Monday, August 25, 2014

ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း

 Photo: ပညာရေး ယန္တရားကြီး မည်သို့ ခရီးဆက်မည်နည်း
Monday, August 25, 2014

အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။

ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်သိမှု တာဝန် ယူမှု အလေ့အကျင့်ကောင်းများ မြှင့်တင်ရေး၊ ICT ကို သင်ကြားမှု၊ သင်ယူမှုတွင် တွင်ကျယ်စွာ အသုံးပြုရေး၊ စာသင်ဆောင်များ၊ ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ ကျောင်း သူအဆောင်များတွင် ရေ၊ မီးပြည့်စုံရေးနဲ့ သန့်ရှင်းသပ်ရပ်ရေး၊ ပညာရေးမြှင့်တင်မှု အကောင်အ ထည်ဖော်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘‘ကျောင်းက ပါချုပ်ကတော့ သောကြာနေ့ည နေပြည်တော်ကို ဆင်းသွားပြီး စနေနေ့ညတွင်းချင်း ပြန်လာတယ်လို့ သိရပါတယ်။ တနင်္လာနေ့ မနက်မှာ ကျောင်းမှာ ရှိတဲ့ ပါမောက္ခ၊ ဌာနမှူးတွေနဲ့ အစည်းအဝေးခေါ်ပြီး ၀န်ကြီးရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည် ပြောပြခဲ့တယ်။ ဌာနမှူးတွေက တစ်ဆင့် ဌာနမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ထပ်ဆင့်ပြောပြ ကြပါတယ်။ အဆင့်ဆင့်လိုက်နား ထောင်၊ ရေးမှတ်၊ ပြန်ပြောကြ တာဆိုတော့ ၀န်ကြီးရဲ့ မှာကြား လမ်းညွှန်မှု အတိမ်အနက်၊ ဆိုလို ရင်းနဲ့ ကွဲလွဲမှုအနည်းနဲ့ အများရှိ နိုင်ပါတယ်’’လို့ တက္ကသိုလ်ဆရာ တစ်ဦးက သုံးသပ်ပြပါတယ်။

‘‘ဌာနမှူးက ဌာနတွင်း အစည်းအဝေးခေါ်ပြီးတော့ ပြန် ပြောတဲ့အထဲမှာ ပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးအကျယ်တ၀င့်ပြောသွားတာ မရှိဘူး။ ပညာရေးဥပဒေတွေကို စဉ်းစားသုံးသပ်ဖို့ဆိုလား တစ်ခွန်းပဲကြားလိုက်ရတယ်။ သဲသဲကွဲကွဲတောင် မဟုတ်ဘူး။ ဆိုလိုတာက အဲဒါနဲ့ ပတ်သက်ပြီး အဓိကထားပြောမသွားဘူး။

‘‘တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ရေးဖြစ်တော့မယ်။ တာ ၀န်ကျနေရာ အပြောင်းအရွှေ့ တွေ မရှိတော့ဘူး။ ကိုယ့်တက္က သိုလ်မှာ  ၀င်ငွေရဖို့အတွက်  သင် တန်းတွေ ဖွင့်ရမယ်။ အလှူရှင်ရှာ ရမယ်။ ဘတ်ဂျက်ကို ငါးနှစ်စာ ဆွဲမယ်လို့လည်း ဆိုတယ်။ ကျောင်း သား၊ ကျောင်းသူကနေ ဆရာ၊ ဆရာမကို ပြန်လည်အမှတ်ပေး အကဲဖြတ်မယ့် QA (Quality Assurance) စနစ်ကျင့်သုံးမယ်လို့ လည်း ပြောပါတယ်။ ကျောင်း သား၊  ကျောင်းသူကိုယ်တိုင်  ကျောင်းအပ်ရမယ်လို့ ဆိုတယ်။ One Stop Service နဲ့ ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီ ကိစ္စတွေမှာ ဆရာ၊ ဆရာမတွေ မပတ်သက်ကြဖို့ သတိပေးပါ တယ်။ နောက်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်တက္ကသိုလ်၊ ကိုယ့်ကျောင်း လုံခြုံရေးအတွက် ကိုယ့်အိမ်လုံခြုံရေး ကိုယ်တာဝန် ယူရသလို သဘောထားရမယ်လို့ ပြောသွားပါတယ်’’လို့ ထပ်ပြီး ပြောပြပါတယ်။

