူနဲ့ ပြုလုပ်ဖန်တီးနိုင်ပါပြီ။

No comments:

Post a Comment