Monday, August 4, 2014

အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့

Photo: အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့
Monday, August 4, 2014

ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။
ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။

"ဂျီဟတ်ဝါဒီ တွေဟာ ဇူးမားမှာ ရှိတဲ့ ပက်ရှ်မာဂါ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ တိုက်ပွဲ ပေါ်ပေါက်ခဲ့ပါတယ်” ဟု အီရတ်၏ အဓိက ကာ့ဒ်ပါတီ ကြီး နှစ်ခုအနက် တစ်ခုဖြစ်သည့် မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိတစ်ဦးက ဆိုသည်။ ပက်ရှ်မာဂါ တပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ အရာရှိက အေအက်ဖ်ပီ ကို ပြောပြခဲ့သည်။ ထိုအရေအတွက်မှာ ကာ့ဒ်တပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုထားသော အရေအတွက်ဖြစ်သည်။

ထို့ပြင် ထိုနေရာ အနီးအနားရှိ ဆီးရီးယား နယ်ခြား ဒေသတစ်ခုတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲ တစ်ခုတွင်လည်း နောက်ထပ် ပက်ရှ်မာဂါ တပ်သား နှစ်ဦး သေဆုံး သွား ခဲ့သည်ဟု ဆိုသည်။ ပက်ရှ်မာဂါ တပ်သားများ အနေဖြင့် ISIS တပ်သား ၁၀၀ ဝန်းကျင်ခန့်ကို တိုက်ပွဲ အတွင်း သတ်ဖြတ် နိုင်ခဲ့ကြောင်းနှင့် ၃၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိက ဆိုသည်။

ပက်ရှ်မာဂါ တပ်ဖွဲ့သည် ဂျီဟတ်ဝါဒီ ISIS အဖွဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ဆုတ်ခွာခဲ့ရာ ISIS အနေဖြင့် Ain Zalah နှင့် Batma ရေနံမြေ နှစ်ခုအပါအဝင် ထိုဒေသတစ်ဝိုက်ကို သိမ်းယူသွားနိုင်ခဲ့ကြကြောင်း ပက်ရှ်မာဂါ အရာရှိများက ဆိုခဲ့ကြသည်။
mizzimaburmese ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊ ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။
ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။
"ဂျီဟတ်ဝါဒီ တွေဟာ ဇူးမားမှာ ရှိတဲ့ ပက်ရှ်မာဂါ စခန်းတစ်ခုကို တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ တိုက်ပွဲ ပေါ်ပေါက်ခဲ့ပါတယ်” ဟု အီရတ်၏ အဓိက ကာ့ဒ်ပါတီ ကြီး နှစ်ခုအနက် တစ်ခုဖြစ်သည့် မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိတစ်ဦးက ဆိုသည်။ ပက်ရှ်မာဂါ တပ်သား ၁၄ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ အရာရှိက အေအက်ဖ်ပီ ကို ပြောပြခဲ့သည်။ ထိုအရေအတွက်မှာ ကာ့ဒ်တပ်ဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုထားသော အရေအတွက်ဖြစ်သည်။
ထို့ပြင် ထိုနေရာ အနီးအနားရှိ ဆီးရီးယား နယ်ခြား ဒေသတစ်ခုတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲ တစ်ခုတွင်လည်း နောက်ထပ် ပက်ရှ်မာဂါ တပ်သား နှစ်ဦး သေဆုံး သွား ခဲ့သည်ဟု ဆိုသည်။ ပက်ရှ်မာဂါ တပ်သားများ အနေဖြင့် ISIS တပ်သား ၁၀၀ ဝန်းကျင်ခန့်ကို တိုက်ပွဲ အတွင်း သတ်ဖြတ် နိုင်ခဲ့ကြောင်းနှင့် ၃၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မျိုးချစ် ကာ့ဒစ်စတန် အစည်းအရုံးမှ အရာရှိက ဆိုသည်။
ပက်ရှ်မာဂါ တပ်ဖွဲ့သည် ဂျီဟတ်ဝါဒီ ISIS အဖွဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော်လည်း တနင်္ဂနွေနေ့တွင် ဆုတ်ခွာခဲ့ရာ ISIS အနေဖြင့် Ain Zalah နှင့် Batma ရေနံမြေ နှစ်ခုအပါအဝင် ထိုဒေသတစ်ဝိုက်ကို သိမ်းယူသွားနိုင်ခဲ့ကြကြောင်း ပက်ရှ်မာဂါ အရာရှိများက ဆိုခဲ့ကြသည်။
mizzimaburmese

No comments:

Post a Comment