ဆိုတော့ နေပြည်တော်မှာ ၀န်ကြီး အဓိကထားဆွေးနွေးတဲ့ ခေါင်းစဉ်အကြောင်းအရာနဲ့ အဆင့်မြင့်ပညာကဏ္ဍမှာ တာဝန် ထမ်းဆောင်နေကြတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေဆီ ရောက်လာတဲ့ ညွှန်ကြားချက်များက တစ်ထပ်တည်းကျပါ့မလား တွေးမိပါ တယ်။ ဆိုလိုတာက ပညာရေးအ တွက် အသက်တမျှ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေများ၊ နည်းဥပဒေ များနဲ့ ပတ်သက်ပြီး တက္ကသိုလ် ဆရာ၊ ဆရာမအများစု ဘာမှ မသိကြရဘူး ဖြစ်နေတယ်။

  အချိန်ယူ လေ့လာဖတ်ရှု အကြံပြုနိုင်အောင် ဝေငှပေးတာ မျိုးလည်း တက္ကသိုလ်အများစုမှာ မရှိဘူးလို့ သိရပါတယ်။ အမျိုး သားပညာရေး ဥပဒေမူကြမ်းတို့၊ အဆင့်မြင့်ပညာရေး ဥပဒေ ဒုတိယမူကြမ်းတို့ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေလက်ဆင့်ကမ်းရယူထားကြရတယ်လို့ ဆိုပါတယ်။ လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခွင့်၊ အကြံပြုမေးမြန်းခွင့်များကိုလည်း ဖန်တီးမပေးဘူးလို့ ပြောပြပါတယ်။

ဇူလိုင်လထဲတုန်းက ပညာ ရေး ၀န်ကြီးရုံးက စာအမှတ် ၁၂၀ ခွဲ ၁ (စ) ၂၀၁၄ (၄၁၅) နဲ့ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အလိုက် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ကိစ္စကို အကြောင်းကြားထားကြောင်း မိတ်ဆွေဆရာ တစ်ဦးက ပြောပြပါတယ်။

ကျောင်းတိုင်းမှာ တက္ကသိုလ်မိတ်ဆက်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဖို့၊ ပညာရပ်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ အနုပညာ ဆိုင်ရာ ရက်သတ္တပတ် သတ်မှတ် ၍ လှုပ်ရှားမှုများဆောင်ရွက်ဖို့၊ လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်တိုင်း စာသင်နှစ်ဖွင့်ပွဲ ပြုလုပ်ဖို့၊ အထက်ပါလှုပ်ရှား ဆောင်ရွက်မှုအားလုံးကို ရုပ်မြင် သံကြား၊ သတင်းစာ၊ ဂျာနယ်၊ စာ စောင်၊ မီဒီယာများမှာ ပါဝင် ရေးသားကြဖို့၊ လှုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်များကိုဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ယခုပညာသင်နှစ်ဝက်  ကာလအတွက် ပြက္ခဒိန်များ ရေးဆွဲတင်ပြဖို့များဖြစ်ကြောင်း ဆိုပါတယ်။

ဝန်ကြီးနဲ့တစ်ကွ အထက်လူ ကြီး တာဝန်ရှိသူများအနေနဲ့ မြန် မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ဥပဒေရေးရာကိစ္စများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စများကို အားစိုက်ကြိုးပမ်း လျက်ရှိကြပါတယ်။ သို့သော် လက်တွေ့ အကောင်အထည် ဖော် လှုပ်ရှားကြရမယ့် အောက် ခြေအဆင့်မှာ ပွဲလမ်းသဘင်များ၊ ပေါ်လစီဆိုင်ရာ အခမ်းအနားများ ကို ဦးစားပေးနေကြပါသေးတယ်။

