Sunday, August 24, 2014

ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ

Photo: ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုးကို လီဗာကူဆင် တောင်ပံ ကစားသမား ဘယ်လာရာဘီ သွင်းယူ
Sunday, August 24, 2014 

ပြီးခဲ့သည့် စနေနေ့က ကစား ခဲ့သော ဒေါ့တ်မွန် အသင်းနှင့် လီဗာကူဆင် အသင်းတို့၏ ဘွန်ဒစ်လီဂါ အဖွင့် ပွဲစဉ်၌ လီဗာကူဆင် တောင်ပံ တိုက်စစ် ကစားသမား ကာရင် ဘယ်လာရာဘီ၏ ပွဲစပြီး ကိုးစက္ကန့် အကြာ တွင်ပင် သွင်းယူခဲ့ သောဂိုးမှာ ဘွန်ဒစ်လီဂါ သမိုင်းတွင် အမြန်ဆုံး သွင်းဂိုး အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

လီဗာကူဆင် အသင်းက ဒေါ့တ်မွန် အသင်း၏ အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရ ခဲ့သော ယင်းပွဲစဉ်၌ ဘယ်လာ ရာဘီမှာ ပွဲစတင်ပြီး ကိုးစက္ကန့် အကြာတွင် ပင် နောက်ခံလူ ဘိုနစ်၏ ဖန်တီးပေးမှု မှတစ်ဆင့် လီဗာကူဆင် အတွက် အဖွင့်ဂိုးကို သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ဘွန်ဒစ်လီဂါ ပြိုင်ပွဲ သမိုင်း၌ အမြန်ဆုံး သွင်းဂိုး အဖြစ် စံချိန်တင်ထား သူများမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဂျီယိုဗာနီ အယ်လ်ဘာနှင့် လီဗာကူဆင် တိုက်စစ်မှူး ကာစတန်တို့ ဖြစ်ပြီး ပွဲအစ ၁၁ စက္ကန့် အကြာတွင် သွင်းယူ ထားခြင်း ဖြစ်ကာ ဘယ်လာရာဘီ၏ သွင်းဂိုးက ၂ စက္ကန့် အသာဖြင့် အမြန်ဆုံး ဂိုးအဖြစ် စံချိန်သစ် တင်နိုင် ခဲ့ခြင်း ဖြစ်သည်။

ဒေါ့တ်မွန် အသင်းသည် အိမ်ကွင်း၌ ကစားရသည့် ယင်းအဖွင့် ပွဲစဉ်ကို အနိုင် ရရှိရန် ကြိုးစားခဲ့ သော်လည်း ချေပဂိုးများ သွင်းယူ နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လီဗာကူဆင် အတွက် ဘယ်လာ ရာဘီ၏ သွင်းဂိုးနှင့် ပွဲပြီးခါနီး နာကျင် အချိန်ပိုတွင် တိုက်စစ် ကစားသမား ကစ္စလင်း၏ သွင်းဂိုး များဖြင့် ၂ ဂိုးပြတ် ရှုံးနိမ့် ခဲ့ရသည်။

Ref: Daily Mail
Mizzima - News in Burmese

No comments:

Post a Comment