ဥပမာ အခုဖွင့်လှစ်နေတဲ့ ပညာသင်ကာလအတွက်ဆိုရင် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ စာသင်ရက်စုစု ပေါင်း ၆၄ ရက်ပဲရှိပါတယ်။ ဇွန်လဆန်းမှာ တက္ကသိုလ်တွေစပြီးဖွင့်ပေမယ့် ကျောင်းသား၊ ကျောင်းသူ မစုံလင်တာရယ်၊ ပုံနှိပ်စာအုပ်ရောင်းပေးဖို့ အဆင်သင့်မဖြစ်ကြတာကြောင့် တက္ကသိုလ် အများစုမှာ ဇွန်လလယ်ခန့်ရောက်မှစပြီး စာသင်ကြရတာပါ။ စက်တင်ဘာလလယ်မှာ စာမေးပွဲတွေ စတင်ပါတယ်။ ဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ၊ အသင်း အဖွဲ့ဆိုင်ရာ၊ စီမံချက်ဆိုင်ရာပွဲ လမ်းသဘင်တွေကြောင့် စာသင်ပျက်ကြတဲ့ ရက်တွေလည်းရှိတယ်လို့ တတိယနှစ်ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

ဒီစာရေးရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းရှင်းပြောရရင်တော့ နေပြည်တော်မှာရှိတဲ့  ၀န်ကြီးအနေနဲ့နယ်က တက္ကသိုလ်တွေအထိ ကိုယ်တိုင်ဆင်း ပကတိအခြေအနေကို လေ့လာပြီး မှာကြားလမ်းညွှန်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ၀န်ကြီးရဲ့ အဓိကအရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေအထိ ဂဃနဏနားလည်သဘောပေါက်သိရှိအောင် စာနဲ့ဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှ ဖြစ်စေ အချိန်နဲ့အမျှ အသိပေးနိုင်ရင် ပိုပြီး အဆင်မပြေနိုင်ဘူးလားလို့ အကြံပြုချင်ပါတယ်။ ပိုပြီး ထိရောက်မှုရှိမယ်လို့ ထင်ပါတယ်။ ခုတော့ ၀န်ကြီးက တခြား၊ ဆရာ၊ ဆရာမတွေက သတ်သတ်ဖြစ်နေတယ်လို့ တချို့က သုံးသပ်ပြပါတယ်။ကျောင်းသား၊ ကျောင်းသူ များအနေနဲ့ ကြည့်မယ်ဆိုရင် လည်း ပညာရေးဆိုင်ရာ ဥပဒေ တွေ၊ ၀န်ကြီးနဲ့ ပါချုပ်တွေရဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ လုပ်ငန်းအစီအ စဉ်ဆိုတာတွေကို လောလော ဆယ်အခြေအနေနဲ့ ပြောရရင် အူရီးဒူးတို့၊  တယ်လီနောတို့ လောက် စိတ်မ၀င်စားကြဘူး။ သူတို့ တက္ကသိုလ်တွေမှာရှိတဲ့ Lab ခန်း၊ e-library ခန်း၊ ကွန်ပျူတာ ခန်းတွေက ပိတ်ထားတတ်တော့ အပြင်မှာ Wi-Fi Free အပြိုင်အ ဆိုင်ပေးနေတဲ့ လက်ဖက်ရည် ဆိုင်၊  စားသောက်ဆိုင်တွေမှာ ပိုပြီး  အချိန်ကုန်ခံနေတတ်ကြ တယ်။

ကျုပ်လည်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတစ်ဆင့်လမ်းညွှန်ထားတဲ့ ပညာရေးဝန် ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ကို ၀င် ကြည့်မိပါတယ်။ သတင်းတွေ၊ လုပ်ငန်းအစီအစဉ်တွေ၊ သုတေ သနစာတမ်းတွေ၊ မှာကြားချက် တွေ ဘာမှ Up to Date မဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသား ပညာရေးဥပဒေမူကြမ်းနဲ့ ပတ် သက်လို့လည်း အစိုးရရဲ့ တရားဝင်ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ရှာကြည့်မိပါတယ်။ တွေ့ရတာက မပြည့်စုံတဲ့ မူကြမ်းတစ်မျက်နှာနဲ့ လွဲမှားဖော်ပြထားတဲ့ ငွေကြေးခ၀ါချမှုဥပဒေတစ်မျက်နှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အတွက် ပညာ ရေးကဏ္ဍ အသက်တမျှ အရေး ကြီးနေချိန်မှာ ပညာရေးဝန်ကြီး ဌာနရဲ့ လျှို့ဝှက်ကိစ္စများမှအပ ကျန်သော သတင်းများ၊ ဆောင် ရွက်ချက်များကို ပြည်သူတွေသိ အောင် ချပြစေလိုပါတယ်။ ခု တော့ တိုင်းပြည်ရဲ့ ပညာရေး ယန္တရားမှာ ပါဝင်ခုတ်မောင်းခရီး နှင်နေကြတဲ့ ၀န်ထမ်းတွေ၊ ဆရာ၊ဆရာမတွေကိုယ်တိုင် သတင်း အချက်အလက်များကို အတိအကျမရဘဲ ဖြစ်နေသေးတာမဖြစ်သင့်တဲ့ အခြေအနေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။
7daydaily.com
အဆင့်မြင့်ပညာရေးကဏ္ဍ အရာရှိပညာရှင်တချို့နဲ့ ၀န်ထမ်းမိတ်ဆွေတချို့ရဲ့ ပြောကြားချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များကို အခြေခံပြီး ဒီစာကို ရေးလိုက်ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်ပညာရေးဝန်ကြီးရုံးမှာ ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အမျိုးသားပညာရေးဥပဒေ နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲနဲ့ ဆက်စပ်ဥပဒေများ၊ နည်း ဥပဒေများ၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲရေးနဲ့ ပတ်သက်ပြီး ကျင်းပခြင်းဖြစ်တယ်လို့ သြဂုတ် လ ၁၇ ရက်နေ့ထုတ် ကြေးမုံသ တင်းစာက ဖော်ပြပါတယ်။ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးအပါအ၀င် ဒုတိယ၀န်ကြီး တစ်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၇ ခုမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ တက် ရောက်တယ်လို့ သိရပါတယ်။
ဥပဒေရေးဆွဲရေးကိစ္စများ၊ တက္ကသိုလ်ပဋိညာဉ်တွင် ပညာ ရပ်ဆိုင်ရာ လွတ်လပ်မှု၊ ဘဏ္ဍာ ရေးဆိုင်ရာ လွတ်လပ်မှု၊ အုပ်ချုပ် ရေးဆိုင်ရာ လွတ်လပ်မှု၊ သင် ကြားရေးဝန်ထမ်းများ ခန့်ထားရေးဆိုင်ရာ လွတ်လပ်မှုတို့ကို ထည့် သွင်းရေးနဲ့ ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တာဝန်သိမှု တာဝန် ယူမှု အလေ့အကျင့်ကောင်းများ မြှင့်တင်ရေး၊ ICT ကို သင်ကြားမှု၊ သင်ယူမှုတွင် တွင်ကျယ်စွာ အသုံးပြုရေး၊ စာသင်ဆောင်များ၊ ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ ကျောင်း သူအဆောင်များတွင် ရေ၊ မီးပြည့်စုံရေးနဲ့ သန့်ရှင်းသပ်ရပ်ရေး၊ ပညာရေးမြှင့်တင်မှု အကောင်အ ထည်ဖော်ရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘‘ကျောင်းက ပါချုပ်ကတော့ သောကြာနေ့ည နေပြည်တော်ကို ဆင်းသွားပြီး စနေနေ့ညတွင်းချင်း ပြန်လာတယ်လို့ သိရပါတယ်။ တနင်္လာနေ့ မနက်မှာ ကျောင်းမှာ ရှိတဲ့ ပါမောက္ခ၊ ဌာနမှူးတွေနဲ့ အစည်းအဝေးခေါ်ပြီး ၀န်ကြီးရဲ့ လမ်းညွှန်ချက်တွေကို ပြန်လည် ပြောပြခဲ့တယ်။ ဌာနမှူးတွေက တစ်ဆင့် ဌာနမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို ထပ်ဆင့်ပြောပြ ကြပါတယ်။ အဆင့်ဆင့်လိုက်နား ထောင်၊ ရေးမှတ်၊ ပြန်ပြောကြ တာဆိုတော့ ၀န်ကြီးရဲ့ မှာကြား လမ်းညွှန်မှု အတိမ်အနက်၊ ဆိုလို ရင်းနဲ့ ကွဲလွဲမှုအနည်းနဲ့ အများရှိ နိုင်ပါတယ်’’လို့ တက္ကသိုလ်ဆရာ တစ်ဦးက သုံးသပ်ပြပါတယ်။

‘‘ဌာနမှူးက ဌာနတွင်း အစည်းအဝေးခေါ်ပြီးတော့ ပြန် ပြောတဲ့အထဲမှာ ပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးအကျယ်တ၀င့်ပြောသွားတာ မရှိဘူး။ ပညာရေးဥပဒေတွေကို စဉ်းစားသုံးသပ်ဖို့ဆိုလား တစ်ခွန်းပဲကြားလိုက်ရတယ်။ သဲသဲကွဲကွဲတောင် မဟုတ်ဘူး။ ဆိုလိုတာက အဲဒါနဲ့ ပတ်သက်ပြီး အဓိကထားပြောမသွားဘူး။

‘‘တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ရေးဖြစ်တော့မယ်။ တာ ၀န်ကျနေရာ အပြောင်းအရွှေ့ တွေ မရှိတော့ဘူး။ ကိုယ့်တက္က သိုလ်မှာ  ၀င်ငွေရဖို့အတွက်  သင် တန်းတွေ ဖွင့်ရမယ်။ အလှူရှင်ရှာ ရမယ်။ ဘတ်ဂျက်ကို ငါးနှစ်စာ ဆွဲမယ်လို့လည်း ဆိုတယ်။ ကျောင်း သား၊ ကျောင်းသူကနေ ဆရာ၊ ဆရာမကို ပြန်လည်အမှတ်ပေး အကဲဖြတ်မယ့် QA (Quality Assurance) စနစ်ကျင့်သုံးမယ်လို့ လည်း ပြောပါတယ်။ ကျောင်း သား၊  ကျောင်းသူကိုယ်တိုင်  ကျောင်းအပ်ရမယ်လို့ ဆိုတယ်။ One Stop Service နဲ့ ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီ ကိစ္စတွေမှာ ဆရာ၊ ဆရာမတွေ မပတ်သက်ကြဖို့ သတိပေးပါ တယ်။ နောက်လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်တက္ကသိုလ်၊ ကိုယ့်ကျောင်း လုံခြုံရေးအတွက် ကိုယ့်အိမ်လုံခြုံရေး ကိုယ်တာဝန် ယူရသလို သဘောထားရမယ်လို့ ပြောသွားပါတယ်’’လို့ ထပ်ပြီး ပြောပြပါတယ်။

ဆိုတော့ နေပြည်တော်မှာ ၀န်ကြီး အဓိကထားဆွေးနွေးတဲ့ ခေါင်းစဉ်အကြောင်းအရာနဲ့ အဆင့်မြင့်ပညာကဏ္ဍမှာ တာဝန် ထမ်းဆောင်နေကြတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမတွေဆီ ရောက်လာတဲ့ ညွှန်ကြားချက်များက တစ်ထပ်တည်းကျပါ့မလား တွေးမိပါ တယ်။ ဆိုလိုတာက ပညာရေးအ တွက် အသက်တမျှ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်ဥပဒေများ၊ နည်းဥပဒေ များနဲ့ ပတ်သက်ပြီး တက္ကသိုလ် ဆရာ၊ ဆရာမအများစု ဘာမှ မသိကြရဘူး ဖြစ်နေတယ်။

  အချိန်ယူ လေ့လာဖတ်ရှု အကြံပြုနိုင်အောင် ဝေငှပေးတာ မျိုးလည်း တက္ကသိုလ်အများစုမှာ မရှိဘူးလို့ သိရပါတယ်။ အမျိုး သားပညာရေး ဥပဒေမူကြမ်းတို့၊ အဆင့်မြင့်ပညာရေး ဥပဒေ ဒုတိယမူကြမ်းတို့ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာဖွေလက်ဆင့်ကမ်းရယူထားကြရတယ်လို့ ဆိုပါတယ်။ လွတ်လွတ်လပ်လပ် တင်ပြဆွေးနွေးခွင့်၊ အကြံပြုမေးမြန်းခွင့်များကိုလည်း ဖန်တီးမပေးဘူးလို့ ပြောပြပါတယ်။

ဇူလိုင်လထဲတုန်းက ပညာ ရေး ၀န်ကြီးရုံးက စာအမှတ် ၁၂၀ ခွဲ ၁ (စ) ၂၀၁၄ (၄၁၅) နဲ့ တက္က သိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အလိုက် ပညာရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ကိစ္စကို အကြောင်းကြားထားကြောင်း မိတ်ဆွေဆရာ တစ်ဦးက ပြောပြပါတယ်။

ကျောင်းတိုင်းမှာ တက္ကသိုလ်မိတ်ဆက်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဖို့၊ ပညာရပ်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ အနုပညာ ဆိုင်ရာ ရက်သတ္တပတ် သတ်မှတ် ၍ လှုပ်ရှားမှုများဆောင်ရွက်ဖို့၊ လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်တိုင်း စာသင်နှစ်ဖွင့်ပွဲ ပြုလုပ်ဖို့၊ အထက်ပါလှုပ်ရှား ဆောင်ရွက်မှုအားလုံးကို ရုပ်မြင် သံကြား၊ သတင်းစာ၊ ဂျာနယ်၊ စာ စောင်၊ မီဒီယာများမှာ ပါဝင် ရေးသားကြဖို့၊ လှုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်များကိုဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ယခုပညာသင်နှစ်ဝက်  ကာလအတွက် ပြက္ခဒိန်များ ရေးဆွဲတင်ပြဖို့များဖြစ်ကြောင်း ဆိုပါတယ်။

ဝန်ကြီးနဲ့တစ်ကွ အထက်လူ ကြီး တာဝန်ရှိသူများအနေနဲ့ မြန် မာ့ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ဥပဒေရေးရာကိစ္စများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စများကို အားစိုက်ကြိုးပမ်း လျက်ရှိကြပါတယ်။ သို့သော် လက်တွေ့ အကောင်အထည် ဖော် လှုပ်ရှားကြရမယ့် အောက် ခြေအဆင့်မှာ ပွဲလမ်းသဘင်များ၊ ပေါ်လစီဆိုင်ရာ အခမ်းအနားများ ကို ဦးစားပေးနေကြပါသေးတယ်။

ဥပမာ အခုဖွင့်လှစ်နေတဲ့ ပညာသင်ကာလအတွက်ဆိုရင် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၂ ရက်အထိ စာသင်ရက်စုစု ပေါင်း ၆၄ ရက်ပဲရှိပါတယ်။ ဇွန်လဆန်းမှာ တက္ကသိုလ်တွေစပြီးဖွင့်ပေမယ့် ကျောင်းသား၊ ကျောင်းသူ မစုံလင်တာရယ်၊ ပုံနှိပ်စာအုပ်ရောင်းပေးဖို့ အဆင်သင့်မဖြစ်ကြတာကြောင့် တက္ကသိုလ် အများစုမှာ ဇွန်လလယ်ခန့်ရောက်မှစပြီး စာသင်ကြရတာပါ။ စက်တင်ဘာလလယ်မှာ စာမေးပွဲတွေ စတင်ပါတယ်။ ဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ၊ အသင်း အဖွဲ့ဆိုင်ရာ၊ စီမံချက်ဆိုင်ရာပွဲ လမ်းသဘင်တွေကြောင့် စာသင်ပျက်ကြတဲ့ ရက်တွေလည်းရှိတယ်လို့ တတိယနှစ်ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။

ဒီစာရေးရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းရှင်းပြောရရင်တော့ နေပြည်တော်မှာရှိတဲ့  ၀န်ကြီးအနေနဲ့နယ်က တက္ကသိုလ်တွေအထိ ကိုယ်တိုင်ဆင်း ပကတိအခြေအနေကို လေ့လာပြီး မှာကြားလမ်းညွှန်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ၀န်ကြီးရဲ့ အဓိကအရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဆရာ၊ ဆရာမတွေ၊ ၀န်ထမ်းတွေအထိ ဂဃနဏနားလည်သဘောပေါက်သိရှိအောင် စာနဲ့ဖြစ်စေ၊ ပညာရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှ ဖြစ်စေ အချိန်နဲ့အမျှ အသိပေးနိုင်ရင် ပိုပြီး အဆင်မပြေနိုင်ဘူးလားလို့ အကြံပြုချင်ပါတယ်။ ပိုပြီး ထိရောက်မှုရှိမယ်လို့ ထင်ပါတယ်။ ခုတော့ ၀န်ကြီးက တခြား၊ ဆရာ၊ ဆရာမတွေက သတ်သတ်ဖြစ်နေတယ်လို့ တချို့က သုံးသပ်ပြပါတယ်။ကျောင်းသား၊ ကျောင်းသူ များအနေနဲ့ ကြည့်မယ်ဆိုရင် လည်း ပညာရေးဆိုင်ရာ ဥပဒေ တွေ၊ ၀န်ကြီးနဲ့ ပါချုပ်တွေရဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ၊ လုပ်ငန်းအစီအ စဉ်ဆိုတာတွေကို လောလော ဆယ်အခြေအနေနဲ့ ပြောရရင် အူရီးဒူးတို့၊  တယ်လီနောတို့ လောက် စိတ်မ၀င်စားကြဘူး။ သူတို့ တက္ကသိုလ်တွေမှာရှိတဲ့ Lab ခန်း၊ e-library ခန်း၊ ကွန်ပျူတာ ခန်းတွေက ပိတ်ထားတတ်တော့ အပြင်မှာ Wi-Fi Free အပြိုင်အ ဆိုင်ပေးနေတဲ့ လက်ဖက်ရည် ဆိုင်၊  စားသောက်ဆိုင်တွေမှာ ပိုပြီး  အချိန်ကုန်ခံနေတတ်ကြ တယ်။

ကျုပ်လည်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတစ်ဆင့်လမ်းညွှန်ထားတဲ့ ပညာရေးဝန် ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ကို ၀င် ကြည့်မိပါတယ်။ သတင်းတွေ၊ လုပ်ငန်းအစီအစဉ်တွေ၊ သုတေ သနစာတမ်းတွေ၊ မှာကြားချက် တွေ ဘာမှ Up to Date မဖြစ်တာကို တွေ့ရပါတယ်။ အမျိုးသား ပညာရေးဥပဒေမူကြမ်းနဲ့ ပတ် သက်လို့လည်း အစိုးရရဲ့ တရားဝင်ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ရှာကြည့်မိပါတယ်။ တွေ့ရတာက မပြည့်စုံတဲ့ မူကြမ်းတစ်မျက်နှာနဲ့ လွဲမှားဖော်ပြထားတဲ့ ငွေကြေးခ၀ါချမှုဥပဒေတစ်မျက်နှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အတွက် ပညာ ရေးကဏ္ဍ အသက်တမျှ အရေး ကြီးနေချိန်မှာ ပညာရေးဝန်ကြီး ဌာနရဲ့ လျှို့ဝှက်ကိစ္စများမှအပ ကျန်သော သတင်းများ၊ ဆောင် ရွက်ချက်များကို ပြည်သူတွေသိ အောင် ချပြစေလိုပါတယ်။ ခု တော့ တိုင်းပြည်ရဲ့ ပညာရေး ယန္တရားမှာ ပါဝင်ခုတ်မောင်းခရီး နှင်နေကြတဲ့ ၀န်ထမ်းတွေ၊ ဆရာ၊ဆရာမတွေကိုယ်တိုင် သတင်း အချက်အလက်များကို အတိအကျမရဘဲ ဖြစ်နေသေးတာမဖြစ်သင့်တဲ့ အခြေအနေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ဗျာ။
7daydaily.com

No comments:

Post a Comment